Chapter - 268"ဓားတစ်လက်ဖြစ်ပေါ်လာခြင်း"

232 16 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 268

“ဓားတစ်လက်ဖြစ်ပေါ်လာခြင်း”

ရဲရှောင်ဘက်မှ ဒုတိယအကြိမ် ထိုးစစ်ဆင်ရန် ပြင်နေစဉ်မှာပင် နန်ရှန်ဆင်းသည် ရုတ်တရက် ခုန်ပျံလိုက်ရင်း ခနဲ့သော အသံဖြင့် -

“ဖန်ဧကရာဇ် . . . မင်းက ငါ့ထက် အများကြီး အားနည်းပါတယ်ကွာ။ ငါ့ကို ဘယ်လို ယှဉ်နိုင်ပါ့မလဲ။ အဲ့ဒါကြောင့် ငါနဲ့ ပူးပေါင်းတာ မင်းအတွက် ပိုကောင်းလိမ့်မယ်။ သေရမှာထက်စာရင် ငါ့ကျွန်ဖြစ်ရတာမှ ပိုကောင်းဦးမယ် မဟုတ်လား . . .”

ရဲရှောင်သည် နန်ရှန်ဆင်းအား အဖတ်လုပ်၍ပင် ပြန်မပြောတော့ချေ။

လေထဲတွင် နန်ရှန်ဆင်း၏ ဝတ်ရုံသည် တလူလူ လွင့်ပျံလျက် ရှိပြီး ခန္ဓာကိုယ်မှလည်း အပြာရောင် အလင်းအချို့ ထွက်ပေါ်နေလျက် ရှိသည်။

သူ၏ လက်တွင်လည်း စွမ်းအင်များအား စုစည်းထားရှိသည်။ ထိုစွမ်းအင်များ စုစည်းထားသည့် လက်ဝါးဖြင့်သာ အရိုက်ခံရပါက တစ်ချက်တည်းနှင့်ပင် အထိနာသွားစေမည်မှာ မလွဲဧကန်ပင်။

ရဲရှောင်မှာမူ ရွေးချယ်စရာ မရှိတော့သဖြင့် အဆိုပါ တိုက်ကွက်အား ခုခံကာကွယ် ရတော့ပေမည်။

ရဲရှောင်၏ အကြီးမားဆုံး အားသာချက်မှာ လျင်မြန်မှုပင် ဖြစ်ကြောင်း နန်ရှန်ဆင်းသည် ကောင်းစွာ သိနေလေသည်။ အကယ်၍ သူ့ဘက်မှ ပရမ်းပတာ တိုက်ခိုက်နေလျှင် အချိန်ကုန်လူပင်ပန်းသာ ဖြစ်နေလိမ့်မည် ဖြစ်ပြီး ရဲရှောင်အား ဖမ်းမိနိုင်ရန်မှာလည်း မသေချာလှပေ။

နေမင်းကြီးသည်လည်း တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီ ဖြစ်သည်။

သူတို့နှစ်ဦး၏ တိုက်ခိုက်မှုသည် ဆူညံနေသဖြင့် အခြားသော လူများ သတိပြုမိသွားနိုင်ပေသည်။

ထို့ပြင် ယခုအခါတွင် လေလံပွဲသို့ တက်ရောက်ကြမည့် ပညာရှင်များစွာလည်း စုရုံးရောက်ရှိနေကြပြီ ဖြစ်သည်။ ထို့ကြောင့် ထူးခြားသည့် အခြေအနေတစ်ခုခု ဆိုသည်နှင့် ချက်ချင်း ရောက်လာကြမည်မှာ အသေအချာပင် ဖြစ်သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားNơi câu chuyện tồn tại. Hãy khám phá bây giờ