Chapter - 357"တိုးတက်မှုမရှိခြင်း"

229 17 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 357

“တိုးတက်မှုမရှိခြင်း”

“အခု ဘယ်လိုဆက်လုပ်ကြမလဲ . . .”

လောင်မျိုးနွယ်မှ သက်လတ်ပိုင်းအရွယ်ခန့်ရှိသည့် လူတစ်ဦးသည် လေးနက်စွာ မေးလိုက်သည်။

“အခု အခြေအနေတွေက ရှင်းနေပြီလေ။ ဂိုဏ်းကြီး ၂ ခုရဲ့ ရည်ရွယ်ချက်ကို သိရဖို့အတွက် လူတစ်ဒါဇင်လောက် စတေးခဲ့ကြပြီးပြီ။ ဒီလို ဆက်လုပ်နေမယ်ဆိုရင် ပိုဆိုးလာဖို့ပဲ ရှိတော့တယ်။ ဒီတစ်ခေါက်က အားလုံး ဒုက္ခရောက်နေကြရတာ။ ဘယ်သူမှ မလွတ်မြောက်နိုင်ဘူး။ ကျုပ်တို့တွေ သေချာတိုင်ပင် ဆွေးနွေး ညှိနှိုင်းဖို့ လိုမယ်။ ဒီအခက်အခဲကို ကျော်လွှားနိုင်ဖို့အတွက် ဝိုင်းပြီး စဉ်းစားကြတာပေါ့ . . .”

အခန်းထဲရှိ လူများ အားလုံးသည် တိတ်ဆိတ်ငြိမ်သက်စွာ နားထောင်နေကြသည်။

အားလုံးစုပေါင်း၍ အဖြေရှာကြရမည် ဆိုသည်ကို သိကြသည့်တိုင် လက်တွေ့ကျသော အဖြေအား မစဉ်းစားနိုင်ကြချေ။

ထိုလူများအားလုံးသည် ဒေါသ အလွန်အမင်း ထွက်နေကြပြီ ဖြစ်သည်။ သို့သော် မျက်လုံးများထဲတွင် မူ စိတ်ပျက်အားငယ်နေသည့် အရိပ်အယောင်များ ပေါ်လွင်လျက် ရှိသည်။ လက်ရှိ ရင်ဆိုင်နေရသည့်အခြေအနေအား ရင်ဆိုင်နိုင်ရန်အတွက် နည်းလမ်းရှာမတွေ့နိုင်အောင်လည်း ဖြစ်နေကြသည်။

တည်းခိုဆောင်တွင် ရှိနေကြသည့် လူများအားလုံးသည် သက်ဆိုင်ရာ မျိုးနွယ်စုများ၏ အားအကိုးရဆုံး လူများပင် ဖြစ်သည်။ ကောင်းကင်အဆင့်သို့ပင် ရောက်ရှိနေကြသည့် ထိပ်တန်းပညာရှင်များပင် ဖြစ်ကြသည်။

သို့သော် ဂိုဏ်းကြီး ၂ ခုကိုမူ မည်သူမျှ ရင်မဆိုင်နိုင်ကြချေ။

“ဒီတစ်ခေါက်တော့ ငါတို့ တကယ်ကို ကူရာမဲ့ ကယ်ရာ မဲ့ဖြစ်နေပြီ . . .”

အဘိုးကြီးတစ်ဦးမှ သက်ပြင်းချ၍ ပြောလိုက်သည်။

“ငါတို့တွေ အတူတူ စုပေါင်း တိုက်ခိုက်လိုက်ကြမယ် ဆိုရင်တော့ မြို့ထဲက ထွက်နိုင်ရင် ထွက်နိုင်လိမ့်မယ်။ ဒါပေမယ့် ဒီလို တိုက်ပွဲဖြစ်ပြီးသွားရင် ဖြစ်လာမယ့် အရာတွေက ငါတို့ ရင်ဆိုင်နိုင်လောက်မယ့် အရာမျိုးတွေ မဟုတ်ဘူး။ ဒီလိုလည်း ထိုင်မစောင့်ချင်တော့သလို ရှေ့ဆက်တိုးဖို့ကလည်း မဖြစ်နိုင်ဘူး။ လမ်းမှာပိတ်နေတဲ့ ကျောက်တုံးကို ဖယ်ချင်ဖယ်လိုက်နိုင်ပေမယ့် ကျောက်တုံးအောက်မှာ ရှိနေမယ့် မြွေက ငါတို့ ရင်ဆိုင်နိုင်မယ့် အရာမျိုး မဟုတ်ဘူး . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now