Chapter (486)"ထွက်ခွာကြရတော့မည်"

234 24 0
                                    

Chapter (486)

“ထွက်ခွာကြရတော့မည်”

ဝမ်အာနှင့် ချူးအာတို့သည် လင်းဝုရှဲ့ကြောင့် အတော်ပင် ရှက်မိနေမိကြသည်။

(ဒီလူနဲ့ ဘယ်လိုရှေ့ဆက်သွားရပါ့မလဲ . . . ဒီလိုလူက ကောင်းကင်ဘုံအထက် လူသားနယ်ပယ်မှာ ဘယ်လိုမွေးလာသလဲ နားမလည်တော့ဘူး။ တော်တော်ကို အရှက်မဲ့တဲ့ လူတစ်ယောက်ပဲ . . .)

(ဒီလိုလူမျိုးက ဘာလို့ ငါတို့ဆရာနဲ့ ရင်းနှီးနေရတာပါလိမ့် . . . အဓိပ္ပါယ်မရှိလိုက်တာ . . .)

လင်းဝုရှဲ့မှာမူ အေးအေးလူလူဖြင့် ရဲရှောင်၏ လက်အား ဆုပ်ကိုင်ထားရင်း ဖြင့်ပင် -

“ကျုပ်နာမည် လင်းဝုရှဲ့နော်၊ လင်း လို့ပဲ မှတ်ထားပါ။ ခင်ဗျားမမှားနိုင်ပါဘူး . . .”

ထိုသို့ ပြောပြောဆိုဆိုဖြင့် လင်းဝုရှဲ့သည် ရဲရှောင်၏ လက်ဝါးပေါ်တွင် သူ၏နာမည်အား စာလုံးပေါင်းပြနေပြန်သည်။

ရဲရှောင် သူ၏ လက်တစ်ခုလုံး ထုံလာသလိုပင် ခံစားနေရ၍ စိတ်ထဲတွင်လည်း ထူးဆန်းနေမိသည်။

(ဘာဖြစ်နေတာလဲဟ . . . မပြီးတော့ဘူးလား မသိဘူး။ ငါကယောကျာ်းစစ်စစ်ကြီး၊ ခင်ဗျားလည်း ယောကျာ်းစစ်စစ်ပါပဲ။ ဘာလို့ငါ့လက်ပေါ် စာလာရေးပြနေရတာလဲ . . .)

ရဲရှောင် ထိတ်လန့်လာမိသည့်အတွက် တွေးပင် ဆက်မတွေးဝံ့တော့ပေ။

ထို့ပြင် လင်းဝုရှဲ့မှ သူ၏ လက်အား ဆုပ်ကိုင်ထားသည့်အတွက် ၁၀ ကြိမ်ခန့်မျှ အားစိုက်၍ ရုန်းသော်လည်း မရပေ။ သူတတ်ကျွမ်းထားသည့် အတွင်းအား ပညာရပ်မျိုးစုံ သုံးခဲ့သော်လည်း အချည်းနှီးပင်။ လင်းဝုရှဲ့မှာမူ မည်သို့မျှ ခံစားရသည့်ပုံ မပေါ်ချေ။

လင်းဝုရှဲ့၏ မျက်လုံးများအား စိုက်ကြည့်မိသောအခါတွင်လည်း တည်တည်ငြိမ်ငြိမ် ရှိလှသည့် ရဲရှောင်ပင် တုန်လှုပ်သွားမိသည်။

(ဒီလူ . . . ဒီလူက ၂ ဖက်ချွန်ကြီးများလား . . . သူငါ့ကို စတွေ့တုန်းက ဘာပြောခဲ့ပါလိမ့်။ ဖန်ဧကရာဇ်ကို သဘောကျနေပြီ၊ ဖန်ဧကရာဇ်နဲ့ မိတ်ဆွေဖြစ်ချင်တယ်တဲ့ . . . သေစမ်း . . .)

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now