Chapter - 267"သက်ရောက်မှုမရှိခြင်း"

238 17 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 267

“သက်ရောက်မှုမရှိခြင်း”

ရဲရှောင်သည် သူ၏လက်အား မြောက်လိုက်သည်။ ထိုအခါ ရွှေရောင်အလင်းတန်းများသည် ပို၍ လင်းလက်သွားခဲ့သည်။ ထို့ပြင် ဘယ်ဘက်လက်မှ ရေခဲချီဓာတ်များသည် ရုတ်တရက် ပေါက်ကွဲထွက်သွားကာ နန်ရှန်ဆင်း၏ ဒဏ်ရာ ရထားသော လက်အား ဖုံးလွှမ်းသွားသည်။

“ဟမ် . . . မင်းက အဆိပ်မိသလို ခံစားလိုက်ရလို့လား . . .”

ရဲရှောင်သည် ဘာမှ မသိသည့် အနေအထားဖြင့် မေးလိုက်သည်။

“သောက်ရေးမပါတာ . . . မင်းကန်နေလား၊ မင်းသုံးလိုက်တဲ့့အပ်မှာ အဆိပ်တွေလေ . . .”

နန်ရှန်ဆင်းလည်း ဒေါသတကြီးဖြင့် အော်ဟစ်၍ ပြန်လည် ပြောဆိုလိုက်သည်။

“ဒီအပ်ရဲ့ အဆိပ်က တိရိစ္ဆာန်တွေ၊ မျိုးမစစ်တွေကိုပဲ သက်ရောက်မှုရှိတာ၊ လူဆိုရင် သက်ရောက်မှု မရှိဘူးကွ . . .”

ရဲရှောင်သည် ရယ်မော၍ ပြောဆိုလိုက်ရင်း နန်ရှန်ဆင်း၏ အနားသို့ လျှပ်တပြက် ရောက်ရှိသွားသည်။ ထို့နောက် သူ၏ ကိုယ်ခွဲများစွာ ထုတ်လွှတ်လိုက်ပြီး ထိုကိုယ်ခွဲများသည် နန်ရှန်ဆင်းအား ဝိုင်း၍ တိုက်ခိုက်လိုက်ကြသည်။

ရွှေလက်နှင့် ရေခဲချီဓာတ်များ ထွက်ပေါ်နေသော
လက်တို့၏ ပေါင်းစပ် တိုက်ခိုက်မှုမှာ သက်ရောက်မှု ကြီးမားလှသည်။

အချိန်ခဏအကြာတွင် ပုံရိပ်ယောင်များ အားလုံး ပျောက်ကွယ်သွားကာ ရဲရှောင် တစ်ယောက်သာ ကျန်ရှိတော့သည်။

နန်ရှန်ဆင်းလည်း စကားပြန်ပြောနိုင်ချိန် မရှိတော့ဘဲ နာကျင်မှု ဝေဒနာ သက်သာစေရန်အတွက် သူ၏ လက်တစ်ဖက်ဖြင့် စွမ်းအင်များအား စုစည်းနေ၍ ကျန်လက်တစ်ဖက်ဖြင့် ရဲရှောင်၏ တိုက်ခိုက်မှုများကို ကာကွယ်နေလျက် ရှိသည်။ ရဲရှောင်အား သူ၏ ရင်ထဲအသည်းကပင် မုန်းတီးနေသည့်အတွက် အစွမ်းကုန် ပြန်၍ ကြိုးစားတိုက်ခိုက်နေခဲ့သည်။

နန်ရှန်ဆင်းသည် စကားအရာတွင် ပရိယာယ် ကြွယ်ဝလှသည့် ဖန်ဧကရာဇ်အား ယှဉ်၍မရမှန်း မိမိကိုယ်ကို သိနေလေသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now