Chapter (411)"ကြိုးစားခွင့်"

208 20 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter (411)

“ကြိုးစားခွင့်"

ခေါင်းပြတ်နေသော ခန္ဓာကိုယ်ကြီးသည် ဂျိမိန်ဇန်၏ မျက်နှာတည့်တည့်သို့ ရောက်ရှိလာလေသည်။ ထိုခေါင်းပြတ်နေသည့် နေရာမှ သွေးများသည် ရေပန်းများသဖွယ် ထွက်ပေါ်လျက် ရှိသည်။

ဂျိမိန်ဇန်လည်း အလန့်တကြားဖြင့် ချက်ချင်းပင် လေပေါ်သို့ ခုန်တက်လိုက်တယ်။ သွေးများသည် သူ၏ ခန္ဓာကိုယ်အား မထိမှန်သွားသော်လည်း မြေပြင်တွင်မူ သွေးချောင်းစီးသွားခဲ့သည်။

ချင်ဝု၏ ခေါင်းမရှိတော့သည့် ခန္ဓာကိုယ်ကြီး အောက်သို့ ပြုတ်ကျသွားသောအခါ မြေပြင်တစ်ခုလုံး တုန်ခါသွားသည်။ ထိုအလောင်းကောင်ကြီးအား ကြည့်ရင်း လူတိုင်း၏ စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်သွားကြသည်။ မည်သည့်အသံမှလည်း မထွက်ရဲကြတော့ချေ။

ရဲရှောင်မှ ယခုအကြိမ်တွင်လည်း တစ်ချက်တည်းဖြင့် ပွဲသိမ်းလိုက်ချေပြန်ပြီ။

ရန်သူ့ထံမှ ဓားကိုလုပြီးသည်နှင့် တစ်ပြိုင်နက်တည်းပင် ထိုဓားနှင့် ရန်သူ၏ လည်ပင်းအား ခုတ်ချလိုက်ခြင်းကြောင့် တစ်ချက်တည်းဟု ဆိုရပေမည်။

တိုက်ပွဲရလဒ်သည် အစ်ကိုကျောင်းဆိုသူ ခန့်မှန်းထားသည့် အတိုင်းပင် ဖြစ်သည်။ ကောင်းကင်အဆင့် ၄ ပညာရှင်ဖြစ်သည့် ချင်ဝုသည် ခြေလှမ်း ၉လှမ်း လှမ်းလိုက်ပြီးနောက် အပြင်းထန်ဆုံး တိုက်ခိုက်တော့မည့် အချိန်မှာပင် ရက်ရက်စက်စက် အသတ်ခံလိုက်ရသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် သေဆုံးသွားရခြင်း ဖြစ်သည်။

ဖန်ဇီလင်သည် ချင်ဝု မည်သို့ပုံစံဖြင့် သေဆုံးရမည်ကိုပင် တွက်ဆထားမိဟန်ရှိသည့်အတွက် ထိုခေါင်းပြတ် နေသည့် ခန္ဓာကိုယ်ကြီးအား ဂျိမိန်ဇန်ရှိရာသို့ လှမ်းကန်လိုက်ခြင်း ဖြစ်သည်။

(ဖန်ဇီလင်က ဒီလိုတိုက်ခိုက်နေတဲ့ အချိန်မျိုးမှာတောင် အရာရာကို အကွက်ချထားနိုင်နေတယ်။ အသေးစိတ်ကို ကြိုတင် တွက်ဆထားနိုင်ခဲ့တာပဲ။ သူ့ရဲ့ တိုက်ရည်ခိုက်ရည် အစွမ်းကတော့ တကယ်ကို ကြောက်စရာကောင်းတာပါပဲလား . . .)

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now