Chapter (485)"အံ့ဩတုန်လှုပ်ခြင်း"

232 24 0
                                    

Chapter (485)

“အံ့ဩတုန်လှုပ်ခြင်း”

“ဘာဖြစ်လို့လဲ . . . အဲဒီ မန်ဟွာချင်းဆိုတာ ခင်ဗျားတို့ဆီမှာ နာမည်ကြီးလို့လား . . .”

“ခင်ဗျားအမူအယာ ကြည့်ရသလောက် ဆရာမ မန်ဟွာချင်း နာမည်ကြီးတယ်ထင်တယ် . . .”

ရဲရှောင် တအံ့တဩဖြင့် မေးလိုက်သည်။

ရဲရှောင်၏ စိတ်ထဲတွင် မန်ဟွာချင်းသည် နာမည်ကြီးတစ်ယောက် ဖြစ်လေလေ သူ့အတွက် ကောင်းလေလေ ဟုလည်း တွေးနေမိသည်။

နာမည်ကြီး ဖြစ်သည်နှင့်အညီ ထိုနယ်ပယ်တွင် သူမ၏ ဩဇာအာဏာသည်လည်း များစွာ သက်ရောက်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် စုယဲ့ယွဲ့အတွက်လည်း အထောက်အပံ့ များများ ရနိုင်မည် မဟုတ်ပါလော။

(နာမည်ကြီးလို့လားလို့ မေးလိုက်တယ်ပေါ့ . . .)

လင်းဝုရှဲ့သည် အံ့ဩလွန်းသဖြင့် မျက်လုံးပြူးလျက် ပါးစပ်အဟောင်းသား ဖြစ်နေလေသည်။ နောက်ဆုံးတွင် သက်ပြင်းတစ်ချက် လေးလေးပင်ပင် ချလိုက်မိသည်။

“အဟွတ် . . . အဟွတ် . . . အဟွတ် . . .”

လင်းဝုရှဲ့သည် ဘာပြန်ပြောရမှန်း မသိတော့သဖြင့် ချောင်းသာဆိုးနေမိသည်။ ကျင့်ကြံမှုအဆင့် လွန်စွာမြင့်မားသည့် လူဖြစ်သည့်တိုင် သည်းသည်းထန်ထန် ချောင်းဆိုးသောကြောင့် မျက်ရည်များပင် ထွက်လာလေသည်။

(သူက ဘုရင်မလေ . . . အဲဒါတောင် နာမည်ကျော်လားလို့ မေးနေရသေးလား . . .)

(နာမည်ကျော်တယ် ဆိုတာထက်ကို ပိုသေးတယ်။ အရမ်းကို ကျော်ကြားတဲ့ လူတစ်ယောက်ပေါ့)

(နယ်မြေအရှင်သခင် တစ်ဦးရဲ့ မိန်းမပဲဟာ . . .)

(အဲဒါကို ကျော်ကြားတဲ့လူလားလို့ မေးနေစရာ လိုသေးလား . . .)

(သူက ဘိုင်ချန်ရဲ့ အမေ၊ မန်ဝုဇန်ရဲ့ အဒေါ်ပဲ . . .)

(အရှေ့ကောင်းကင်ဘုရင်ရဲ့ ချွေးမလေ၊ အနောက်ကောင်းကင်ဘုရင်ရဲ့ အစ်မကွ . . .)

(အဲဒီလောက်ဆို လုံလောက်ပြီလား . . .)

(စကြဝဠာထဲက ဘယ်သူမှ မန်ဟွာချင်းကို မဆန့်ကျင်ရဲဘူး။ အရှေ့ကောင်းကင်ဘုရင်ကို ဆန့်ကျင်ရဲတဲ့လူ ရှိချင်ရှိလိမ့်မယ်၊ ဒါပေမယ့် ဘုရင်နှစ်ပါးကိုတော့ ဘယ်သူက ဆန့်ကျင်ရဲမှာလဲ . . .)

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now