Chapter - 271"အသေသတ်တိုက်ကွက်"

233 20 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 271

“အသေသတ်တိုက်ကွက်”

ရဲရှောင်သည် နန်ရှန်ဆင်း၏ ရိုက်ချက်အား ရှောင်တိမ်းခြင်း မပြုတော့ရုံသာမက သူ့ကိုယ်သူ ကာကွယ်ထားသည့် ချီအကာအကွယ်ကိုပါ ပြန်လည် ရုပ်သိမ်းလိုက်သည်။ ထို့နောက် တိုက်ခိုက်မှုအား တိုက်ရိုက်ခံယူရန် အသင့်ပြင်ထားလိုက်သည်။

ထိုကဲ့သို့ ပြုလုပ်ရခြင်းမှာ အဆင့်တက်ရန် ကြိုးစားချင်သောကြောင့်ပင် ဖြစ်သည်။ ဝမ်ရမ်ချူးချူးနှင့် နောက်ဆုံးအကြိမ် တိုက်ခိုက်ခဲ့စဉ်ကလည်း ယခုကဲ့သို့ပင် ပြတ်သားစွာ ပြုလုပ်ခဲ့လေသည်။

ရဲရှောင်သည် လက်ရှိအချိန်တွင် စွမ်းအင်မှန်သမျှအား လက်ခံစုပ်ယူနိုင်သော ဝဲကတော့ကြီးအသွင် ဖြစ်လျက်ရှိသည်။

ယခုကဲ့သို့ သေဘေးနှင့် နီးကပ်နေသည့် အချိန်မျိုးတွင်ပင် ရဲရှောင်သည် တွေဝေတုန့်ဆိုင်းခြင်း အလျင်းမရှိဘဲ မိမိကိုယ်ကို တိုးတက်အောင် ပြုလုပ်လိုက် သည်။ အကယ်၍ ရဲရှောင်၏ လုပ်ရပ်သည် မအောင်မြင်ခဲ့လျှင် အသက်ရှင်ရန် လမ်းမရှိတော့ချေ။

ထိုသို့ မအောင်မြင်ခဲ့ဘဲ အနည်းငယ် တောင့်ခံနိုင်ဦးမည်ဆိုလျှင်ပင် သေချာပေါက် သေဆုံးရမည်သာ ဖြစ်သည်။

နန်ရှန်ဆင်းဘက်မှ အားကုန်ထုတ်သုံးလိုက်သည့် စွမ်းအင်များသည် ရဲရှောင်၏ စွမ်းအင်သိုလှောင်ရာသို့ တိုးဝင်လာတော့မည် ဖြစ်သည်။

“ဘုန်း . . .”

ရဲရှောင်ထံမှ ညည်းသံတစ်ချက် ထွက်ပေါ်သွားပြီး တိုက်ခိုက်မှုဒဏ်အား ရင်စီး၍ ခံလိုက်သည်။ နန်ရှန်ဆင်း၏ ရိုက်ချက်ကြောင့် သစ်ပင်ပေါ်မှ ကြွေကျသွားသည့် ရော်ဝါရွက်လေးတစ်ရွက်အလား လေနှင့်အတူ ရဲရှောင်သည် အနောက်သို့ လွင့်ထွက်သွားလေသည်။ အရိုက်ခံလိုက်ရသည့် အရှိန်ကြောင့် ရဲရှောင်၏ ခန္ဓာကိုယ်အတွင်း၌ မည်သို့ ဖြစ်ပျက်သွားသည်ဆိုသည်ကို မည်သူမျှ သိနိုင်မည် မဟုတ်ချေ။ ထိုအချိန်တွင် ကောင်းကင်အဆင့်၏ ပထမအဆင့်နှင့် ဒုတိယအဆင့်ကြားရှိ နံရံသည် ကျိုးပျက်သွားခဲ့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now