Chapter (437)"မခေါ်ဘဲလာသည့်ဧည့်သည်"

227 20 0
                                    

Chapter (437)

“မခေါ်ဘဲလာသည့်ဧည့်သည်”

“အဟွတ် အဟွတ် . . .”

ရဲရှောင်ခေါင်းငုံ့သွားရင်း -

(ဒီလူကြီး ကြည့်ရတာ စိတ်ဆိုးနေပုံပဲ။ သူ့ကိုသွားမရှုပ်တာ ပိုကောင်းမယ် . . .)

“ဒီနှစ်ရက်အတွင်း ထူးခြားမှု ရှိခဲ့တယ်ကွ။ ချင်းယန်နယ်ပယ်က ရဲမျိုးနွယ် လာသွားတယ် . . .”

“ငါသူတို့ကို မောင်းထုတ်လိုက်ပါပြီ . . .”

ဆောင်ဂျု ရဲရှောင်အား စိုက်ကြည့်ရင်း ပြောလိုက်သည်။ ထို့နောက် ဆောင်ဂျုသည် နှုတ်ခမ်းအား မဲ့လိုက်ပြန်သည်။

“ခင်ဗျားဒဏ်ရာ ရသွားသေးလား . . .”

ရဲရှောင် အံ့ဩတကြီးဖြင့် မေးလိုက်သည်။ ဆောင်ဂျုနှင့် ပတ်သက်၍ တစ်ခုခု မှားယွင်းနေသည် ကိုလည်း သတိပြုမိလိုက်သည်။

“ဟမ့် . . .”

“ဘာများဖြစ်ရမှာလဲ၊ အေးဆေးပါ . . .”

ဆောင်ဂျု မကျေမနပ်ဖြင့် ရေရွတ်လိုက်သည်။

“ဒဏ်ရာပြင်းပြင်း မပြင်းပြင်း အရင်စစ်ဆေးကြည့်တာ ပိုကောင်းမယ် . . .”

ရဲရှောင်လည်း အပိုစကားများ ထပ်ပြောမနေတော့ဘဲ ဆောင်ဂျုအား ထိုင်စေလိုက်ပြီးနောက် အဝတ်များ ချွတ်စေလိုက်သည်။

ထိုအခါ ကျောကုန်းမှ ဝတ်ရုံအား မတင်လိုက်သောအခါ အရိုက်ခံရသည့် အရှိုးရာများစွာအား တွေ့လိုက်ရလေသည်။

“ပြင်းပြင်းထန်ထန် မဟုတ်ဘူးမလား၊ နည်းနည်း အရိုက်ခံလိုက်ရတာပါ . . . ကျွတ် ကျွတ် . . .”

“ငါ့လူတစ်ယောက်လည်း ပါတယ်ကွ . . .”

ဆောင်ဂျု နာကျင်စွာဖြင့် ရေရွတ်လိုက်သည်။

“ဒါကမပြင်းဘူးတဲ့လား . . . ခင်ဗျားကို တုတ်နဲ့ ရိုက်ခဲ့တာလေ၊ ခင်ဗျားလူ ဟုတ်လား၊ ဘယ်သူလဲ၊ ခင်ဗျားဘာတွေ ပြောနေတာလဲ ဦးလေးဆောင် . . . ကိုယ်ပြောနေတဲ့ အကြောင်းကိုတောင် ကိုယ်သိရဲ့လား။ ကျုပ်ကို စိတ်ရှုပ်အောင် ပြောနေတော့တာပဲ . . .”

ရဲရှောင် ဆောင်ဂျူ၏ ဒဏ်ရာများအား ကြည့်ရင်း စိတ်ရှုပ်ထွေးနေမိသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now