Chapter - 281 - 285

293 29 0
                                    

Chapter – 281
“အပြန်အလှန်”

(ငါတို့က မင်းတို့ကို အနိုင်ကျင့်တယ်လို့ ထင်နေတယ်ပေါ့၊ အဲဒါနဲ့ပဲ
မင်းတို့က ပြန်ပြီး တော်လှန်ကြ မယ်ပေါ့လေ။ ငါတို့ကလည်း အဲဒီလိုမျိုးကို
လိုချင်နေတာပဲ . . .)
(မင်းတို့သာ ငါတို့ကို အရင်ဆုံး ထိုးစစ်ဆင်လိုက်မယ်ဆိုရင် မင်းတို့ဘက်
က ငါတို့သိက္ခာကို စပြီး စော် ကားသလို ဖြစ်သွားပြီ။ အဲ့ဒီတော့ မင်းတို့ကို သတ်
ပစ်လိုက်မယ် ဆိုရင်တောင် မုန်တိုင်းအိမ်တော်က ဘာမှ ဝင်ပြောတော့မှာ
မဟုတ် ဘူး . . .)
(မင်းတို့ရဲ့ ဂုဏ်သိက္ခာအတွက် အတွက် ပြန်တိုက် ခိုက်ကြမယ်ပေါ့လေ
ဟုတ်လား . . . ဂုဏ်သိက္ခာကို ဂရုစိုက်နေမယ်ဆိုရင် အင်အားကြီးသူရဲ့
လက်ထဲမှာ အသက်ပေးရမှာပဲ၊ ဒီလို မဟုတ်မခံတဲ့စိတ်နဲ့ တိုက်ခိုက်တဲ့အတွက်
လူတွေကတော့ မင်းတို့ကို ချီးမွမ်းကောင်း ချီးမွမ်းကြမှာပေါ့လေ။ ဒါပေမယ့်
အဲ့ဒီလို လုပ်တဲ့အတွက်လည်း မင်းတို့က ဂုဏ်သိက္ခာရှိရှိနဲ့ သေသွားကြတဲ့
အလောင်းကောင်တွေ ဖြစ်သွားကြမှာထက် မပိုပါဘူး . . .)
ဂိုဏ်းကြီးနှစ်ခုရှိ လူများသည် မခိုးမခန့်ပင် ပြုံးရင်း စိတ်ထဲတွင် တွေး
နေမိကြသည်။
ထို့ပြင် အားလုံး၏ မျက်နှာအမူအယာများသည် အေး စက်မာကြောလျက်
ရှိပြီး သူတို့၏ သတ်ဖြတ် လိုသော အငွေ့အသက်များအား ထုတ်လွှတ်လိုက်
ကြသည်။
(မင်းတို့က သည်းမခံနိုင်တော့ဘူး ဆိုမှတော့လည်း ငါတို့က ပိုပြီး
သည်းမခံနိုင်အောင် လုပ်ပေးရတော့မှာပေါ့။ မင်းတို့ဘက်က စတိုက်ခိုက်လာတာနဲ့ မုန် တိုင်းအိမ်တော် အရှေ့မှာတင် အကုန်လုံးကို သတ်
ပြပစ်မယ် . . .)
ထိုအချိန်တွင် နံပါတ် ၁ အခန်းမှာမူ တိတ်ဆိတ် ငြိမ် သက်လျက်ရှိသည်။
လေလံပွဲ မစတင်မီကပင် နံပါတ် ၁ အခန်းအား ပရိဘောဂ ပစ္စည်
းအစုံအလင်ဖြင့် အခမ်းနားဆုံး ဖြစ်စေရန် ပြုလုပ်ထားကြသည်။ ထို့ပြင် ထိုအခန်
းသာမက ကျန်သော အခန်းများကိုလည်း လင်းပါအိုမှ စနစ် တကျဖြစ်စေရန်
စီစဉ်ထားခဲ့ပြီး အခန်းနံရံများတွင်လည်း နံရံကပ် ပန်းချီများကိုပင်
ချိတ်ဆွဲပေးထား သည်။ ထိုမျှသာမက စားပွဲများ ကုလားထိုင်များကိုလည်း
ချောမွေ့သော ကျောက်သားစစ်စစ်များဖြင့် ပြုလုပ်ထားကြသည်။
နံပါတ် ၁ အခန်း၏ အလယ်တွင်မူ အလွန်တန်ဖိုးကြီး၍ ခန့်ညားထည်
ဝါလှသည့် ခရမ်းရောင် ကျောက်ကုလားထိုင်တစ်လုံး ရှိနေလေသည်။
အဖြူရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူတစ်ဦး သည် ထိုခုံပေါ်တွင်
ထိုင်နေလျက်ရှိသည်။ သူ၏ မျက်နှာသည် အနည်းငယ် ပြုံးယောင်သန်းလျက်
ရှိပြီး ထိုအပြုံးနှင့်အတူ ချောမောခန့်ညားသည့် ရုပ်ရည်သွင်ပြင်မျိုးလည်းရှိသည်
။ ထို့ပြင် နက်မှောင်သော ဆံကေသာ၊ ရှည်လျား ဖြောင့်စင်းသည့်
မျက်ခုံးမွှေးများနှင့် စူးရှသော မျက်ဝန်းအစုံကိုလည်း ပိုင်ဆိုင် ထားလေသည်။
သူ၏ မျက်လုံးမှာမူ အဓိပ္ပါယ်ဖော်ရန် ခဲယဉ်းလှ သည်။
အဖြူရောင်ဝတ်ရုံနှင့်လူငယ်သည် ငြိမ်သက်စွာ ထိုင်နေလျက်ပင်
စားပွဲပေါ်ရှိ မီးတိုင်အား ငေးကြည့်နေသည်။ သူ၏ မျက်လုံးများသည်
ကြည်လင်၍ စူးရှလှပြီး ဝတ်ဆင်ထားသော အဖြူရောင်ဝတ်ရုံနှင့် အလွန်ပင်
သဟဇာတ ဖြစ်လှသည်။ လူအများ၏အမြင်တွင် နတ်ဘုရား တစ်ပါးနှင့်ပင်
တူနေပါသေးသည်။
မီးတိုင်မှ အငွေ့များသည် အတန်းလိုက် အပေါ်သို့ တက်လျက်ရှိပြီး
အပေါ်သို့ ရောက်သည့် အခါမှသာ လွင့်ပျယ်သွားကြသည်။ ထိုအချိန် အငွေ့သွားရာ လမ်းကြောင်းသည် တစ်စုံတစ်ခု၏
နှောင့်ယှက်မှုကို ခံလိုက်ရသည့်အလား အပေါ်သို့ တန်းတန်းမတ်မတ်
တက်နေရာမှ အဖြူရောင်ဝတ်ရုံနှင့် လူထံသို့ လွင့်ပျံသွားသည်။
ထိုလူသည် ပြုံးလျက်ပင် အငွေ့များအား စိုက်ကြည့် လိုက်သည်။
သူ၏ အပြုံးသည် လေးနက်လှသည်။
ထိူလူငယ်၏ နောက်တွင် အဖြူရောင်ဝတ်ရုံ ဝတ်ဆင်ထားသော
မိန်းကလေးတစ်ဦးသည် မတ်တတ်ရပ် လျက်ရှိသည်။ သူမသည် ဝတ်ရုံဖြူနှင်
့လူ၏ ပြောင်းလဲမှုအား သတိပြုမိသွားခဲ့သည်။ ထို့ကြောင့် အပေါက်ဝသို့
ငေးကြည့်လိုက်ရင်း -
“တော်တော်ပြင်းတဲ့ အငွေ့အသက်တွေပါလား။ ဘယ်လို ပညာရှင်များ
ရှိနေတာပါလိမ့်။ ဒီလို အငွေ့အသက်မျိုးကို မုန်တိုင်းအိမ်တော်က အမုန်းဆုံးပဲ .
. .”
ဝတ်ရုံဖြူနှင့် မိန်းကလေးသည် ထိုစကားအား ပေါ့ပေါ့ပါးပါးပင်
ပြောလိုက်ခြင်း ဖြစ်သည်။
သူမ၏ ခြေထောက်အား တစ်လက်မမျှပင် မရွေ့လိုက်သော်လည်း
အသံကိုမူ ခန်းမတစ်ခုလုံး ကြားလိုက်ကြရသည်။
လေသံအား သာမန် စကားပြောသည့် အနေအထားဖြင့်
ပြောလိုက်သော်လည်း လူတိုင်းသည် ထိုစကားအား ကြားလိုက်ကြရခြင်း ဖြစ်
သည်။
မိန်းကလေး၏ အသံသည် နားဝင်ချိုလှသော်လည်း ဂိုဏ်းကြီး ၂ ခုမှ လူ ၆
ယောက်သည် ထိုအသံအား ကြားလိုက်ရသောအခါ ထိတ်လန့် တုန်လှုပ်စွာဖြင့်
ခေါင်းငုံ့သွားကြသည်။
မိန်းကလေး၏ အသံသည် ချိုသာသလောက် ရက် စက်မှုများဖြင့်
ပြည့်နေသော အသံမျိုးပင် ဖြစ်သည်။ မုန်တိုင်းအိမ်တော်တွင် မိန်းကလေး ၂ ဦးသာ ရှိလေသည်။တစ်ဦးမှာ
ချူးအာဖြစ်၍ ကျန်တစ်ယောက်မှာမူ ဝမ်အာ ဖြစ်သည်။
ယခုအသံသည် အဆိုပါ မိန်းကလေး ၂ ယောက်ထဲမှ တစ်ယောက်၏
အသံပင် ဖြစ်ပေလိမ့်မည်။
မုန်တိုင်းအိမ်တော်အဖွဲ့ လေလံခန်းမသို့ လာရောက်ခဲ့စဉ်က ဟိတ်ဟန်
အပြည့်ဖြင့် ရောက်လာသည် မှာလည်း အံ့သြစရာတော့ မရှိချေ။
မိန်းကလေး၏ အသံအား ကြားလိုက်ရသောအခါ လူအားလုံးသည်
ချက်ချင်းပင် နံပါတ် ၁ အခန်းသို့ မသိမသာ လှမ်းကြည့်လိုက်ကြသည်။
ထိုအသံသည် နူးညံ့သလောက် စွမ်းအားများပြည့်ဝနေသည့် အသံမျိုးပင်
ဖြစ်လေသည်။
မာမာထန်ထန် ပြောခြင်း မဟုတ်သည့်တိုင် ခြိမ်းခြောက်နေသည့်
အသံများ ပါဝင်နေသကဲ့သို့ ခံစားလိုက်ကြရသည်။ ထိုအသံကြောင့် လေလံခန်
းမရှိ လူတိုင်း ထိတ်လန့်သွားကြမည်မှာ အမှန်ပင် ဖြစ်သည်။
(မုန်တိုင်းအိမ်တော်က ပြောလာပြီဆိုမှတော့ ငါတို့သာ ဒီလို
ဆက်လုပ်နေမယ်ဆိုရင် သူတို့ကို ဆန့်ကျင်သလို ဖြစ်သွားမှာပဲ . . .)
မည်သူမျှ မုန်တိုင်းအိမ်တော်ရှိ မိန်းကလေး ၂ ယောက်အား စိန်မခေါ်ဝံ့ကြ
ချေ။
စိန်ခေါ်ဝံ့သော သူသည်လည်း အသက်နှင့်ခန္ဓာကိုယ်
အိုးစားကွဲသွားမည်သာ ဖြစ်သည်။
မုန်တိုင်းအိမ်တော်မှ လင်းပါအို ခန်းမအပေါ် ဖိနှိပ်နေခြင်းအား
မနှစ်မြို့ကြောင်း ဂိုဏ်းကြီး၂ခုသည် သဘောပေါက်သွားကြသည်။
သူတို့အနေဖြင့် မရပ်တန့်လိုက်ပါက သေချာပေါက်ပင် အပြစ်ပေး
ခံရနိုင်ပေသည်။
ထို့ကြောင့် ချက်ချင်းပင် ရပ်တန့်လိုက်ကြသည်။ ထိုကဲ့သို့ တစ်ဖက်မှ လျော့ချလိုက်သည့်အခါ လျူချန်းဂျန်၏
လုပ်ကြံသတ်ဖြတ်ရေးသမားများ ဖြစ်သော လူ၂၀၀ ကျော်တို့၏
အငွေ့အသက်များသည် ပိုမို ဖုံးလွှမ်းသွားခဲ့သည်။ ထို့ကြောင့် ခန်းမတစ်ခုလုံး
အေးစက်သွားရပါတော့သည်။ သတ်ဖြတ်လိုသော အငွေ့အသက်များသည်
အေးစက်သော ဂုဏ်သတ္တိ ရှိသဖြင့် ထိုကဲ့သို့ ဖြစ်သွားရခြင်းပင် ဖြစ်သည်။
လေလံခန်းမသို့ တက်ရောက်လာကြသည့် လူများသည် တိုက်ခိုက်ရေး
ပညာရပ်အား တတ်ကျွမ်းကြသည့်လူများ ဖြစ်ကြသဖြင့် မည်သည့်
အငွေ့အသက်များ ဖြစ်သည်ကို သိရှိကြသည်။ သို့သော် ထုတ် ဖော်၍တော့
မပြောကြပေ။
လျူချန်းဂျန် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ရင်း
လေသံတီးတိုးဖြင့် -
“ပြန်ဆုတ်မယ် . . .”
တိတ်ဆိတ်ငြိမ်သက်နေသည့် အချိန်တွင် လျူချန်းဂျန်၏ အသံအား
လူတိုင်းလိုလို ကြားလိုက်ကြရသည့်အတွက် အံ့သြတုန်လှုပ် သွားကြသည်။
ထိုအသံကြောင့်ပင် အားလုံးသော လုပ်ကြံသတ်ဖြတ်ရေးသမားများသည်
ရပ်တန့်လိုက်ကြပြီး သူတို့၏ သတ်ဖြတ်လိုသော အငွေ့အသက်များအား
ပြန်လည် လျော့ချလိုက်သည်။ ထိုအခါမှသာ ခန်းမတစ်ခုလုံး ချက်ချင်းပင် နဂို
အခြေအနေသို့ ပြန်လည်ရောက်ရှိသွားလေသည်။
လုပ်ကြံသတ်ဖြတ်သူများသည် ဓားအား ကိုင်ထားရာမှ
လွှတ်လိုက်ကြသည်။
အချိန်မရွေး တိုက်ပွဲ ဖြစ်သွားနိုင်သည့် အခြေအနေသို့
ရောက်ရှိခဲ့သည့်တိုင် တကယ့်လက်တွေ့တွင် မဖြစ်ပွားခဲ့ချေ။
ဝမ်ဇန်းဟိုသည်လည်း စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်း
ချလိုက်မိသည်။ စိတ်ဖိစီးမှုလည်း အနည်းငယ် လျော့ပါးသွားသည့်အတွက် လျူချန်းဂျန်
ရှိရာသို့ လှမ်းကြည့်မိလိုက်သည်။
လျူချန်းဂျန်သည် မှောင်ရိပ်အတွင်း ရှိနေသောကြောင့် ဝမ်ဇန်းဟိုအား
မမြင်ရပေ။ သို့သော် ဝမ်ဇန်းဟို၏ ရင်ထဲမှာမူ နွေးထွေးသွားသော ခံစားချက်
တစ်ခုအား ခံစားလိုက်ရသည်။
(ဒီကောင်က ငါ့ကိုတော့ ဂရုစိုက်သားပဲ။ ငါ့ကို သူ့အစ် ကိုကြီး
တစ်ယောက်လိုကို ဆက်ဆံလိုက်တာပဲ။ သူ့က သူ့ရဲ့ စိတ်ခံစားမှုတွေကို
စကားလုံးတွေနဲ့ မဖော်ပြတတ်ပေမဲ့ အရေးကြုံလာရင်တော့ အားကိုးရသားပဲ။
ငါ့အတွက်တော့ ဒီကိစ္စက တော်တော်ကို ကျေနပ်စရာကောင်းတယ် . . .)
လူများသည်လည်း ယခုမှသာ စိတ်အေးလက်အေး ဖြစ်သွားကြသည်။
လျူချန်းဂျန်၏ လုပ်ရပ်ကြောင့် ဝမ်ဇန်းဟိုသည်လည်း လျူချန်းဂျန်အပေါ် ချီးမွမ်း
နေမိသည်။
ဝမ်အာသည်လည်း ခန်းမအား တစ်ချက်ဝေ့ကြည့် လိုက်ရင်း သူမ၏
အခန်းတွင်းသို့ ပြန်ဝင်သွားပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now