Chapter - 213 "ကျောက်စိမ်းအားဖြည့် ကြာပန်းပင်"

293 22 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 213

“ကျောက်စိမ်းအားဖြည့် ကြာပန်းပင်”

ရဲရှောင်လည်း အတွေးနယ်ချဲ့နေရာမှ ပိုင်ရှင်းယွဲ့၏ အသံအား ကြားလိုက်ရေသောအခါ ချက်ချင်းပင် လှည့်ကြည့်လိုက်ရင်း -

“ဒီကြာပန်းက ခင်ဗျားတို့ ပိုင်တဲ့ ဥစ္စာပဲ ကျုပ်ပြန်ပေးရမှာပေါ့ . . .”

ထို့နောက် ရဲရှောင်သည် သလင်းကျောက်ကဲ့သို့ တောက်ပသည့် အဖြူရောင် ကြာပန်းအား ထုတ်ပေး လိုက်သည်။ ကြာပန်း၏ အရိုးမှာမူ မည်းနေတုန်းပင် ဖြစ်သော်လည်း ပွင့်ဖတ်များမှာ ဖြူနေပြီဖြစ်သည်။ ဝတ်ဆံများသည်ပင် ဆွတ်ဆွတ်ဖြူလျက်ရှိသည်။

“တကယ့်ကို အရည်အသွေး ကောင်းလှတဲ့ ကျောက်စိမ်းအားဖြည့် ကြာပန်းပင်ပါလား၊ မယုံနိုင်စရာ ပါပဲ . . .”

ကြာပန်းအား မြင်လိုက်ရသောအခါ ပိုင်ရှင်းယွဲ့သည် ထိုင်နေရာမှ ချက်ချင်းပင် မတ်တပ်ထရပ်လိုက်သည်။ သူမ၏ မျက်လုံးများသည်လည်း အရောင်တဝင်းဝင်းပင် လက်သွားပြီး ရဲရှောင်၏ လက်ထဲမှ ကြာပန်းအား မျက်တောင်မခတ်ဘဲပင် စိုက်ကြည့်နေလေသည်။

“ဝမ်ရမ်ချူးချူး ဒီကြာပန်းကို ရခဲ့တုန်းက ဒီရိုးတံပေါ်မှာ ကျွန်မတို့ဂိုဏ်းရဲ့ လျှို့ဝှက်နည်းစနစ်နဲ့ စာလုံးနှစ်လုံး ထွင်းခဲ့တယ်လို့ ကျွန်မကို ပြောတယ် . . .”

ရဲရှောင် တအံ့တသြဖြင့် -

“စာလုံးနှစ်လုံး ဟုတ်လား၊ ကျုပ်လည်း မသိရပါလား . . .”

ပိုင်ရှင်းယွဲ့သည် ပြုံးလိုက်ရင်း ရိုးတံအား ကိုင်လိုက်တယ်။ ထို့နောက် သူမ၏ အအေးစွမ်းအင် အနည်းငယ်အား ထုတ်လွှတ်လိုက်သောအခါ အငွေ့အချို့ ထွက်လာပြီး စာလုံးနှစ်လုံး ပေါ်သွားခဲ့သည်။

ကြာပန်း၏ ရိုးတံပေါ်တွင် “ချူးချူး” ဟု ရေးသားထားခြင်းပင် ဖြစ်သည်။

“ဒါရှင့်ကို သူပေးခဲ့တဲ့ ကြာပန်း မှန်တယ်ဆိုတဲ့ သက်သေပဲပေါ့ . . .”

ပိုင်ရှင်းယွဲ့သည် ပြောရင်းဖြင့် သူမ၏ မျက်လုံးများမှမျက်ရည်များ စီးကျလာလေသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားDonde viven las historias. Descúbrelo ahora