Chapter - 247 "ကုသမှုအား လက်ခံလိုက်ခြင်း"

256 20 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 247

"ကုသမှုအား လက်ခံလိုက်ခြင်း"

ရဲရှောင်၏ ကျင့်စဉ်သည် အခြားသော ကျင့်စဉ်များထက် ပို၍ ထူးခြားနေသည်မှာ အမှန်ပင် ဖြစ်သည်။

အရေးကြီးဆုံးအချက်မှာ အဆင့်တက်ရာတွင် မအောင်မြင်ခဲ့ပါက ထိခိုက် အန္တရာယ်ကျရောက်နိုင်ခြင်းပင် ဖြစ်သည်။ သို့သော် အချိန်အတိုင်းအတာတစ်ခုအထိ အနားယူလိုက်မည် ဆိုပါက ပြန်လည်၍ သက်သာကောင်းမွန် လာနိုင်ပါသည်။

တနည်းအားဖြင့် ထိုကျင့်စဉ်အား တတ်မြောက်ထားသူသည် ထပ်ခါထပ်ခါ အသုံးချနိုင်မည် ဖြစ်သည်။

“ဒီလိုကျင့်စဉ်မျိုး ပိုင်ဆိုင်ထားတော့ ဆရာဖန်အနေနဲ့ မူလဝိညာဉ်တော်အဆင့် ရောက်ဖို့အတွက် အချိန်ဘယ်လောက် ယူရမယ်လို့ ထင်လဲ . . .”

ပိုင်ရှင်းယွဲ့သည် ရဲရှောင်အား ကြည့်ရင်း စိတ်ဝင်တစားဖြင့် မေးလိုက်သည်။

သိချင်စိတ်ဖြင့် မေးလိုက်သော်လည်း စိတ်ထဲတွင်မူ စိုးရိမ်ပူပန် နေမိသည်။

ပိုင်ရှင်းယွဲ့အနေဖြင့် ထိုမေးခွန်းအား မမေးချင်ခဲ့ပေ။ ဖန်ဇီလင်နှင့် အနည်းငယ် ရင်းနှီးမှု ရှိနေသောကြောင့်သာ မေးလိုက်ခြင်း ဖြစ်သော်လည်း အခြားလူတစ်ယောက်၏ ကျင့်စဉ်နှင့် ပတ်သက်၍ စည်းမစောင့်ဘဲ မေးမြန်းလိုက်ခြင်းသည် ရိုင်းသည်ဟုပင် ဆိုရပေမည်။ ထိုစည်းသည် ဂိုဏ်းများအကြား ကန့်သတ်တားမြစ်ထားသော အရာလည်း ဖြစ်သည်။ သို့သော် ရဲရှောင်၏ ကျင့်စဉ်သည် အလွန်ထူးခြား ဆန်းကြယ်လှသော ကျင့်စဉ်တစ်ခု ဖြစ်နေသည့်အတွက် သိချင်နေသည့်စိတ်အား ချုပ်တည်း၍ မရနိုင်တော့ချေ။ ထို့ကြောင့် မေးရန်မသင့်သည့်တိုင် မေးလိုက်မိခြင်း ဖြစ်သည်။ ဖန်ဇီလင်မှ သူ မေးလိုက်သည့် မေးခွန်းအား မဖြေဘဲ ဒေါသထွက်သွားမည်ကိုလည်း စိုးရိမ်နေမိသည်။

ပိုင်ရှင်းယွဲ့၏ မေးခွန်းကြောင့် ရဲရှောင် ခဏမျှ စဉ်းစားလိုက်ရင်း -

“အင်း . . . ဒီကျင့်ကြံမှုက ခက်ခဲကြမ်းတမ်းတယ်။ လွယ်လွယ်ကျင့်နိုင်တာမျိုးတော့ မဟုတ်ဘူး။ ဒါပေမယ့် မမျှော်လင့်ထားစရာ ကိစ္စတွေသာ ဖြစ်မလာခဲ့ဘူးဆိုရင် ချင်းယန်နယ်ပယ်ကို နောက် ၂ နှစ်အတွင်း ရောက်နိုင်မှာပါ . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now