Chapter - 237"သနားစရာမိန်းကလေး ပိုင်အာ"

277 26 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter  – 237

“သနားစရာမိန်းကလေး ပိုင်အာ”

ဥ၏ လုပ်ရပ်ကြောင့် ရဲရှောင် အံ့သြသွားကာ -

[ဘာလဲဟ . . . ငါ့ကို ဥက ဟင်းလင်းပြင်ထဲကနေ ကန်ထုတ်လိုက်တာလား။ ဒါ ငါ့ရဲ့ ဟင်းလင်းပြင်။ ငါက ပိုင်ရှင်ကွ။ ငါ့နေရာမှာငါ ကျင့်ကြံမှု လုပ်တာကို မင်းက ခွင့်မပြုဘူးပေါ့။ အေး . . . ရတယ် မင်းစောင့်ကြည့်နေလိုက် . . .]

ထိုနေ့မှစ၍ ရဲရှောင်သည် ဟင်းလင်းပြင်ဆီသို့ စွမ်းအင် ပို့လွှတ်ခြင်း မပြုလုပ်တော့ချေ။

ပထမဦးစွာ သစ်သားဟင်းလင်းပြင်၏ လည်ပတ်မှုအား ရပ်တန့်လိုက်သည်။ မည်သည့် ရတနာ၊ ဆေးပင်ကိုမျှ ထည့်သွင်းခြင်း မပြုတော့ချေ။

ရဲရှောင်သည် စုဆောင်းရရှိသမျှ ပစ္စည်းအများစုအား  လင်းပါအိုခန်းမတွင် ထားရှိပြီး အချို့အား ရဲအိမ်တော်တွင် သိမ်းဆည်းထားလိုက်သည်။ ဟင်းလင်းပြင်များအတွင်း မသိမ်းဆည်းတော့ပေ။

ထို့အပြင် ကျင့်ကြံမှုများကိုလည်း ရပ်တန့်ပစ်လိုက်သည်။

[မင်းက ငါ့နေရာမှာ ငါ့ကို မကျင့်ကြံစေချင်တော့လည်း မင်းသေအောင် ငါလုပ်ပေးရမှာပေါ့။ မင်းက တစ်ချိန်လုံး စွမ်းအင်တွေ အများကြီး စုပ်ယူနေကြဆိုတော့ အခုလို စွမ်းအင် ဖြတ်တောက်တာကို ခံနိုင်မယ် မထင်ဘူး။ မင်းနဲ့ငါ ဘယ်သူတောင့်ခံနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့ကွာ . . .]

ရဲရှောင် မခိုးမခန့်ပင် ပြုံးလျက် တွေးနေမိသည်။

ထိုအချိန်တွင် ရဲရှောင်၏ အိပ်ယာထက်မှ ညည်းညူသံသဲ့သဲ့ ထွက်ပေါ်လာသည်။ မိန်းကလေးသည် လေးငါးရက်ကြာ မေ့မြောနေခဲ့ပြီး လန့်လန့် နိုးလာသည့် အခါတိုင်းလည်း မျက်လုံးသာ အဖွင့်အပိတ် လုပ်နိုင်လေသည်။

ယခုအကြိမ်တွင်မူ အနည်းငယ် တိုးတက်မှု ရှိလာချေပြီ။ ညည်းသံသဲ့သဲ့ပင် ထွက်နိုင်နေပြီ မဟုတ်ပါလော။

ရဲရှောင်လည်း အပျော်ကြီး ပျော်သွားကာ -

“မင်းနိုးပြီလား . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now