Chapter - 258"ပျော်ရွှင်သွားသောဥ"

266 25 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 258

“ပျော်ရွှင်သွားသောဥ”

အလွန်ကို့ရို့ကားယားနိုင်သော အခြေအနေပင်ဖြစ်ပြီး ဝိညာဉ်တော်ချီဓာတ်များသည် ရဲရှောင်ထံသို့ တိုးဝင်လာနေလေသည်။ သို့သော် ထိုအချက်သည် ကောင်းသောအချက်ပင်ဖြစ်ကြောင်း ရဲရှောင် သဘောပေါက်လိုက်သည်။

ဝိညာဉ်တော်ချီဓာတ်များသည် တကူးတက စုပ်ယူနေစရာမလိုဘဲ မုန်တိုင်းထန်နေသကဲ့သို့ပင် အရှိန်အဟုန်အပြည့်ဖြင့် တိုးဝင်လာနေကြသည်။ ရဲရှောင်အနေဖြင့် ထွေထွေထူးထူး လုပ်နေစရာမလိုဘဲ ထိုင်နေရုံပင် ဖြစ်သည်။

ရဲရှောင်ဘက်မှ စုစည်း၊ ချေဖျက်၍ သန့်စင်ရုံပင် ဖြစ်သည်။

ဝိညာဉ်တော်ချီဓာတ်များ ဝင်ရောက်နေမှုသည် မြန်ဆန်လွန်းလှသဖြင့် ရဲရှောင်ပင် လိုက်မမီနိုင်အောင် ဖြစ်နေခဲ့သည်။ အကယ်၍ သန့်စင်ခြင်းလုပ်ငန်းစဉ်သည် အနည်းငယ် နောက်ကျခဲ့ပါက ရဲရှောင်၏ ခန္ဓာကိုယ်တစ်ခုလုံးပင် ပေါက်ကွဲသွားနိုင်ပေသည်။ ဝိညာဉ်တော်ချီဓာတ်များသည် သွေးကြောများထဲထိပင် စီးဆင်းလျက်ရှိသည်။ ရဲရှောင်လည်း ရှည်ရှည်ဝေးဝေး စဉ်းစားချိန်ပင် မရတော့ဘဲ သန့်စင်ချေဖျက်၍သာ နေရတော့သည်။ အဆိုပါချီဓာတ်များသည် မည်သည့်အခါမျှ အဆုံးမသတ်တော့မည့်အလား စီးဆင်းနေကြသည်။

“ဒီနေရာက ကောင်းလှချည်လား . . .”

ရဲရှောင်၏ စိတ်ထဲတွင် အလွန်အံ့ဩ တုန်လှုပ်နေမိသည်။ လက်ရှိ သူထိုင်ထားသည့် နေရာသည် ဥ၏ နေရာဖြစ်သည့်အတွက် သာမန်နေရာတစ်ခု မဟုတ်မှန်း အစကတည်းပင် သိရှိထားခဲ့သည်။ သို့သော် ယခုကဲ့သို့ မျှော်လင့်ထားသည်ထက်ပင် ပို၍ အံ့သြစရာ ကောင်းနေမည်မှန်း ထင်မှတ်မထားခဲ့မိချေ။

(တော်တော်အရေးမပါတဲ့ဥပဲ၊ ဒီလိုနေရာမှာ အကြာကြီး ရှိနေခဲ့တော့ ဒီကောင် ဘယ်လောက်ထိတောင် ဝိညာဉ်တော်ချီဓာတ်တွေကို စုပ်ယူပြီးပြီလဲ မသိဘူး။ ပမာဏတော်တော်ကို များနေလောက်ပြီ။ စကြဝဠာကြီးတစ်ခုလုံးမှာ ရှိတဲ့ ချီဓာတ်တွေထက်တောင် များနိုင်ဦးမယ် . . .)

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားDove le storie prendono vita. Scoprilo ora