Chapter - 342"အိန္ဒြေရရ‌ နေကြပါ"

243 14 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 342

“အိန္ဒြေရရ‌ နေကြပါ”

ထိုပွဲသည် နေရောင်ဂိုဏ်း၏ နှစ်တစ်ထောင်ပြည့် အထိမ်းအမှတ်ပွဲပင် ဖြစ်သည်။ ထို့ကြောင့် အထိမ်းအမှတ်ပွဲအား အလွန်ကြီးကျယ် ခမ်းနားစွာ ပြုလုပ်ခဲ့လေသည်။ မခမ်းနား၍လည်း မရပေ နေရောင်ဂိုဏ်းဆိုသည်မှာ မော်တယ်ကမ္ဘာ၏ နံပတ် ၁ ပညာရှင် ခေါင်းဆောင်သော အဖွဲ့ပင် မဟုတ်ပါလော။ ထို့ကြောင့်ပင် ထိုပွဲအား ကမ္ဘာအရပ်ရပ်ရှိ ပညာရှင်များ မရေမတွက်နိုင်လောက်အောင် တက်ရောက်ခဲ့ကြ သည်။ သို့သော် ထိုလူများ အားလုံး၏ ရှေ့မှောက်မှာပင် အဆိုပါ နံပါတ် ၁ ပညာရှင်သည် ခွေးတစ်ကောင်ကဲ့သို့ ရိုက်ခံခဲ့ရသည်။

ထိုတိုက်ပွဲတွင် ဝမ်အာသည် အလွန်အမင်း အားစိုက်ခဲ့သည့် ပုံမပေါ်ချေ။ တိုက်ပွဲပြီးသည်နှင့် သူမသည် အရိပ်များစွာအဖြစ် ပြောင်းလဲသွားပြီး လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

ယခုအခါ ဒဏ္ဍာရီထဲမှ မင်းသမီး ဝမ်အာ ပြန်ပေါ်လာချေပြီ။ နေရောင်ဂိုဏ်း ရှိရာသို့ တန်းတန်းမတ်မတ် လာခဲ့ခြင်းပင် ဖြစ်သည်။

ယခင်တစ်ခေါက်ကဲ့သို့ပင် ဝမ်အာသည် ဂိုဏ်း၏ ထိပ်တန်းအဆင့် ပညာရှင်တစ်ဦးအား အလဲထိုးလိုက် ပြန်သည်။

သမိုင်းတစ်ပတ်လည်လာသလိုပါပင်။

ကွာခြားချက်ဟူ၍ ယခု အထိုးနှက်ခံလိုက်ရသည့် လူသည် ယခင်တိုက်ပွဲမှ ချန်ချင်းဇီထက် ဒဏ်ရာပိုမို ပြင်းထန်နေခြင်းပင် ဖြစ်သည်။

အခြားသော ပညာရှင် ၁၇ ယောက်မှာလည်း ကျောက်ရုပ်များကဲ့သို့ပင် ငြိမ်သက်စွာ ရပ်နေကြသည်။ ဟိတ်ဟန်အပြည့်ဖြင့် ရှိနေသော ဝမ်အားအား တုန်လှုပ်စွာ ကြည့်ရင်း စိတ်ထဲတွင် အလွန်ကြောက်ရွံ့နေမိကြသည်။

(သူဘာလာလုပ်တာပါလိမ့်။ ငါတို့အကုန်လုံးကို ရှင်းပစ်မလို့များလား။ ဒီလိုသာ တကယ်လုပ်မယ်ဆို လက်တစ်ဖက်တည်းနဲ့တောင် အားလုံးကို အသေသတ်ပစ်နိုင်လောက်တယ် . . .)

“နေရောင်ဂိုဏ်း . . . ရှင်တို့အခု ပါးစပ်ဖွာခြင်းရဲ့ အကျိုးကို သိပြီ မဟုတ်လား . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now