Chapter (438)
“လင်းဝုရှဲ့”
သခင်ကြီးဘိုင်မှ ဒေါသတကြီးဖြင့် -
“အပိုတွေ လာပြောမနေစမ်းနဲ့၊ သူတို့ကို ကြည့်တာ ရပ်လိုက်စမ်း။ ဒီလိုမှမဟုတ်ရင် မင်းမျက်လုံးတွေ ဖောက်ထုတ်ပစ်ပြီး မင်းလျှာကိုပါ ဖြတ်ပစ်ရလိမ့်မယ်။ ငါမလုပ်ရဲဘူးများ မင်းထင်နေလား . . ."
တစ်ဖက်မှ လူသည် ကြောက်ရွံ့သွားသည့်ပုံ လုပ်ပြလိုက်ရင်း -
“ဝိုး . . . ကြောက်စရာ ကောင်းလိုက်တဲ့အကြည့်၊ ကြမ်းတမ်းလိုက်တဲ့ စကားလုံးတွေပါလား၊ ငါတော့ အတော်ကြီးကို ကြောက်သွားမိပြီဟေ့ . . .”
“ငါတို့က မိတ်ဆွေဟောင်းတွေပါ။ မင်းဘယ်လိုများ လုပ်ရက်နိုင်မှာလဲ။ နောက်ပြီး ငါ့မျက်လုံးတွေ ဖောက်ထုတ်ပစ်ပြီး လျှာပါ ဖြတ်ပစ်မယ် ဟုတ်လား။ လာစမ်းပါ၊ ငါဒီမှာပဲ ရပ်နေမယ်။ ဘယ်မှ မသွားဘူး။ လှုပ်ကို မလှုပ်ဘူးလို့ ကတိပေးတယ်ကွာ။ မင်းလုပ်တာကိုပဲ ငါစောင့်နေပါ့မယ်။ မင်းလုပ်နိုင်တယ်လို့ ထင်ရင် လာလုပ်ကြည့်စမ်းပါ . . .”
“လင်းဝုရှဲ့ . . .”
“မင်းဘာဖြစ်ချင်နေတာလဲ ရှင်းရှင်းပြောစမ်းပါ . . .”
သခင်ကြီးဘိုင် အံကြိတ်ရင်း ကျယ်လောင်စွာ ခေါ်လိုက်သည်။
“ဟားဟား . . . မင်းမလုပ်နိုင်ဘူးဆိုတာ ငါသိပါတယ်ကွာ . . .”
လင်းဝုရှဲ့မှ ကောက်ကျစ်သော အပြုံးများဖြင့် ပြုံးရင် ပြောလိုက်သည်။
“မင်းဘာလုပ်ချင်နေတာလဲ၊ မင်းကိုယ်မင်း ဒုက္ခိတတစ်ယောက် ဆိုတာကို မေ့သွားပြီလား။ ငါ့နားတောင် ကပ်လို့ မရပါဘူး။ ကပ်လို့ ရမယ် ဆိုရင်တောင် မင်းက ဘာလုပ်နိုင်မှာ မို့လို့လဲ၊ အားရပါးရ ကုန်းကိုက်မှာ မဟုတ်လား . . .”
သခင်ကြီးဘိုင်မှ ဒေါသတကြီးဖြင့် -
“မင်းပြောစရာ စကားမရှိရင် ငါ့ဆီမလာနဲ့၊ ဒီကနေ ဝေးဝေး ထွက်သွားစမ်း . . .”
လင်းဝုရှဲ့မှ ချူးအာနှင့် ဝမ်အာတို့အား ရယ်မောရင်း တစ်ချက်လှမ်းကြည့်လိုက်ကာ -
YOU ARE READING