Chapter - 238"ဘဝတူ"

273 23 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 238

“ဘဝတူ”

မိန်းကလေး အတိတ်မေ့နေသည်မှာ ခပ်ကောင်းကောင်းဟုပင် ဆိုရပေမည်။

ဘဝကြီးအား ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းခဲ့ရသော ထိုမိန်းကလေးအဖို့ နာကျည်းစရာကောင်းသည့် အတိတ်များအား မှတ်မိနေ၍လည်း ဘာမှ မထူးချေ။

သူမ၏ အသက် ၆ နှစ် နောက်ပိုင်းမှ အကြောင်းအရာများအား ဘာဆိုဘာမှ မမှတ်မိတော့ခြင်း ဖြစ်သည်။

အနည်းဆုံးမူ ရဲအိမ်တော်တွင် နေထိုင်သမျှ ကာလပတ်လုံး ခက်ထန်ကြမ်းတမ်းသည့် ဘဝမျိုး ရှိနိုင်တော့မည် မဟုတ်ပေ။

မိန်းကလေးသည် ဘဝအား ကြမ်းကြမ်းတမ်းတမ်း ဖြတ်သန်းခဲ့ရသဖြင့် မည်သည့် အတတ်ပညာမျှ တတ်မြောက်ခြင်း မရှိလောက်ဟု ရဲရှောင် တွေးမိလိုက်သည်။ ထို့ကြောင့် ပညာရပ်အချို့ သင်ကြားပေးလိုက်မည် ဆိုပါက အနာဂတ်တွင် ထွန်းလင်းတောက်ပမည့် ကြယ်တစ်ပွင့် ဖြစ်လာနိုင်သည်ကိုလည်း တွေးလိုက်မိသည်။

ရဲရှောင် မိန်းကလေး၏ ဘဝအကြောင်းအား တွေးရင်း သက်ပြင်းသာ ချလိုက်မိသည်။ သူ၏ ယခင်ဘဝကိုလည်း ပြန်လည်မြင်ယောင် သွားမိသည်။

ရဲရှောင်သည် ယခင်ဘဝတွင် မိဘမဲ့တစ်ဦး ဖြစ်ခဲ့သည်။ လောကအလယ်တွင် အားကိုးရာမရှိသော အစွန့်ပစ်ခံ ကလေးငယ်တစ်ဦး ဖြစ်ခဲ့ရသည်။

သူ၏ ဆရာနှင့် တွေ့စဉ်က သူ၏အသက်သည် ၆ နှစ်မျှသာ ရှိသေးသည်။

ယခင်ဘဝတွင် ဖြတ်သန်းခဲ့ရသည့် ပုံရိပ်များ ရဲရှောင်၏ အတွေးထဲတွင် တရေးရေးဖြင့် ပြန်ပေါ်လာသည်။

ယခုမိန်းကလေး၏ ငယ်ဘဝနှင့် သူ၏ ဘဝမှာလည်း မထူးခြားမနားပင်။

ယခင်ဘဝမှ အကြောင်းအရာများအား စဉ်းစားမိသောအခါ ရဲရှောင်သည် မိန်းကလေးအား ပို၍ ဂရုဏာ သက်သွားမိလေသည်။

“ငါတို့ နှစ်ယောက် ဖြတ်သန်းခဲ့ရတဲ့ ဘဝတွေက သိပ်မကွာပါဘူး။ ငါ မင်းကို အချိန်တစ်ခုထိတော့ စောင့်ရှောက် ပေးထားပါ့မယ်။ နောက်ပိုင်း ငါဘာတွေလုပ်မယ် ဘယ်တွေသွားမယ် ဆိုတာကိုတော့ နတ်ဘုရားတွေပဲ သိနိုင်မှာပေါ့။ အဲဒီအခါကြရင် မင်းလည်း ငါ့ဘေးနားကနေ ယုံကြည်မှုအပြည့်နဲ့ လောကအလယ် လျှောက်လှမ်း သွားနိုင်လောက်ပါပြီလေ . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now