Chapter - 276"အနန္တသူတော်စင်"

242 24 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 276

“အနန္တသူတော်စင်”

တစ်ယောက်တစ်ခွန်းဖြင့် ဝေဖန်ပြောဆိုနေသည့်အချိန်တွင် လူတစ်ဦးမှ အလန့်တကြားဖြင့် ရုတ်တရက် ထခုန်လိုက်သည်။ သူ၏ မျက်နှာတွင်လည်း ကြောက်ရွံ့ထိတ်လန့်နေသည့် အမူအယာများ ထင်ဟပ်လျက် ရှိသည်။

“ဘာဖြစ်တာလဲ . . .”

လူအုပ်ကြီးထဲမှ လူတစ်ယောက်သည် မဆိုင်းမတွပင် မေးလိုက်သည်။

“အလောင်း . . . အလောင်းကြီးက လှုပ်နေတယ်။ နောက် . . . နောက်ပြီး . . . တဖြည်းဖြည်းနဲ့ အရည်ပျော်ကျနေတယ် . . .”

ထိုလူ၏ မျက်နှာတွင် သွေးဟူ၍ မရှိတော့ဘဲ ဖြူဖတ်ဖြူရော်ပင် ဖြစ်လျက်ရှိသည်။

ုကျန်သောလူများ အားလုံးသည်လည်း ထိုလူ့၏ စကားကြောင့် အလန့်တကြားပင် ဖြစ်သွားကာ အလောင်းများအား ချက်ချင်းပင် သွားကြည့်လိုက် ကြသည်။ ထိုအခါ အလောင်းကောင်များ လှုပ်လျက် ရှိသည်ကို မြင်တွေ့လိုက်ကြပြီး ကြည့်နေရင်းဖြင့်ပင် အသားများ တဖြည်းဖြည်း ပဲ့ကျ၍ အရည်ပျော်ကျ သွားကြသည်ကိုလည်း တွေ့မြင်လိုက်ရသည်။ ပတ်ဝန်းကျင်တစ်ခုလုံးတွင်လည်း အော်ဂလီဆန်ဖွယ်ကောင်းသည့် အပုပ်နံ့များဖြင့် လှိုင်လှိုင်ထနေလျက် ရှိသည်။

အရည်ပျော်ကျသွားပြီးနောက် မကြာခင်မှာပင် အလောင်းများသည် တဖြည်းဖြည်း သေး၍ သွားကြ သည်။ ကျုံ့သွားကြသည့် သဘောပင်။

မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် လူအုပ်ကြီးသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြရင်း မျက်စိပျက် မျက်နှာပျက်ပင် ဖြစ်နေကြသည်။ ထို့ပြင် ကြောက်ရွံ့ထိတ်လန့် နေသည့် စိတ်ကြောင့် ဇောချွေးများလည်း ပြန်လျက် ရှိသည်။

ထိုအချိန်မှာပင် အော်သံတစ်ခုအား ထပ်မံ၍ ကြားလိုက်ရသည်။ လူအုပ်ကြီးထဲမှ လူတစ်ဦးသည် ကြောက်လန့်တကြားဖြင့်ပင် အော်ဟစ်၍ ထွက်ပြေးသွားခြင်း ဖြစ်သည်။ ကျန်လူများသည် နောက်မှ လိုက်၍ ကြည့်ကြသောအခါ ထိုလူ့၏ မျက်နှာတွင် သွေးမရှိတော့သည့်အလား ဖြူဖတ်ဖြူရော်ပင် ဖြစ်နေသည်ကို မြင်တွေ့လိုက်ကြရသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားDonde viven las historias. Descúbrelo ahora