Chapter - 277"မင်းသိလား"

243 20 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 277

“မင်းသိလား”

အကယ်၍ ရဲရှောင်အနေဖြင့် ခရမ်းရောင်ချီဓာတ်များ၊ ထူးခြားဆေးလုံးများနှင့် ရေစက်များကိုသာ အသုံးမပြုလိုက်ပါက ယခုကဲ့သို့ မြန်မြန်ဆန်ဆန် ပြန်လည် သက်သာလာမည် မဟုတ်ချေ။ သို့သော် တိုက်ပွဲတွင် ရရှိခဲ့သည့် ဒဏ်ရာသည် ပြင်းထန်လွန်းလှသည့်အတွက် သူ၏ စွမ်းအင်များစွာ ကုန်ခမ်းခဲ့ရသည်။ ထို့ကြောင့် အပြည့်အဝ ပြန်လည် အားပြည့်ရန်အတွက်မူ အချိန်အနည်းငယ် လိုအပ်နေသေးသည်။

သို့သော် ရဲရှောင်သည် အဆင့်သစ်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သောကြောင့် ယခင်ကထက် စွမ်းအင်များ ပိုမို ပြည့်ဝလာကာ မြန်မြန်ဆန်ဆန်ပင် အားပြန် ပြည့်လာခဲ့သည်။

ယခုအခါတွင် အပြာရောင်ဖျော့ဖျော့ အလင်းတန်းများသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ထွက်ပေါ်လျက် ရှိပြီး ခရမ်းရောင် ချီဓာတ်များသည်လည်း ခန္ဓာကိုယ်တဝိုက် ရစ်သိုင်းလျက် ရှိသည်။ ထိုကဲ့သို့ စွမ်းအင်များ လှည့်လည်စီးဆင်းနေသောကြောင့် ဒဏ်ရာများ အလျင်အမြန် သက်သာလာကာ မူလက ဖြူရော်ရော် ရှိနေသော မျက်နှာသည်လည်း သွေးရောင် ပြန်လွှမ်းသွားခဲ့သည်။

အပြင်ဘက်တွင် နေပင်အတော် မြင့်နေချေပြီ။

အချိန်များကုန်ဆုံးသွားခဲ့သည်မှာ မြန်ဆန်လွန်း လှပေသည်။ လင်းပါအို ခန်းမ၏ အရှေ့တွင် လူပေါင်းများစွာ စောင့်ဆိုင်းနေကြသည်။ ရောက်ရှိနေကြသည့် လူများသည် များပြားလွန်းလှ၍ ရေပင် ရေတွက်နိုင်မည် မဟုတ်ချေ။

သို့သော် ထိုကဲ့သို့ လူပေါင်းများစွာ ရှိနေကြသည့်တိုင် တိတ်တိတ်ဆိတ်ဆိတ်ဖြင့်သာ ရှိနေကြသည်။ မည်သူမျှ အသံမထွက်ရဲကြချေ။

ထိုလူအုပ်ကြီး၏ အရှေ့တွင် လူ ၆ ယောက်သည် အုပ်စု ၂ စုခွဲ၍ ရပ်နေကြသည်။

ထို လူ ၆ ယောက်သည် တည်ငြိမ်စွာဖြင့်ပင် ရှိနေကြပြီး မိမိကိုယ်ကို ယုံကြည်မှု အပြည့်ရှိနေကြသည့်ပုံ ပေါ်လွင်လှသည်။ ကျန်သော လူများအားလုံးထက်ပင် ထိုလူများသည် ထူးခြားနေလေသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now