Chapter - 272"စားရကံ ကြုံလို့ မုတ်ဆိတ် ပျားစွဲ"

248 23 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 272

“စားရကံ ကြုံလို့ မုတ်ဆိတ် ပျားစွဲ”

နန်ရှန်ဆင်းသည် ခံနိုင်ရည်စွမ်း မရှိတော့ချေ။ မြေပြင်ပေါ်သို့ ကြိုးပြတ်သွားသည့် စွန်ပမာ အရုပ်ကြိုးပြတ်ပင် လဲကျသွားလေသည်။

ထို့ပြင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းလာပြီး လှုပ်ရှားရန် ကြိုးစားသည့်တိုင် မရတော့ပေ။

“ဘုန်း . . .”

ရဲရှောင်သည်လည်း မြေပြင်ပေါ်သို့ လဲကျသွား လေသည်။ သူ၏ အရိုးများနှင့် ကြွက်သားများအားလုံး အပြင်းအထန် ဒဏ်ရာ ရရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် လဲကျနေရာမှ ထနိုင်ရန် အချိန်ယူရပေလိမ့်မည်။

နန်ရှန်ဆင်းသည် ရဲရှောင်၏ အရှေ့ လက်တစ်ကမ်းအကွာတွင် လူသေတစ်ကောင်ကဲ့သို့ မလှုပ်မယှက် ဖြင့် လဲကျနေခြင်း ဖြစ်သည်။

နန်ရှန်ဆင်း၏ ကိုယ်တွင်းရှိ အေးစက်သော ချီဓာတ်များသည် ပေါက်ကွဲထွက်နေလေပြီ။

ရဲရှောင် ပစ်လွှတ်လိုက်သည့် နတ်မိစ္ဆာအသွား လက်နက်များ၏ အစွမ်းကြောင့်ပင် ဖြစ်သည်။

နန်ရှန်ဆင်း၏ ခန္ဓာကိုယ်ရှိ ဒဏ်ရာများ သွေးထွက်နေရာမှ ရပ်တန့်သွားသည်။ ထို့နောက် ထိုဒဏ်ရာများသည် ခရမ်းရောင်အဖြစ် အရောင်ပြောင်းသွားကာ သွေးကြောများသည်လည်း တဖြည်းဖြည်း အေးခဲသွားသည်။ အချိန်ခဏလေး အတွင်းမှာပင် နန်ရှန်ဆင်း၏ သွေးကြော ၆၀ ရာခိုင်နှုန်းခန့် ပျက်ဆီးသွားခဲ့ပြီ ဖြစ်သည်။

နန်ရှန်ဆင်းသည် ရဲရှောင်အား ပြူးကျယ်သော မျက်လုံးများဖြင့် ငေးစိုက်ကြည့်လျက် ရှိသည်။ သူ၏ မျက်လုံးများထဲတွင် အံ့သြခြင်း၊ ထိတ်လန့်ခြင်း နှင့် မယုံနိုင်ဖွယ် ဖြစ်နေခြင်းတို့ကို မြင်တွေ့နိုင်ပေသည်။

သူ့ထက် အဆပေါင်းများစွာ အင်အားနည်းသည့် လူတစ်ဦးမှ သူ့အား ယခုကဲ့သို့ အရုပ်ကြိုးပြတ် ဖြစ်သွားအောင်ပင် လုပ်လိုက်နိုင်သည်ကို မယုံကြည်ဖွယ် ဖြစ်နေမိသည်။

လွန်ခဲ့သော မိနစ်အနည်းငယ်ခန့်က နန်ရှန်ဆင်းသည် အသာစီးရနေခဲ့သည်။ အရာအားလုံးသည် သူ၏ ထိန်းချုပ်မှု အောက်တွင်သာ ရှိနေခဲ့သည်။ သို့သော် ယခုအခါတွင်မူ အဖြစ်အပျက်များသည် ပြောင်းပြန်လှန်ပစ်လိုက်သလိုပင်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now