Chapter - 235"အစေခံ (၂)"

261 22 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 235

“အစေခံ (၂)”

မိန်းကလေးသည် ကိုယ်လုံးတီး ဖြစ်နေသော်လည်း မေ့မြောနေသဖြင့် ဘာဆိုဘာမျှ မသိချေ။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် ရဲရှောင်အနေဖြင့် အခြားသော ယောကျာ်းများကဲ့သုိ့ စိတ်မိုက်စိတ်ရိုင်းများ ဝင်လာခြင်း မရှိခဲ့ပေ။ မိန်းကလေး၏ အလှသည် သူ၏ အမြင်တွင် အလှပဆုံး ဖူးပွင့်နေသည့် ကြာပန်းတစ်ပွင့်နှင့်ပင် တူနေပါသည်။

“တော်တော်လှတာပဲ . . . ငါမိန်းမတစ်ယောက်ရဲ့ ခန္ဓာကိုယ်အလှကို တစ်ခါမှ မမြင်ဖူးခဲ့ဘူး . . .”

အဝတ်အစားကင်းမဲ့နေသော မိန်းမလှလေးအား ကြည့်ရင်း ရဲရှောင် အံ့သြတကြီး ရေရွတ်မိလိုက်သည်။

မိန်းကလေး၏ ခန္ဓာကိုယ်အနှံ့တွင် ဒဏ်ရာအပြည့် ဖြစ်နေသော်လည်း ထိုဒဏ်ရာများသည် သူမ၏ အလှအား အနည်းငယ်မျှ လျော့ကျသွားစေခြင်း မရှိခဲ့ပေ။ အကယ်၍ ဒဏ်ရာဒဏ်ချက်များသာ မရှိခဲ့ဘူး ဆိုပါက မည်မျှအထိ လှပမည်နည်း ဟူ၍ပင် ရဲရှောင် တွေးတောနေမိသည်။

“အဟက် . . . ယောကျာ်းတိုင်း မိန်းမလိုချင်နေကြတာလည်း မဆန်းပါဘူးလေ . . .”

ရဲရှောင်သည် ဝတ်လစ်စလစ်ဖြင့် ဖြစ်နေသော မိန်းကလေးအား တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးခဲ့ချေ။

လူပျိုစစ်စစ်လေးတစ်ဦး ဖြစ်သောကြောင့် မိန်းမများနှင့် ပက်သက်လျှင် အတွေ့အကြုံဟူ၍လည်း မရှိပေ။

ရဲရှောင်သည် အခြားအကြောင်းအရာများအား စဉ်းစားမနေတော့ဘဲ မိန်းကလေး၏ ခေါင်းမှ ခြေဖျားအထိ လုပ်စရာရှိသည် များကိုသာ ဆက်လက် လုပ်ဆောင်လိုက်သည်။ သူ၏ စိတ်ထဲတွင်လည်း “ဒါက သူစိမ်းမဟုတ်ဘူး၊ ငါ့ရဲ့အစေခံ . . .”ဟူ၍သာ အဆက်မပြတ် နှလုံးသွင်းထားလိုက်သည်။

ကုသမှုသည် အချိန်အတော်ကြာခဲ့လေသည်။ နောက်တစ်နေ့ မွန်းတည့်ချိန် ရောက်မှသာ လက်စသတ်သွားသည်။

အခန်းအောင်းနေသော ရဲရှောင်အား ဆောင်ဂျုသည် အပြင်ဘက်မှနေ၍ တကြော်ကြော် အော်ခေါ်လျက်ရှိသည်။ ရဲရှောင်သည် ဆောင်ဂျုအား ထွက်မတွေ့သကဲ့သို့ အထဲသို့ ပေးလည်း မဝင်ချေ။ မကြာခင် ထွက်လာမည်ဟုသာ ပြန်အော်၍ပြောလိုက်သည်။ ထိုအခါ ဆောင်ဂျုလည်း မကျေမချမ်းဖြင့် မြည်တွန်တောက်တီးလျက် ပြန်လည်ထွက်ခွာသွားပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now