Chapter - 223"ကျော့ကွင်း"

271 20 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 223

“ကျော့ကွင်း”

ရဲရှောင်၏ အပြုအမူကြောင့် စောင့်ကြည့်နေသော မိန်းမပျိုသည် ကြောင်ငေးသွားကာ -

[ဒီလူက ဘာလဲဟ ခုပဲသွားတယ်၊ ခုပဲ ပြန်လာတယ်။ အခု လူတွေကလည်း အများကြီး ရှိနေတော့ သူ့အနားကို အရမ်းနီးနီးကပ်ကပ် သွားလို့ မရသေးဘူး။ ငါ့နှယ်တော့ . . . ဘာဆက်လုပ်ရမှန်းကို မသိတော့ပါဘူး . . .]

ထို့နောက် ရဲရှောင်သည် လင်းပါအို ခန်းမအတွင်းသို့ ပြန်ဝင်သွားသည်ကို တွေ့လိုက်ရပြန်သည်။ ယခုအခေါက်တွင် တော်တော်နှင့် ပြန်မထွက်မလာတော့ချေ။

မိန်းမပျိုသည် အပြင်ဘက်တွင် စိတ်ရှည်လက်ရှည်ဖြင့် စောင့်ဆိုင်းနေလေသည်။ အတော်အတန်ကြာသည်အထိ ရဲရှောင်ထွက်မလာ၍ သူမ၏ စိတ်စွမ်းအားဖြင့် ရဲရှောင်အား ကြည့်လိုက်သည်။ ထိုအခါ အသည်းပေါက်မတတ်ပင် မကျေမနပ် ဖြစ်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် ဖန်ဇီလင်သည် လင်းပါအိုခန်းမအတွင်း၌ အေးအေးလူလူဖြင့်ပင် အရက်ထိုင်သောက်လျက် ရှိနေသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။

ဖန်ဇီလင်၏ ဘေးတွင် အနှစ်တစ်သောင်းလျှင် တစ်ကြိမ်ပင် မြင်ရခဲလှသည့် အလွန်တရာ ဝလှသည့် လူဝကြီးတစ်ဦး ထိုင်နေလေသည်။ ထိုလူဝကြီး၏ အသားများသည် တွဲကျနေပြီး ဖန်ဇီလင်အပေါ် ရိုရိုကျိုးကျိုးဖြင့် ဆက်ဆံနေသည်ကို သူမ တွေ့လိုက်ရသည်။

ဖန်ဇီလင်သည် မှိုရသည့် မျက်နှာမျိုးဖြင့်ပင် သောက်လျက်ရှိနေပြီး တစ်ချက်တစ်ချက်တွင် ကျယ်လောင်စွာ ရယ်မောလိုက်ပြန်သည်။ ထိုကဲ့သို့ ရယ်မောလိုက်သည့်အခါတိုင်း သူ၏ ပါးစပ်ထဲရှိ သွားများ ပင် အကုန်ပေါ်သွားလေသည်။

“ဘာလဲဟ . . . တော်တော်ကြာတဲ့အထိ လျှောက်သွားပြီးမှ ရုတ်တရက် ပြန်လှည့်လာပြီး ဘာလို့ လာသောက်နေရတာလဲ . . .”

အမှောင်ထဲမှ မိန်းမပျိုသည် နားမလည်ဟန်ဖြင့် ရေရွတ်လိုက်သည်။

ထိုမိန်းမပျိုသည် ချင်းယန်နယ်ပယ်မှ အစွမ်းထက်ဆုံး ပညာရှင် ၃ ဦးထဲမှ တစ်ဦးပင် ဖြစ်သည်။ ထို့ပြင် အတွေ့အကြုံများလည်း ကြွယ်ဝသူတစ်ဦးဖြစ်သောကြောင့် သူမအား ယှဉ်နိုင်သည့် လူဟူ၍ မရှိသလောက်ပင်ဖြစ်သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now