Chapter - 232"ကယ်တင်ခြင်း (၁)"

281 22 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 232

“ကယ်တင်ခြင်း (၁)”

ရွှမ်ပိုင်သည် သူ၏ အခြေအနေမှန်အား မသိစေချင်၍ ရှဲ့ဒန်ယူ၏ ရှေ့တွင် အားတင်း၍ ရပ်နေခဲ့ခြင်းပင် ဖြစ်သည်။

သို့သော် နောက်ဆုံးတွင်မူ ဟန်ဆောင်မဆောင်နိုင်တော့ဘဲ လဲကျသွားခဲ့ခြင်း ဖြစ်သည်။

ရှဲ့ဒန်ယူ လှည့်ထွက်သွားသည်နှင့် တစ်ပြိုင်နက် ရွှမ်ပိုင်သည် သစ်ပင်မှ ကြွေကျသွားသည့် ရော်ဝါရွက်လေး တစ်ရွက်ပမာ အောက်သို့ ပြုတ်ကျသွားခဲ့သည်။

ထို့ပြင် ပါးစပ်မှလည်း သွေးများ အဆက်မပြတ် အန်လျက်ရှိပြီး ဝတ်ရုံတစ်ခုလုံး သွေးများဖြင့် ပေကျံလျက်ရှိသည်။

ပေသောင်းချီအမြင့်မှ ကျလာသည့်တိုင် သတိအနည်းငယ် ကပ်နေတုန်းဖြစ်၍ ရွှမ်ပိုင်သည် လက်ကျန်စွမ်းအင်များအား စုစည်းလိုက်ပြီး ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်ရန် ကြိုးစားလိုက်သည်။ သို့သော် အချည်းနှီးပင် ဖြစ်သည်။

ထိပ်တန်းအဆင့် ပညာရှင်ကြီးတစ်ယောက်ဖြစ်သော ရွှမ်ပိုင်သည်ပင် ယခုအခါ လေထဲတွင် ရပ်တန့်နိုင်ခြင်း မရှိတော့ပေ။

လက်ရှိအနေအထားအတိုင်း အောက်သို့ ဆက်လက်ပြုတ်ကျ သွားမည်ဆိုပါက တစစီ ဖြစ်သွားနိုင်သည်ကိုလည်း သူ့ကိုယ်သူ သိနေမိသည်။ မိမိ၏ ဘဝအား တွေးလိုက်မိသည့်အတွက် ရွှမ်ပိုင် အလွန်အမင်း ဝမ်းနည်းသွားကာ -

[ငါ့ဘဝတစ်လျှောက်လုံး လှလှပပနဲ့ အပျိုစင်သိက္ခာကို စောင့်ထိန်းပြီး နေခဲ့တာ၊ အခုလို အသေဆိုးနဲ့ သေဖို့အတွက်လား။ သေမယ်ဆိုရင်တောင် ကောင်းကောင်းမွန်မွန်ပဲ သေချင်မိတယ် . . .]

နောက်ဆုံးအနေဖြင့် ရလိုရငြား ရွှမ်ပိုင်သည် သူ၏ စွမ်းအင်များအား ထပ်တလဲလဲ ထုတ်လွှတ်ကြည့်နေမိသည်။

စွမ်းအင်အနည်းငယ် ထွက်သွားသည့်အချိန်တွင် လေထဲ၌ ရပ်တန့်သွားစေသော်လည်း ခဏအတွင်း ပြန်ပြန်ပြုတ်ကျသွားသည်။

ထိုကဲ့သို့ ပြုတ်ကျနေစဉ်အတွင်း ရပ်တန်နိုင်ရန် အကြိမ်ပေါင်းများစွာ ကြိုးစားလျက်ရှိသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now