Chapter - 215 "အထင်လွဲခြင်း"

289 25 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 215

“အထင်လွဲခြင်း”

“ကျွန်မ သေသေရှင်ရှင် ကျွန်မလုပ်ရမယ့် ကိစ္စကို ကျွန်မသိပြီးသား။ အဲ့ဒီအတွက် ရှင်စိတ်ပူ မနေနဲ့ . . .”

ပိုင်ရှင်းယွဲ့ ပြောပြောဆိုဆိုဖြင့် မတ်တတ်ထရပ်လိုက်သည်။

ရဲရှောင်လည်း သူမထွက်သွားသည်ကို ငေးမောကြည့်ရင်း အံ့သြနေမိသည်။

ထိုအချိန်တွင် တံခါးဝ၌ လူရိပ်တစ်ခု ပေါ်လာပြီး ပိုင်ရှင်းယွဲ့၏ ရှေ့တွင် ပိတ်ရပ်လိုက်ကာ -

“ဆရာ . . . မသွားပါနဲ့နော် . . .”

ရောက်လာသူကား ဝမ်ရမ်ချူးချူးပင် ဖြစ်သည်။

ပိုင်ရှင်းယွဲ့သည် မာထန်သော မျက်နှာထားဖြင့် -

“ဖယ်စမ်းပါ။ မင်းဘာလို့ ဒီလောက်ထိ ဖြစ်နေရတာလဲ။ မင်းလည်း အရွယ်ရောက်နေပြီပဲဟာ အခုလို ငါတို့စကားပြောနေတာကို ချောင်းနားထောင်နေစရာလား . . .”

ဝမ်ရမ်ချူးချူးသည် ဆရာဖြစ်သူ၏ လက်အား ဆွဲကိုင်ရင်း မျက်ရည်များ စီးကျလာကာ -

“ဆရာ့ကို သွားခွင့် မပေးနိုင်ဘူး။ ကျွန်မက တော်ဝင်မျိုးနွယ်ထဲမှာ ကြီးပြင်းလာခဲ့ရတာပါ။ ကျွန်မ အမေတောင် ဆရာ့လောက် ကျွန်မအပေါ် ကောင်းခဲ့တာ မဟုတ်ဘူး။ ဆရာသာ အသက်ရှင်နိုင်မယ့် ဒီအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးခံမယ်ဆိုရင် ကျွန်မလည်း ဆရာနဲ့အတူ သေပစ်မယ် . . .”

ပိုင်ရှင်းယွဲ့သည် သက်ပြင်းချလိုက်ရင်း -

“အရူးမလေး . . . အခု ကျောက်စိမ်းအားဖြည့် ကြာပန်းက တစ်ပွင့်တည်း ရှိတာလေ . . .”

“အဲဒီလို တစ်ပွင့်တည်း ရှိတယ် ဆိုရင်တောင် အဲဒီအပွင့်က ဆရာ့အတွက်ပဲ . . .”

ဝမ်ရမ်ချူးချူး ခေါင်းမာစွာဖြင့် ပြောလိုက်သည်။

“ဆရာ့ကြောင့်သာ မဟုတ်ရင် ကျွန်မ မှင်ရောင်အားဖြည့် ကြာပန်းကိုလည်း အားသွန်ခွန်စိုက် ရှာခဲ့မှာ မဟုတ်ဘူး။ အခုဆို ကျောက်စိမ်းအားဖြည့် ကြာပန်းအဖြစ်တောင် ပြောင်းသွားပြီ။ ဒါက နတ်ဘုရားတွေရဲ့ မျက်နှာသာပေးမှုကြောင့်ပဲ။ နတ်ဘုရားတွေက ဆရာ့ကို အသက်ရှင်စေချင်လို့လေ။ ဆရာ့နေရာမှာ တခြားလူသာဆို ကျွန်မလည်း ဘယ်ပေးပါ့မလဲ . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now