Chapter - 217"ယုံတမ်းစကားများ"

287 24 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 217

“ယုံတမ်းစကားများ”

တိမ်မြူခိုးနန်းတော်အကြောင်း ရှောင်ဧကရာဇ် သိနေခြင်းမှာ သူ၏ ဗဟုသုတ ကြွယ်ဝမှုနှင့် ဆက်စပ်တွေးခေါ်နိုင်စွမ်း ရှိခြင်းတို့ကြောင့် ဖြစ်သည်။ သာမန်ဂိုဏ်းများအဖို့ အခြားဂိုဏ်းတစ်ခု၏ လျှို့ဝှက်ချက်အား သိနိုင်ရန်အတွက် ဆွေစဉ်မျိုးဆက်တိုင် စုံစမ်းရပေလိမ့်မည်။ ရဲရှောင်မှာမူ ချင်းယန်နယ်ပယ်တွင် စိတ်ရှိတိုင်း စိုးမိုးခြယ်လှယ်ဖူးခဲ့သည့် ဧကရာဇ်တစ်ပါး ဖြစ်ခဲ့သောကြောင့် သူမသိသည့် ကိစ္စဟူသည်မှာ ခပ်ရှားရှားပင်။

ရဲရှောင်သည် တည်ငြိမ်စွာဖြင့် -

“မင်းလိုလူမျိုး ဘယ်နှစ်ယောက်လောက် ရှိလဲ . . .”

“ငါပြောချင်တာက လင်းရှောင်ရေခဲကျင့်စဉ်ကို မင်းလို နောက်ထပ် ဘယ်နှစ်ယောက်လောက်များ ကျင့် ကြသေးလဲလို့ . . .”

ဝမ်ရမ်ချူးချူးသည် ပြုံးလိုက်ရင်း -

“လင်းရှောင်ရေခဲကျင့်စဉ်ကို ကျင့်ကြံတဲ့ လူပေါင်းက ၃ ထောင်ကျော်လောက် ရှိမယ်။ ကပ်ဆိုးကြီး ကျလာတော့ ကျွန်မတို့ ဂိုဏ်းက အထိအနာဆုံး ဖြစ်ခဲ့ရတယ်။ ကျွန်မတို့လူ ၇၀၀ လောက်လည်း သေသွားခဲ့ရတယ်လေ။ ဆရာသခင်ကြီး အယောက် ၂၀၀ ကျော်လည်း ကြယ်ကြီးကို ဖယ်ရှားရင်းနဲ့ သေဆုံးခဲ့ကြရတယ်။ တချို့က ကျင့်ကြံမှုတွေ ဆုံးရှုံးခဲ့ကြရတယ်။ နောက်ပြီး ကျွန်မတို့လို အစွမ်းလျော့ကျသွားတဲ့ လူတွေလည်း အများကြီးပဲ . . .”

ဝမ်ရမ်ချုးချုး၏ မျက်နှာသည် ပြောနေရင်းဖြင့် ဝမ်းနည်းလာသည့် ပုံစံပင်။

“ကပ်ဆိုးကြီးပြီးတော့ ကျွန်မတို့ ဆေးဥယျာဉ်ကြီး ပျက်ဆီးသွားတယ်။ ဥယျာဉ်ကြီး မရှိတော့ရင် ကျွန်မတို့ရဲ့ ရောဂါကို ဘယ်လိုမှ ပြန်ကောင်းအောင် လုပ်နိုင်မှာ မဟုတ်တော့ဘူးလေ။ အဲ့ဒါကြောင့် ကျွန်မတို့ ဂိုဏ်းက လူ ၈၀ ရာခိုင်နှုန်းလောက်နီးပါးက သူတို့ရဲ့ ကျင့်ကြံမှုတွေကို စွန့်လွှတ်ပြီး တခြားကျင့်ကြံမှုတွေကို အစကနေ ပြန်ကျင့်ခဲ့ရတယ်။ အခုဆိုရင် ကျွန်မတို့မှာ လူ ၅၀ တောင် မပြည့်တော့ဘူး။ ကျွန်မတို့ကတော့ လင်းရှောင်ရေခဲကျင့်စဉ်ကို ဆက်ကျင့်နေကြတုန်းပဲ။ ကျွန်မတို့လို ကျန်တဲ့ လူတွေထဲမှာ တချို့ဆရာသခင်တွေနဲ့ သက်ကြီးပိုင်း ခေါင်းဆောင်တွေ ပါကြပေမယ့် သူတို့ရဲ့ ကျင့်ကြံမှုတွေကို ဆက်ပြီး ရှေ့မတိုးနိုင်ကြတော့ဘူးလေ။ အဲဒါကြောင့် ကျွန်မတို့အတွက် အခုအရေးကြီးဆုံးက အသက်ရှင်ဖို့ပဲ။ အခုကစပြီး ဘယ်လောက်ကြာအောင် သူတို့ကို ကာကွယ်ပေးထားရမလဲ မသိတော့ပါဘူး . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now