Chapter - 250"ထူးခြား စွမ်းအင်"

251 20 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 250

“ထူးခြား စွမ်းအင်”

ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်နေသည့် စွမ်းအင်များသည် အဆုံးမရှိသည့်အလား ရပ်တန့်သွားခြင်း မရှိဘဲ အဆက်မပြတ် စီးဆင်းနေလျက် ရှိသည်။ စက္ကန့်အနည်းငယ် အတွင်းမှာပင် စွမ်းအင်များသည် ပိုင်ရှင်းယွဲ့၏ သွေးကြောများထံသို့ ပြန့်နှံ့သွားသည်။ မယုံနိုင်ဖွယ် ကောင်းလောက်အောင်ပင် အစွမ်းထက်သော စွမ်းအင်များ ဖြစ်သည်။

ပိုင်ရှင်းယွဲ့သည် ဝမ်ရမ်ချူးချူးနှင့် မတူချေ။ အတွေ့အကြုံ ရင့်ကျက်သည့် ထိပ်သီးပညာရှင်တစ်ဦး ဖြစ်သော ပိုင်ရှင်းယွဲ့သည် လင်းရှောင်ရေခဲကျင့်စဉ်အား နှစ်ပေါင်းများစွာ ကျင့်ကြံထားသူတစ်ဦးဖြစ်သည်။ ထို့ကြောင့် သူ၏ ခန္ဓာကိုယ်တွင် ဖြစ်ပျက်နေသော အခြေအနေများအား ကောင်းစွာ ဆင်ခြင်နိုင်စွမ်းရှိသည်။ ရဲရှောင်၏ ထူးခြားလှသော စွမ်းအင်များသည် သူ၏ ခန္ဓာကိုယ် မည်သည့်နေရာ အစိတ်အပိုင်းများအထိ စီးဆင်းနေသည်ဆိုသည်ကို သိရှိနေမိသည်။

စွမ်းအားများသည် စွမ်းအင်သိုလှောင်ရာသို့ စီးဆင်းသွားကာ ထိုမှတဆင့် သွေးကြောများထံသို့ စီးဆင်းသွားကြသည်။ သွေးကြောများ ထုံးနေသည့် နေရာသို့ ရောက်သွားသောအခါ စွမ်းအင်များသည် ကွန်ယက်သဖွယ်ဖြစ်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးကြောများထံသို့ ခွဲဖြာ၍ စီးဆင်းသွားသည်။

သန့်စင်သော ယင်နှင့်ယန် စွမ်းအင်နှစ်ခုသည်လည်း သူ၏ကိုယ်တွင်း၌ အပြည့်အဝ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ရဲရှောင်၏ စွမ်းအင်များကြောင့် ပိုင်ရှင်းယွဲ့၏ စိတ်ထဲတွင် အလွန်အမင်း အံ့ဩနေမိလေသည်။

(ဘယ်လိုတောင် ထူးခြားလိုက်တဲ့ အစွမ်းမျိုးပါလိမ့်။ တော်တော်ကို အစွမ်းထက်တာပါလား။ လူတစ်ယောက်ရဲ့ သွေးကြောတွေ အားလုံးကို ခဏလေးနဲ့ ထိန်းချုပ်သွားနိုင်တယ် . . .)

ပိုင်ရှင်းယွဲ့သည် ကမ္ဘာပေါ်ရှိ ကျင့်စဉ်မှန်သမျှအား သိမြင်နှံ့စပ်သူဟု မိမိကိုယ်ကို ယုံကြည်ချက်ရှိခဲ့သူ တစ်ဦး ဖြစ်သည်။ သို့သော် ယခုကဲ့သို့ ထူးခြားအစွမ်းထက်သည့် ကျင့်စဉ်မျိုးကိုမူ တစ်ကြိမ်တစ်ခါမျှပင် မကြားဖူးခဲ့ချေ။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now