Chapter - 361"သွေးခွဲခြင်း"

217 21 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 361

“သွေးခွဲခြင်း”

လောင်ရှန်ယွန်သည် လှုပ်ရှားမှု မပြုသေးဘဲ ဝတ်ရုံနက်နှင့် လူကိုသာ ငေးကြည့်လျက် ရှိသည်။

ထိုလူ၏ လှုပ်ရှားမှုများ နှင့် ကိုယ်နေဟန်ထားတို့ အား စေ့စေ့စပ်စပ် ကြည့်ရင်း စိတ်ထဲတွင် တွေးနေမိသည်။

(ငါက သူ့ကို အပြာရောင်မိုးတိမ်ဂိုဏ်းကလို့သာ ပြောလိုက်ရတာ။ ငါကိုယ်တိုင်လည်း သေချာ မသိဘူး။ သူ့ရဲ့ လှုပ်ရှားပုံတွေ၊ ပုံစံအနေအထားတွေက ဘယ်သူနဲ့များ တူနေတာပါလိမ့် . . .)

လောင်ရှန်ယွန်သည် စဉ်းစားရင်းဖြင့် ပုံဖော်နိုင်အောင် ကြိုးစားလျက် ရှိသည်။ဟန

(သိသာတဲ့ အချက်ကတော့ သူ့ဓားရေးက တော်တော် အစွမ်းထက်မယ့်ပုံ ရှိတယ်။ ဒါပေမယ့် နည်းနည်း မသေသပ်သလိုပဲ . . .)

(သူသုံးတဲ့ လှုပ်ရှားမှုပုံစံကလည်း တော်တော်ကို မြန်တယ်။ ဒါပေမယ့် မသိရင် အားကို အတင်းထုတ်သုံးထားရသလို ဖြစ်နေပြန်တယ်။ သူက သူကျင့်ကြံထားတဲ့ ကျင့်စဉ် အစစ်အမှန်ကို သုံးနေတာ မဟုတ်ဘူး။ စွမ်းအင်တွေ အလွန်အကျွံ ထုတ်သုံးနေသလို ဖြစ်နေတာ။ ဘာကြောင့်လဲ . . .)

(ဒီလို ထိပ်တန်းပညာရှင် အယောက် ၂၀ ကျော်နဲ့ အဝိုင်းခံထားရတာတောင် မတုန်လှုပ်ဘူး။ တော်ရုံတန်ရုံလူဆိုရင် ငါတို့ဘက်က လူအင်အား ကြည့်ပြီး လန့်သွားမှာပဲ။ ဘယ်သူမှ ဒီလူတွေ အားလုံးကို အထင်သေးဝံ့မှာ မဟုတ်ဘူး။ ဒါပေမယ့် သူက သူ့အစွမ်း အစစ်အမှန်ကို မသုံးရုံတင်မကဘူး သာမန်လုပ်ရိုးလုပ်စဉ် ဖြစ်ရိုးဖြစ်စဉ် ဖြစ်နေသလိုပဲ။ သူ့လိုလူမျိုးက ဂိုဏ်းကြီး ၂ ခုထဲမှာတောင် အများကြီး မရှိလောက်ဘူး . . .)

(သူကနေရောင်ဂိုဏ်းက မဟုတ်သလို ကြယ်ရောင်ဂိုဏ်းကလည်း မဟုတ်ဘူးဆိုရင် ဒီ့ပြင် ဂိုဏ်းတွေထဲက ဘယ်သူ ဖြစ်နိုင်မလဲ၊ င့ါဦးနှောက်က အဲဒီလောက်တောင် မမှတ်မိနိုင်တော့ဘူးလား . . .)

လောင်ရှန်ယွန် အသည်းအသန် စဉ်းစားလျက်ရှိသည်။

ခဏအကြာတွင် အပြင်ဘက်မှ စောင့်ကြပ်နေကြသူများ အားလုံးပါ ဝင်ရောက် ပူးပေါင်းလိုက်သည့်အခါ အယောက် ၃၀ ကျော်ဖြစ်သွားလေသည်။ တစ်ဖက်မှ တစ်ယောက်တည်းဖြင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now