Chapter - 359"ဝတ်ရုံနက်ဖြင့်လူ"

227 18 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 359

“ဝတ်ရုံနက်ဖြင့်လူ”

“ဒီဆေးလုံးတွေ ငါတို့ မျိုးနွယ်ဆီကို ပြန်ရောက်မယ် ဆိုရင် ငါတို့ စတေးခံရကျိုး နပ်ပါတယ် . . .”

“ဘာလို့လဲဆိုတော့ ဒီဆေးလုံးတွေကသာ ငါတို့မျိုးနွယ်စုတွေအတွက် မျှော်လင့်ချက်တွေ ဖြစ်နေလို့ပဲ။ နောက်ပိုင်း ဘယ်ဂိုဏ်းကိုမှ ဦးညွှတ်နေစရာ မလိုတော့ဘူးပေါ့ကွာ . . .”

ထိုစကားလုံးများအား ခပ်ဖြည်းဖြည်းပြောနေသည့် လောင်ရှန်ယွန်၏ မျက်လုံးများထဲတွင် မျှော်လင့်ချက် ရောင်ခြည်များ ပြည့်နှက်လျက် ရှိသည်။

ကျန်သော လူများသည် အာရုံစိုက်၍ နားစိုက်ထောင်နေကြသည်။ လောင်ရှန်ယွန်၏ အစီအစဉ်သည် လက်တွေ့ကျသော အစီအစဉ် တစ်ခုဟု ဆိုရပေမည်။

သို့သော် ပထမအုပ်စုသည် ဂိုဏ်းကြီး ၂ ခုအား ထိပ်တိုက်ရင်ဆိုင်ရပေလိမ့်မည်။

ထိုအုပ်စုတွင် ပါဝင်မည့် လူများသည် ညှင်းပန်းနှိပ်စက်မှုများ ခံရနိုင်သကဲ့သို့ ပြုသမျှလည်း နုကြရပေလိမ့်မည်။

ထိုမျှသာမက နောက်ဆုံး ဂိုဏ်းကြီး ၂ ဂိုဏ်း လိုချင်သော အဖြေမျိုး မပေးနိုင်ခဲ့လျှင်လည်း အသတ်ခံရမည်မှာ မလွဲဧကန်ပင်။

ထို့ပြင် အရေးကြီးသည့် အချက်တစ်ချက်မှာ စတေးခံရမည့် လူများသည် မျိုးနွယ်စုကြီးများ အတွင်းမှ ကောင်းကင်အဆင့် ထိပ်တန်းပညာရှင်များသာ ဖြစ်နေမည် ဖြစ်သည်။

ထိုကဲ့သို့ အဆင့်မြင့် ပညာရှင်များ ဖြစ်မှသာ ဂိုဏ်းကြီးများ အာရုံစိုက်လာနိုင်အောင် ကြိုးစားနိုင်ကြမည် မဟုတ်ပါလော။

ထို့ကြောင့် စတေးခံမည့် လူများအား အရင်ဆုံး ရွေးထုတ်ကြရပေမည်။

ထိုကဲ့သို့ စတေးမှုများ လုပ်မှသာလျှင် ယခုရင်ဆိုင်နေရသော အခြေအနေမှ လွတ်မြောက်နိုင်မည် ဖြစ်သည်။

အခန်းတွင်းတွင် အပ်ကျသံပင် မကြားရတော့လောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ အချို့ဆိုလျှင် ရီဝေစွာဖြင့် တစ်နေရာတည်းကိုသာ ငိုင်၍ ကြည့်နေလျက် ရှိကြသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားHikayelerin yaşadığı yer. Şimdi keşfedin