Chapter - 254"အချောင်သမားများ"

260 19 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 254

“အချောင်သမားများ"

“ဒီကမ္ဘာက အင်အားအကြီးဆုံး ဂိုဏ်းကြီး ၂ ဂိုဏ်းပေါ့ဗျာ။ နေရောင်ဂိုဏ်းနဲ့ ကြယ်ရောင်ဂိုဏ်းတို့ပဲ”

“သူတို့အမြင်မှာတော့ ကျုပ်တို့က ပမွှားပဲဗျ။ သူတို့နဲ့ယှဉ်ရင် လင်းပါအိုဆိုတာ ဘာမှကို မဟုတ်တော့ဘူး။ သူ . . . သူတို့က သိပ်ကို အင်အားကြီးလွန်းတယ် . . .”

ဝမ်ဇန်းဟိုသည် မျက်စိပျက်မျက်နှာပျက်ဖြင့် ပြောလိုက်သည်။

ရဲရှောင် လှောင်ရယ်သော အပြုံးမျိုးဖြင့် ပြုံးလိုက်ရင်း -

“အင်အားကြီးလွန်းတယ် ဟုတ်လား။ နေရောင်ဂိုဏ်းနဲ့ ကြယ်ရောင်ဂိုဏ်းက ဘာတွေများ ပြောသွား
လို့လဲ ပြောစမ်းပါဦး . . .”

ရဲရှောင်၏ မျက်နှာသည် အေးစက်မာကြောလျက် ရှိပြီး စိတ်ထဲတွင်လည်း မခံချင်ပင် ဖြစ်နေမိသည်။

(နေရောင်ဂိုဏ်းတဲ့လား . . . ဟမ့် . . . ဒါ ချင်းယန်နယ်ပယ်က သူရိယဂိုဏ်းရဲ့ ဂိုဏ်းခွဲတစ်ခု ဖြစ်မယ်ထင်တယ်။ ကြယ်ရောင်ဂိုဏ်းကလည်း ကြယ်အလင်းဂိုဏ်းရဲ့ ဂိုဏ်းခွဲဖြစ်မှာပေါ့။ သူတို့က မော်တယ်ကမ္ဘာမှာတောင် လာပြီး နယ်ချဲ့နေကြတာပါလား . . .)

“နေရောင်ဂိုဏ်းက ထူးခြားအစွမ်းထက်ဆေးလုံးတွေ တစ်မျိုးကို ၆ လုံးစီ လိုချင်တယ်တဲ့။ ကြယ်ရောင်ဂိုဏ်းကလည်း ဒီလိုပဲ။ သူတို့ကတော့ ၈ လုံးစီ လိုချင်တယ် ပြောတယ် . . .”

ဝမ်ဇန်းဟိုသည် ထိုကိစ္စနှင့် ပတ်သက်၍ ကြံရာမရ ဖြစ်နေသည့်ပုံပင်။

ရဲရှောင်လည်း အေးစက်စက်မျက်နှာပေးဖြင့် ခြောက်ကပ်ကပ် ရယ်မောလိုက်ရင်း -

“ဟဲဟဲ . . . သူတို့က လိုချင်တာတော့ အများကြီးပဲ။ ဘာများ ပြန်ပေးမယ် ပြောလဲ . . .”

ဝမ်ဇန်းဟို မခံချိမခံသာ ဖြစ်နေသည့်ဟန်ဖြင့် -

“သူတို့ဘက်က ဘာပေးမယ် ဆိုတာကိုတော့ မပြောသွားဘူး . . .”

“ဟားဟား ဟားဟား . . .”

ရဲရှောင် ဟက်ဟက်ပက်ပက်ပင် ရယ်မောပစ်လိုက်မိသည်။ သဘောကျလွန်းသည့်အတွက် မဟုတ်ဘဲ ဒေါသထွက်လွန်း၍သာ ရယ်မောလိုက်ခြင်း ဖြစ်သည်။ ထို့နောက် တည်ကြည် လေးနက်သော အသံဖြင့် -

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now