Chapter (432)"အဖြေမရှိ"

213 18 0
                                    

Chapter (432)

“အဖြေမရှိ”

နင်ဘီလျူအနေဖြင့် ရဲရှောင်မှ ယခုကဲ့သို့ မေးခွန်းမျိုး မေးလာလိမ့်မည်ဟု ထင်မထားခဲ့မိချေ။ ထို့ကြောင့် စိတ်ရှုပ်သွားသည့်ဟန်ဖြင့် မျက်ခုံးကြုတ်လိုက်ရင်း -

“ဘယ်လိုအဆင့်ကို ပြောတာလဲ။ ကျုပ်တော့ တစ်ခါမှ မစဉ်းစားခဲ့မိဘူး။ အဆုံးစွန်ထိတော့ ရောက်ချင်မိတယ်။ အဲဒီလို အဆင့်ရောက်ရင်တော့ အဆင့်မြင့် နယ်ပယ်တွေကို သွားကြည့်ချင်သေးတယ်။ လူ့သက်တမ်းက တိုပါတယ်။ ဒါပေမယ့် အနာဂတ်ကတော့ အဆုံးအစမဲ့ပဲ။ ဘယ်အဆင့်ထိ ရောက်မလဲ ဆိုတာကတော့ ကျုပ်ကြိုးစားမှုနဲ့ ကျုပ်ရလာမယ့် အခွင့်အလမ်းတွေပေါ် မူတည်မယ် ထင်တာပဲ။ အတင်းအကြပ်ကြီး လုပ်ယူလို့တော့ မရဘူးလားပဲ . . .”

ရဲရှောင် တခဏမျှ စဉ်းစားလိုက်ရင်း ခေါင်းတဆတ်ဆတ်ညိတ်ကာ -

“ဒါပေါ့ . . . ခင်ဗျားက အပြောကောင်းသားပဲ။ လူ့သက်တမ်းက တိုပေမယ့် အနာဂတ်ကတော့ အဆုံးအစမဲ့ပဲ . . .”

ထို့နောက် ကျောင်းဖင်းရှန်ဘက်သို့ လှည့်ကာ ထိုမေးခွန်းကိုပင် ရဲရှောင် ထပ်မေးလိုက်သည်။ ထိုအခါ ကျောင်းဖင်းရှန်သည် တွေဝေတုံ့ဆိုင်ခြင်း မရှိဘဲ -

“နှစ်သုံးရာအတွင်း မူလတာအိုအဆင့်ရဲ့ ထိပ်ဆုံးကို ရောက်ချင်တယ်။ နှစ်သုံးရာမဟုတ်ဘူး။ နှစ်နှစ်ရာ ဆိုရင်ပိုကောင်းတယ်။ နှစ်တစ်ရာအတွင်းဆိုရင်တော့ အကောင်းဆုံးပေါ့ဗျာ။ ဒါတောင်မှ အဆုံးသတ်နိုင်ဦးမယ် မထင်ဘူး။ ကျုပ်ရဲ့ ဦးစားပေး အလုပ်တွေတော့ အရင်လုပ်ရဦးမှာပေါ့။ ကျုပ်ရည်မှန်းချက်တွေ ပြည့်တော့မှ ကျန်တာ စဉ်းစားရမယ် . . .”

ရဲရှောင် ခေါင်းညိတ်ပြလိုက်ပြန်သည်။

နင်ဘီလျူနှင့် လျူချန်းဂျန်တို့သည် တစ်ယောက်နှင့်တစ်ယောက် လှမ်းကြည့်လိုက်ကြသည်။ ရဲရှောင်၏ အပြုအမူများကြောင့် သူတို့၏ စိတ်ထဲတွင် နားမလည်သလိုလည်း ဖြစ်သွားကြသည်။

(မူလတာအိုအဆင့်ရဲ့ ထိပ်ဆုံးကို ရောက်ရင် သူက ဘာတွေ လုပ်မှာပါလိမ့်။ နောက်ပြီး မူလတာအို အဆင့်ဆိုတာကရော ဘာများလဲ။ ကောင်းကင်အဆင့်ထက် တစ်ဆင့်မြင့်တာလား။ မူလဝိညာဉ်အဆင့်လို့ ခေါ်တာ မဟုတ်ဘူးလား။ ဒါမှမဟုတ် နောက်နာမည်တစ်မျိုးအဖြစ် ခေါ်တာလား . . .)

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now