331 - 336

295 24 1
                                    

Chapter – 331
“တန်ဖိုးရှိသောခေါင်း”
“နောက်ပြီး ဒီတစ်ခေါက် လင်းပါအိုရဲ့ လေလံပွဲက ဒဏ္ဍာရီတွင်လောက်တဲ့
လေလံပွဲပဲ။ ချန်နိုင်ငံတော် ဘုရင်မင်းမြတ်ရဲ့ သဘောကျနှစ်ခြိုက်မှုကို
ရရှိခဲ့တယ်။ ဒါပေမဲ့ ကျုပ်တို့ ပေးလိုက်တဲ့ ၇၀ ဘီလီယံက တော်တော်ကြီး
ပြဿနာကြီးသွားစေတယ်။ န်ိုင်ငံ ၃ နိုင်ငံက စစ်ဖြစ်နေကြတယ်။ အခုကျုပ်တို့
လုပ်ရပ်က ကျုပ်တို့တွေ ချန်နိုင်ငံတော်ဘက်က ရပ်တည်တယ် ဆိုတာကို
ပြလိုက်သလိုပဲ။ ၇၀ ဘီလီယံကြောင့် ကျန်တဲ့နိုင်ငံ ၂ နိုင်ငံလည်း တော်တော်
စိတ်ဓာတ်ယိမ်းယိုင်သွားကြတယ်။ ဒေါသလည်း ထွက်သွားခဲ့ကြတယ်။
အဲဒါကြောင့်ပဲ အဲဒီနိုင်ငံ ၂ နိုင်ငံက လုပ်ကြံသတ်ဖြတ်ရေး ပညာရှင်တွေ
ကျုပ်တို့ အသက်ကို နုတ်ယူဖို့ လာနေကြပြီ . . .”
“နောက်ပြီး ချန်နိုင်ငံတော်က ကျုပ်တို့ကို မျက်နှာသာပေးတာ
ကျုပ်တို့အတွက်တော့ သေလမ်းကို ပို့ခံလိုက်ရသလိုပဲ . . .”
“လေလံပွဲကြောင့် မြို့ထဲမှာ ထိပ်တန်းပညာရှင် တစ်သောင်းကျော်
စုမိသွားခဲ့တယ်။ ဒီလေးငါးရက် အတွင်း ဘယ်သူမှ မြို့ထဲက မြို့ပြင်
မထွက်ကြဘူး။ အခုဆို စုစုပေါင်း ၃ သောင်းကျော်ပြီ။ ဒါနဲ့တင်
မဆုံးသေးဘူးနော်။ ထပ်လာကြဖို့လည်း ရှိသေးတယ် . . .” “ကျုပ်တို့ အဖွဲ့ရဲ့ စုံစမ်းမှုအရ န်ိုင်ငံ ၂ နိုင်ငံက လုပ်ကြံသတ်ဖြတ်ရေး
ပညာရှင်ပေါင်း ၅၀၀၀ ကျော်လောက်လည်း လာနေကြပြီ။ တချို့
ဆုကြေးကိုမက်လို့ လာကြတဲ့ လူတွေတောင် ရှိသေးတယ်”
“လက်ရှိအခြေအနေအရ ချန်နိုင်ငတော်ကို ရန်သူတွေ ဝိုင်းနေတဲ့အတွက်
လင်းပါအိုကိုလည်း ရန်သူတွေ ဝိုင်းသွားခဲ့ပြီ။ သခင်လေးကိုတော့ လူတိုင်း
သတ်ချင်နေကြတာပေါ့ . . .”
“အခု ချန်ရှင်းမြို့တော်က ယမ်းတွေနဲ့ ပြည့်နေတဲ့ ပုံးတစ်ခုလိုပဲ။
ကြည့်တော့သာ ဘာမှမဖြစ်သလို တည်တည်ငြိမ်ငြိမ် ရှိနေတာ။
မီးစလေးတစ်စလောက်သာ ကျကြည့်ပါလား ပေါက်ကွဲထွက်သွားမှာ
သေချာတယ် . . .”
“သခင်လေးကို လူတိုင်း သတ်ချင်နေကြတယ်ဆိုတာ ရယ်စရာ ပြောတာ
မဟုတ်ဘူးနော်။ မော်တယ်ကမာ္ဘရဲ့ အလိုရှိဆုံး နာမည်စာရင်းမှာ သခင်လေးက
နံပါတ် ၁ ပဲ . . .”
လျူချန်းဂျန် စိတ်မကောင်းဟန်ဖြင့် ပြောလိုက်သည်။ ဆက်လက်၍ -
“ဖန်ဧကရာဇ်လို့ခေါ်တဲ့ ဖန်ဇီလင်ကို သတ်နိုင်ရင် အပြာရောင်လေ
နိုင်ငံတော်က ဘီလီယံဝက် ပေးမယ်လို့ ကြေညာထားတယ်။ ရှန်ယုနိုင်ငံနဲ့
နှစ်နိုင်ငံလုံးရဲ့ တော်ဝင်မျိုးနွယ်စုဝင်တွေကလည်း ဆုကြေးအသီးသီး
ထုတ်ထားကြတဲ့အတွက် တဖြည်းဖြည်း ဆုကြေးက တိုးလာနေပြီ။ အခုဆို
သခင်လေးရဲ့ ခေါင်းက ၂ ဘီလီယံ တန်နေပြီ။ ဆက်ပြီးလည်း ဈေးတိုးလာဖို့
ရှိတယ်။ စက္ကန့်တိုင်းမှာ ဆုကြေးက တိုးတိုးနေတယ်။ အခုဆို
သခင်လေးရဲ့ခေါင်းကို မလိုချင်တဲ့ လုပ်ကြံသတ်ဖြတ်ရေးသမား ဆိုတာ
မရှိတော့ဘူး . . .”
လျူချန်းဂျန် လက်ရှိ အခြေအနေများနှင့် ပတ်သက်ပြီး ရှင်းပြလိုက်သည်။
ရဲရှောင်မှာမူ ဆွံ့အလျက် ရှိနေလေ၏။ (ငါ့ဟာငါ ပိုက်ဆံရှာနေတာနဲ့ပဲ ဒီလောက်ထိ ဖြစ်သွားရလား . . . ဒီလို
အခြေအနေတွေ ရှုပ်ထွေးနေတာ ဘယ်လိုရှင်းရပါတော့မလဲ . . .)
“ကျုပ်ခေါင်းက ဒီလောက်ထိ တန်ဖိုးရှိနေလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး။
ကျုပ်က ချန်နိုင်ငံသား တစ်ယောက် ဖြစ်အောင် ကြိုးစားပြီး ကျုပ်ရဲ့
နိုင်ငံအတွက် လှူဒါန်းမှုလေး လုပ်လိုက်တဲ့ သဘောပါပဲ။ ဘာကြောင့်
လူတိုင်းက ကျုပ်ကို ဦးတည်လာနေရတာလဲ . . .”
ရဲရှောင် မေးစေ့အား ပွတ်သပ်ရင်း ရေရွတ်လိုက်သည်။
“ဆုကြေးကလည်း တော်တော်ကို မြင့်နေတာပဲ။ ကိုယ့်ခေါင်းတောင်ကိုယ်
ဖြတ်ချင်လာပြီ . . .”
လျူချန်းဂျန် ဆွံ့အသွားပြီး ဘာပြောရမှန်းပင် မသိတော့ချေ။
သာမန်လူတစ်ယောက်သာ သူ့ကို ထိုမျှလောက်ထိ
ဆုကြေးထုတ်ခံထားရမည်ကို သိလျှင် သေလောက်အောင်
ကြောက်ရွံ့ထိတ်လန့် သွားပေလိမ့်မည်။ အနည်းဆုံးတော့ တုန်လှုပ်သွားမှာ
အသေအချာပါပင်။
သို့သော် ဖန်ဧကရာဇ်၏ ပုံစံမှာမူ အနည်းငယ် အူမြူးနေသလိုပင်
ဖြစ်နေသည်ကို လျူချန်းဂျန် တွေ့နေရ၏။ တမင်ဟန်လုပ်နေခြင်းမျိုးလည်း
မဟုတ်ချေ။
(သူ့ဦးနှောက်ထဲ ဘာတွေများ စဉ်းစားနေပါလိမ့်။ တခြားလူတွေနဲ့
လုံးလုံးကို မတူပါလား . . .)
“၂ ဘီလီယံ . . . လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်ယောက်သာ
ကျုပ်ခေါင်းကို ဖြတ်နိုင်မယ်ဆို သူတကယ်ပဲ အဲဒီဆုကြေးကို ရမှာလား။
အဲဒီလောက် ပမာဏအများကြီးကို သူနဲ့အတူ သယ်သွားနိုင်မှာလား၊
ရခဲ့တယ်ပဲထားဦး သူဘယ်လိုများ သုံးစွဲမှာပါလိမ့် . . .”
ရဲရှောင် စိတ်မကောင်းဟန်ဖြင့် ပြောလိုက်သည်။ သူ့ခေါင်းကိုဖြတ်၍
ဆုကြေးထုတ်ယူမည့် လူကိုပင် သနားနေဟန် ရှိ၏။ လျူချန်းဂျန် ပါးစပ်အဟောင်းသားဖြစ်လျက် ဆွံ့အလျက်ရှိသည်။
“ဒီတော့ ကိုယ့်ခေါင်းကိုယ်ဖြတ်ဖို့ပဲ ဆုံးဖြတ်လိုက်ပြီ။ ဒီလိုဆို ဘယ်သူမှ
ကျုပ်ပြောတဲ့ ပြဿနာကို ဖြေရှင်းစရာ လိုတော့မှာ မဟုတ်ဘူး . . .”
ရဲရှောင် လေးလေးနက်နက် ပြောလိုက်သည်။
သူသည် ထိုကဲ့သို့ မထူးခြားသလို ပြောလိုက်သော်လည်း စိတ်ထဲတွင်မူ
လက်ရှိအခြေအနေအား မည်သို့ ရင်ဆိုင်ရမလဲ ဆိုသည်ကိုသာ စဉ်းစားလျက်
ရှိနေ၏။
စိတ်ထဲ အတော်ကြီး ရှုပ်ထွေးနေပြီ ဖြစ်၏။
ပိုက်ဆံရရန် လုပ်လိုက်သော လေလံပွဲသည် လင်းပါအိုနှင့် သူ့ကို
ဒုက္ခတွင်းထဲသို့ ပို့ဆောင်လိုက် စေမည်ဟု မထင်ထားခဲ့မိချေ။
(အင်း . . . စောင့်ကြည့်နေကြဦးပေါ့၊ ဆုကြေးအများကြီးပေးလို့
ဖန်ဇီလင်ဆိုတဲ့ ငါ့ရဲ့ခေါင်းကို ဖြတ်ချင်နေကြတယ်။ လူတိုင်းကလည်း
သတ်ဖြတ်အလုယူခံရမှာစိုးတော့ မြို့က မထွက်ခွာရဲကြဘူး။ ဒါက
ဖြစ်ရိုးဖြစ်စဉ်ပဲ ထားပါတော့။
ဒါပေမဲ့ ဒီအင်အားစုတွေက ဘာကြောင့် လင်းပါအိုကို
အာရုံစိုက်နေကြတာလဲ။ ဒါကတော့ မဟုတ်သေးဘူး။ ပထမအချက် အနေနဲ့
လင်းပါအိုမှာ ထူးခြားအစွမ်းထက် ဆေးလုံးတွေ မရှိတော့ဘူး။ ဘာမှ
တန်ဖိုးကြီးတာမှ မရှိတော့တာ။ ပိုအရေးကြီးတဲ့ ဒုတိယအချက်က
လေလံပွဲပြီးတော့ လူတိုင်း လင်းပါအိုနဲ့ မုန်တိုင်းအိမ်တော် ပနံသင့်ကြတယ်
ဆိုတာကို သိသွားကြမှာပဲ။ မဟာမိတ်တွေလို့တောင်
ထင်ချင်ထင်နိုင်သေးတယ်။ သခင်ကြီးဘိုင်နဲ့ ဝမ်အာတို့ ဂိုဏ်းကြီး ၂ ဂိုဏ်းကို
ပညာပေးသွားတယ်ဆိုတာ လင်းပါအိုကို မျက်နှာသာပေးလိုက်ခြင်း ဆိုတာ
လူတိုင်းနားလည်လောက်ပါတယ်။ မုန်တိုင်းအိမ်တော်ကို
အားလုံးကြောက်ကြရင် လင်းပါအိုကိုလည်း အနည်းဆုံးတော့
မနှောင့်ယှက်ဝံ့ရမှာ မဟုတ်ဘူးလား . . .) ရဲရှောင် အတွေးနယ်ချဲ့နေမိသည်။ တခဏအကြာ တစ်ခုခုကို
တွေးမိသွားဟန်ဖြင့် နာနာကျင်ကျင် ပြုံးလိုက်၏။
(သခင်ကြီးဘိုင်ဆိုတဲ့ မျိုးမစစ်ကောင်က ဒီလိုအခြေအနေတွေကို
ကြိုမြင်နေပုံပဲ။ တမင် ဒီလို အခြေအနေမျိုး ရောက်အောင် ဖန်တီးတာပဲ
ဖြစ်ရမယ်။ ငါ့ကို အလွယ်တကူ ကူညီပေးခဲ့တယ် ဆိုတာ မထူးဆန်းပါဘူး။
ဂိုဏ်းကြီး ၂ ဂိုဏ်းကို လက်ဗလာနဲ့ ထွက်သွားအောင်တောင် လုပ်ခဲ့သေးတယ်။
ဂိုဏ်းကြီး ၂ ဂိုဏ်းက ဘာမှ မရမှတော့ ဒီလို အခြေအနေမျိုး
သေချာပေါက် ဖြစ်လာမှာပေါ့ . . .)
မုန်တိုင်းအိမ်တော်၏ ပယောဂကြောင့်ဆိုတာကို ရဲရှောင် လုံးဝကို
အတပ်သိလိုက်၏။
သခင်ကြီးဘိုင်တို့ဘက်မှ မုန်တိုင်းအိမ်တော်နှင့် လင်းပါအို မည်သို့မျှ
မသက်ဆိုင်ကြောင်း သတင်းလွှင့်ခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။
ထိုသို့သာ မဟုတ်ပါက လင်းပါအိုအား မည်သူမျှ မျက်စောင်းပင် ထိုးဝံ့မည်
မဟုတ်ကြချေ။
“တကယ့်ကို မြေခွေးအိုကြီးလို ဉာဏ်များတာပဲ . . .”
သခင်ကြီးဘိုင်၏ အမျှော်အမြင်ကြီးမှုနှင့် ကြံရည်ဖန်ရည်တို့အား
လိုက်မမီသေးကြောင်း ရဲရှောင် ဝန်ခံရပေလိမ့်မည်။ ရဲရှောင်လိုလူ ၅
ယောက်လောက် ပေါင်းလျှင်ပင် သခင်ကြီးဘိုင်၏ ဉာဏ်ရည်ကို
လိုက်မီနိုင်လောက်မည် မဟုတ်ပေ။
ယခုပြဿနာအား မည်သို့ ဖြေရှင်းရပါမည်နည်း . . .
ရဲရှောင်အား မည်သူ ကူညီ၍ ဖြေရှင်းပေးနိုင်ပါမည်နည်း . . .
ရဲရှောင် စဉ်းစားရင်း ရူးချင်သလို ဖြစ်လာလေ၏။
“ဝမ်ဇန်းဟိုကတော့ ဒီရက်တွေထဲမှာ ငရဲကျနေသလိုပဲ။ အချိန်မရွေး
လဲသွားနိုင်တဲ့ အခြေအနေ။ သူ့ခေါင်းကို ငွေစ သန်း ၃၀၀ သတ်မှတ်ထားတယ်။ဝမ်တစ်ယောက် နေ့တိုင်း သက်ပြင်းတွေ အခါခါချနေလေရဲ့။ သူလည်း
တော်တော်ကို စိတ်ဖိစီးနေပုံပဲ . . .”
“အခက်အခဲတွေ ဒုက္ခတွေဆိုတာ တစ်ခါတစ်ရံ အခွင့်အရေး
ဖြစ်လာနိုင်တယ်။ ဒါပြီးရင် ဝမ်လည်း ကိုယ်အလေးချိန်
တော်တော်ကျသွားလောက်တယ်။ ဒါ သူ့အတွက် အခွင့်အရေးပဲ မဟုတ်လား .
. .”
ရဲရှောင် ချောင်းတစ်ချက် ဟန့်လိုက်ရင်း ပြောလိုက်ပါတော့သည် . . .။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now