Chapter - 249"ဝေဒနာအား ကုသပေးခြင်း"

250 22 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 249

"ဝေဒနာအား ကုသပေးခြင်း"

(မင်းက ငါ့ကိုလည်း ကုစေချင်သေးတယ်။ အဝတ်ကြတော့လည်း မချွတ်ပေးရဲဘူး။ မင်းက ငါ့ကို သက်သက်မဲ့ အချိန်လာဖြုန်းနေတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကုမယ်ဆိုမှတော့ ချွတ်ကို ချွတ်ရမှာပေါ့ . . .)

(မင်းပြောတော့ ဘာကိုမှ မကြောက်ပါဘူးဆို၊ အခုကြ တကယ်တမ်းလည်း ချွတ်ဆိုရော တွန့်ဆုတ် နေပြီလား၊ အချိန်ဖြုန်းတာ ပျော်ဖို့ကောင်းတယ်များ ထင်နေတာလားကွာ . . .)

ချီတုံချတုံ ဖြစ်နေသော ပိုင်ရှင်းယွဲ့အား ကြည့်ရင်း ရဲရှောင်၏ စိတ်ထဲတွင် တနုံ့နုံ့ပင် ဖြစ်နေမိသည်။

ပိုင်ရှင်းယွဲ့သည် ရှက်ရွံ့မှုနှင့်အတူ ဒေါသများလည်း ထွက်နေသောကြောင့် ရဲရှောင်အား မည်သည့်စကားမှ ပြန်မပြောဘဲ ရေငုံနှုတ်ပိတ်သာ နေနေမိသည်။ စိတ်မရှည်လက်မရှည် ဖြစ်နေသော ရဲရှောင်အား ကြည့်ရင်း စိတ်ထဲတွင်လည်း အံ့ဩနေမိသည်။

(ဒီလူက ငါ့လောက်တောင် ဖိုမဆက်ဆံရေးအကြောင်း မသိတာပါလား . . .)

ထိုကဲ့သို့ စဉ်းစားမိလိုက်သဖြင့် ပိုင်ရှင်းယွဲ့၏ စိတ်ထဲတွင် စိတ်သက်သာရာ ရသွားခဲ့သည်။ ရဲရှောင်အား ကြည့်ရင်း အသံထွက်၍ပင် ရယ်ချင်မိသွားသည်။

စိတ်လောနေသော ရဲရှောင်ကြောင့် ပိုင်ရှင်းယွဲ့လည်း တုံ့ဆိုင်းမနေဝံ့တော့ပေ။

“ကောင်းပါပြီ၊ ရှင်ဟိုဖက်လှည့် . . .”

ရဲရှောင် သက်ပြင်းချရင်း တစ်ဖက်သို့ လှည့်ပေးလိုက်သည်။

အဝတ်အစားများ၏ ချိုးချိုးချွတ်ချွတ်အသံအား ကြားလိုက်ရပြီး အခန်းတစ်ခုလုံး မွှေးရနံ့တစ်ခု လွှမ်းခြုံသွားသည်ကို ရဲရှောင် ခံစားလိုက်ရသည်။

ထိုအနံ့သည် သာမန်မိန်းကလေးများတွင် ရလေ့ရထရှိသော အနံ့မျိုး မဟုတ်ချေ။ စိတ်ကိုပင် ကြည်လင် လန်းဆန်းစေ၍ ကျေနပ်သွားစေမိသော အနံ့မျိုးပင် ဖြစ်သည်။

ထို့နောက် အခန်းတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။ ခဏအကြာမှ ပိုင်ရှင်းယွဲ့သည် တုန်ယင်သော အသံဖြင့် -

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားNơi câu chuyện tồn tại. Hãy khám phá bây giờ