286 - 290

300 28 0
                                    

Chapter – 286
“ရဲရှောင်၏ရည်ရွယ်ချက်”

သခင်ကြီးဘိုင် မှ ထိုစကားလုံးများ ပြောဆိုခဲ့ပြီး သည့်နောက်တွင်
ကမာ္ဘ့အစွမ်းထက်ဆုံး အင်အားအကြီးဆုံး အဖွဲ့ကြီးသည်
ဖျက်သိမ်းခဲ့လေသည်။ ထို့ကြောင့် ထိုစကားစုအား မည်သူက
မေ့နိုင်ပါမည်နည်း။ ကြားလိုက်ကြရသော လူများသည် ထိုစကားလုံးများ၏ လျှို့ဝှက်ချက်အား
ဖော်ထုတ်နိုင်ရန် ကြိုးစားခဲ့ကြသည်။
အကယ်၍ ဖော်ထုတ်နိုင်ပါက သူတို့၏ ဆရာဖြစ်သူ သခင်ကြီးဘိုင်ထက်
အစွမ်းမထက်လျှင်ပင် နဂိုကထက်ပင် ပို၍ အစွမ်းထက်သွားကြမည်ဟု
ယုံကြည်နေမိခဲ့ကြသည်။
ထို့ကြောင့်ပင် သခင်ကြီးဘိုင်နှင့် ခွဲခွာခဲ့ပြီးသည့်တိုင် ထိုစကားလုံးများအား
စွဲမြဲစွာ မှတ်သားထားခဲ့ကြခြင်း ဖြစ်သည်။ တကယ့်လက်တွေ့တွင်မူ
စကားလုံးများ၏ အဓိပ္ပါယ်အား ဖော်နိုင်ရုံမျှဖြင့် မည်သည့် အရာကိုမျှ ရလိမ့်မည်
မဟုတ်ပေ။ သို့သော် လူများ သည် ထိုအဓိပ္ပါယ်အား ရှာဖွေရင်းဖြင့်
သေဆုံးသွားခဲ့ကြသည်။
သခင်ကြီးဘိုင်သည် မီးခိုးငွေ့များအား ကြည့်နေရာမှ ရဲရှောင်အား
လှမ်းကြည့်လိုက်ကာ -
“အနီရောင်သွေး . . . ခင်ဗျား သူ့ကို ဘယ်မှာ တွေ့ခဲ့တာလဲ . . .”
ထို့နောက် တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ရင်း -
“မော်တယ်ကမာ္ဘမှာတော့ ဘယ်လိုမှ မဖြစ်နိုင်လောက်ဘူး။ ချင်းယန်မှာပဲ
ဖြစ်မယ်ထင်တယ် . . .”
သခင်ကြီးဘိုင်၏ စကားကြောင့် ရဲရှောင် ဆွံ့အသွားသည်။
အနီရောင်သွေးနှင့် ရဲရှောင်သည် ချင်းယန်နယ်ပယ် တွင် ဆုံတွေ့ခဲ့ခြင်း
ဖြစ်သည်။ ထိုအချိန်တွင် ရှောင် ဧကရာဇ်အဖြစ်သို့ပင် ရဲရှောင်
မရောက်သေးချေ။
သခင်ကြီးဘိုင်သည် လေးလေးနက်နက် စဉ်းစားနေသည့်ဟန်ဖြင့် -
“အနီရောင်သွေး . . . အရင်တုန်းက သူက ကျင့်ကြံမှုနယ်ပယ်မှာ ထိပ်ပဲ။
သေသွားတယ် ဆိုတာကလည်း သိပ်မကြာလောက်သေးဘူး ထင်တာပဲ . . .”
ထို့နောက် ရဲရှောင်အား ကြည့်လိုက်ကာ - “ခင်ဗျားက ချင်းယန်နယ်ပယ်က မဟုတ်လား . . .”
“ဒါပေမယ့် အခု ခင်ဗျားက အရမ်းအားနည်းနေသေးတယ်။ ဒါဆိုရင်
ချင်းယန်နယ်ပယ်ကနေ နှင်ထုတ်ခံလိုက်ရတာလား . . .”
အဆက်မပြတ်ပင် ပြောလိုက်သည့် သခင်ကြီးဘိုင်၏ စကားများကြောင့်
ရဲရှောင် အံ့သြတုန်လှုပ်သွားသည်။
သခင်ကြီးဘိုင်၏ စကားလုံးများသည် ဓားသွားများအလား ထက်
ရှလှသည်။ လွန်စွာ စဉ်းစား ဆင်ခြင် ဉာဏ်ရှိသော လူဟု ဆိုရပေမည်။
ရဲရှောင်ပြောခဲ့သည့် စကားလုံးတစ်လုံးချင်းစီမှနေ၍
အကြောင်းအရာများစွာအား ဆွဲထုတ်နိုင်စွမ်း ရှိလေ သည်။ ရဲရှောင် ဘာမှ
မပြောနိုင်ခင်မှာပဲ သူ၏ လျှို့ဝှက်ချက်အချို့ ပေါ်သွားခဲ့ရသည် မဟုတ်ပါလော။
မည်သို့ပင်ဆိုစေကာမူ သခင်ကြီးဘိုင်အား ရဲရှောင်
အလွန်သတိထားရတော့မည် ဖြစ်သည်။
“ခင်ဗျား အနီရောင်သွေးနဲ့ ဆုံခဲ့တာ လွန်ခဲ့တဲ့ ဆယ်စုနှစ်အချို့လောက်က
ဖြစ်ရင်ဖြစ် ဒါမှမဟုတ်ရင် လွန်ခဲ့တဲ့ နှစ် ၁၀၀ လောက်ကလည်း
ဖြစ်ရင်ဖြစ်မှာပေါ့။ ဒါဆိုရင်တော့ အခုပုံစံက ခင်ဗျား ရုပ်ဖျက်ထားတာပဲ
ဖြစ်ရမယ် . . .”
သခင်ကြီးဘိုင်သည် ရဲရှောင်အား ကြည့်ရင်း ခပ်တည်တည်ဖြင့်ပင်
ပြောလိုက်သည်။
“ဒါကြောင့် ခင်ဗျားကို ကြည့်ရတာ ထူးဆန်းနေပါတယ်လို့
ကျုပ်ထင်နေတာ။ ကျုပ်လည်း ခင်ဗျားနဲ့ ဆုံဖူးတာကို သိတယ်။ ဒါပေမယ့်
မမှတ်မိဘူး ဖြစ်နေတယ်။ သေချာပေါက် ခင်ဗျားနဲ့ ဆုံခဲ့ဖူးပါတယ် . . .”
“ဒါဆိုရင် ခင်ဗျားက ဘယ်သူများလဲ . . . ကျုပ်ပြောချင်တာက ခင်ဗျား
အနီရောင်သွေးနဲ့ တွေ့ခဲ့တဲ့ အချိန်တုန်းက ခင်ဗျားရဲ့ သရုပ်အမှန်က
ဘယ်လိုလဲ . . .” သခင်ကြီးဘိုင်၏ မေးခွန်းများကိုသာမက သူ၏ အကြည့်စူးစူးများကိုလည်း
ရဲရှောင် ရင်ဆိုင်နိုင်စွမ်း မရှိလောက်အောင်ကိုပင် ဖြစ်နေမိသည်။ ထိုအကြည်
့များသည် ရဲရှောင်အား လိမ်လည်၍ မရစေရန် ကြည့်နေသော အကြည့်မျိုး ဖြစ်
သည်။
ထိုအချိန်တွင် ရဲရှောင်သည် ထူးခြားသော ခံစားမှုတစ်ခုအား
ခံစားလိုက်ရသည်။
ထိုခံစားမှုမှာ သခင်ကြီးဘိုင်မှ သူ့အား ကြည့်နေသည့် အကြည့်မှာ
ခန္ဓာကိုယ်တစ်ခုလုံးအား ဖောက်ထွင်းမတတ် ကြည့်နေသည့် အကြည့်မျိုး ဖြစ်
ပြီး တစ်စုံတစ်ခု ထိန်ချန်ကွယ်ဝှက် မထားရဲလောက်အောင်ပင် ဖြစ်နေစေခြင်း
ဖြစ်သည်။
ထို့ကြောင့် ရဲရှောင်လည်း သခင်ကြီးဘိုင်နှင့် မျက် လုံးချင်း မဆုံဝံ့တော့ဘဲ
ချက်ချင်းပင် အကြည့်လွှဲ လိုက်သည်။
အမှန်တကယ်တွင် ရဲရှောင်ဘက်မှ အကြည့်မလွှဲဘဲ အကြည့်ခြင်း
အားပြိုင်ချင်ခဲ့မိသည်။ သူ့ဘက်မှ အားနည်းသည့် ပုံစံမျိုး ရဲရှောင် မပြချင်ခဲ့ပေ။
သို့သော် သခင်ကြီးဘိုင်၏ မျက်လုံးများသည် ညနက်သန်းခေါင်တွင်
ထွန်းလင်း တောက်ပနေသည့် ကြယ်များကဲ့သို့ပင် စူးရှတောက်ပနေသည်
့အတွက် ရဲရှောင်ဘက်မှ မလုံမလဲဖြစ်ကာ အကြည့်များ ရှောင်လွှဲလိုက်ခြင်း ဖြစ်
သည်။
ရဲရှောင်သည် ယခင်ဘဝ၌ ကျင့်ကြံမှုနယ်ပယ်တွင် ထိပ်ဆုံးနေရာသို့
ရောက်ခဲ့သည့်တိုင် စိတ်စွမ်းအင် နှင့် ပတ်သက်လျှင် သခင်ကြီးဘိုင်အား လုံးဝ
ယှဉ်ပြိုင်နိုင်ခြင်း မရှိကြောင်း မိမိကိုယ်ကို သိနေလေသည်။
အကယ်၍ သခင်ကြီးဘိုင်နှင့် အကြည့်ချင်းဆုံ၍ ဆက်ကြည့်နေမိမည်
ဆိုပါက သူ၏ လျှို့ဝှက်ချက်များ အားလုံး ပေါ်သွားနိုင်ပေသည်။ ထိုကဲ့သို့
အဖြစ်ခံ၍ မဖြစ်သေးချေ။ ဝမ်အာသည်လည်းဟ အလွန်အံ့သြ၍ မယုံကြည်နိုင်အောင် ဖြစ်နေသည့်
ဟန်ပင်။
ဆရာဖြစ်သူသည် အားပြည့်ကာစပင် ရှိသေးသော် လည်း သူနှင့် မျက်
လုံးချင်းဆုံအောင် ကြည့် ပြီးပါက မည်သူမှ ထိုအကြည့်များမှ ရှောင်လွှဲနိုင်ခြင်း
မရှိသေးပေ။
ထိုအကြည့်အား ဝိညာဉ်တော်အမြင်အာရုံဟု ခေါ်လေသည်။
အကယ်၍ သခင်ကြီးဘိုင်သည်သာ အားအင်အပြည့့်ဝဆုံး
အခြေအနေတွင် ဖြစ်ပါက တစ်ဖက်လူ၏ စိတ်ဝိညာဉ်ကိုပင် ထိန်းချုပ်ကာ
ထိုလူ၏ စိတ်ထဲတွင်ရှိသော လျှို့ဝှက်ချက်များအား သိရှိအောင် လုပ်နိုင်စွမ်း ရှိ
ပေသည်။
ယခုအခါတွင်လည်း အပြည့်အဝ အားမပြည့်သေးသည့်တိုင်
တစ်ဖက်လူ၏ မျက်လုံးမှတစ်ဆင့် လျှို့ဝှက်ချက်များအား ဖတ်နိုင်ပါသေးသည်။
သူ၏ လက် ကျန်စွမ်းအင်များကပင် အင်မတန် များပြားနေလွန်းလှသည်။
ထိုကဲ့သို့ အကြည့်ချင်းဆုံသည့် အခြေအနေသို့ ရောက်သွားပါက
မည်သူမျှ လျှို့ဝှက်ချက်များအား ဖုံးဖိမထားနိုင်တော့ချေ။
သို့သော် ဖန်ဇီလင်မှာမူ ခေါင်းကို ငဲ့စောင်း၍ အကြည့်လွှဲသွားခဲ့သည်။
ဖန်ဇီလင်သည် လွယ်လွယ်ကူကူဖြင့် အထိရောက်ဆုံးသော
နည်းလမ်းအား သုံးလိုက်ခြင်းပင် ဖြစ် သည်။ အလွန်အထင်ကြီးစရာကောင်း
သော အပြုအမူပင် ဖြစ်လေသည်။
သခင်ကြီးဘိုင်သည် အံ့သြသွားလေသည်။ ထို့ကြောင့် ရဲရှောင်အား
တစ်ချက်ကြည့်လိုက်ကာ -
“ဖန်ဧကရာဇ်က တကယ်ကို လိမ္မာပါးနပ်တဲ့ လူတစ်ယောက်ပဲ . . .”
ရဲရှောင် ရယ်ကျဲကျဲလုပ်လိုက်ရင်း - “ကျုပ်ကတော့ မြောက်သွားပြီဗျာ။ ကျုပ်လည်း စိတ်စွမ်းအင်နဲ့
ပတ်သက်ပြီး နည်းနည်းပါးပါး တီးမိခေါက်မိထားလို့ပါ . . .”
သခင်ကြီးဘိုင်လည်း ပြုံးလိုက်ကာ -
“ဒါပေမယ့် ဒီလောက်နဲ့တော့ မရသေးဘူးဗျ။ ကျုပ်ရှေ့မှာ
ကလေးကစားစရာအကွက်မျိုး လာလုပ်နေသလို ခံစားနေရတယ် . . .”
သခင်ကြီးဘိုင်သည် ထိုစကားများအား အေးအေးလူလူဖြင့်ပင်
ပြောလိုက်ခြင်း ဖြစ်သော်လည်း သူ၏ စကားလုံးများမှာမူ တစ်ဖက်လူအား
လွှမ်းမိုးသွားစေနိုင်သည့် အစွမ်းရှိလေသည်။
“ဒါပေါ့၊ ဆရာဘိုင်က နတ်ဘုရားတစ်ပါးလိုပဲဟာ။ ကျုပ်တို့လို လူတွေက
ဘယ်လိုက်မီပါ့မလဲ . . .”
ရဲရှောင်လည်း မျက်မှောင်ကြုတ်လျက် ခေါင်းညိတ်ကာ ပေါ့ပေါ့ပါးပါးပင်
ပြောလိုက်သည်။
အမှန်တကယ်တွင် “ခင်ဗျားက နတ်ဘုရားတစ်ပါး ဖြစ်ချင်ဖြစ်မယ်။
ကျုပ်ကလည်း ပေါ့သေးသေးတော့ မဟုတ်ဘူး” ဟူ၍ပင် သူ၏ ပါးစပ်မှ ပြောချင်
နေခြင်း ဖြစ်သည်။
သခင်ကြီးဘိုင်သည် ရဲရှောင်ပြောလိုက်သည့် စကားများ၏ ဆိုလိုရင်း
အဓိပ္ပါယ်အား သဘောပေါက်သွားသည့်ပုံပင်။ ထို့ကြောင့် ချက်ချင်းပင်
ပြုံးနေရာမှ မျက်လုံးများ အေးစက်သွားကာ -
“ခင်ဗျားက ကျုပ်တစ်ခါ ပြောခဲ့ဖူးတဲ့ စကားလုံးနည်းနည်းလောက် ပြောပြီး
ဒီနေရာကို လာခဲ့တယ်။ ကျုပ်နဲ့ အတူစကားပြောခွင့်လည်း ရခဲ့တယ်။ ဒီကို
လာတယ် ဆိုတာကလည်း ခင်ဗျားမှာ ဒီအပြင်ကိစ္စတစ်ခုခု ရှိမယ်လို့ ကျုပ်တော့
ထင်တာပဲ။ ခင်ဗျား အလိုရှိလို့သာ ကျုပ်ဆီ လာတာပေါ့ . . .”
ရဲရှောင်လည်း ခေါင်းညိတ်ပြလိုက်ရင်း -
“ခင်ဗျားက သိပ်ပြီး ပါးနပ်တာပဲ . . .” သခင်ကြီးဘိုင်သည် ဂိုဏ်းကြီး ၂ခုအား လှမ်းကြည့်လိုက်ကာ -
“ဟိုဂိုဏ်းကြီး ၂ ဂိုဏ်းက လင်းပါအိုကို ဗိုလ်ကျနေသလိုပဲ . . .”
ရဲရှောင်လည်း မဆိုင်းမတွပင် -
“သိပ်ဟုတ်တာပေါ့ဗျာ။ သူတို့က အဲဒီလို လုပ်နေတာလေ . . .”
သခင်ကြီးဘိုင်သည် ဖန်ဇီလင်အား အေးစက်၍ စူးရှသော မျက်လုံးများဖြင့်
ကြည့်လိုက်ကာ -
“လင်းပါအိုဘက်က ပြန်တိုက်ခိုက်မယ် ဆိုရင်လည်း ဂိုဏ်းကြီး ၂ ခုကို
မနိုင်လောက်ဘူး။ နောက်ဆုံး သူသေကိုယ်သေ တိုက်မယ် ဆိုရင်တောင်
ခင်ဗျားတို့ပဲ ရှုံးမှာ . . .”
ရဲရှောင် ထောက်ခံသည့်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ရဲရှောင်အား ကြည့်ကာ သခင်ကြီးဘိုင်သည် တစ်ချက် ပြုံးလိုက်ရင်း -
“ဒါဆို ခင်ဗျားက ကျုပ်ရဲ့ အကူအညီ လာယူတာပေါ့။ ဒီလိုဂိုုဏ်းကြီး ၂
ခုကို တစ်ချိန်တည်းမှာ ရင်ဆိုင်နိုင်ဖို့ အတွက်ဆိုရင် ကျုပ်ကလွဲပြီး
ခင်ဗျားအတွက် တခြားလူ မရှိဘူး မဟုတ်လား . . .”
“ခင်ဗျားရဲ့ နိုင်ငံက ခင်ဗျားကို အပြည့်အဝ ထောက်ပံ့ပေးမယ်
ဆိုရင်တောင် ခင်ဗျားကို ကယ်နိုင်မှာ မဟုတ်ဘူး . . .”
ရဲရှောင် ခေါင်းညိတ်လိုက်ပြန်ရင်း -
“ကျုပ်ပြောပါတယ် . . . ခင်ဗျားက သိပ်တော်တဲ့ လူပါဆို၊
ကျုပ်ပြောချင်နေတာလည်း အဲဒီလိုပဲ”
ရဲရှောင်အား ကြည့်သည့် သခင်ကြီးဘိုင်၏ မျက်လုံးများသည်
အနည်းငယ် အထင်သေးသွားသည့် အကြည့်မျိုး ဖြစ်သွားလေသည်။ ထို့နောက်
မီးတိုင်မှ တလူလူ ထွက်နေသည့် မီးခိုးများအား ကြည့်လိုက်ကာ - “ခင်ဗျားကို ကျုပ်က ဘာလို့ ကူညီပေးရမှာလဲ။ ကူညီပေးရလောက်တဲ့
အကြောင်းပြချက် တစ်ခုခုတော့ အနည်းဆုံး ရှိရမယ် မဟုတ်လား။ ဘယ်လို
အကြောင်းပြချက်မျိုးလဲ ဆိုတာ ခင်ဗျားပြောပြောနေတဲ့ ကျုပ်လို
လိမ္မာပါးနပ်တဲ့လူတောင် မစဉ်းစားတတ်ဘူး ဖြစ်နေတယ် . . .”
“ခင်ဗျားကို ကျုပ်က မျက်နှာသာနည်းနည်းပေးဖို့ တောင်းဆိုနေတာ
မဟုတ်ပါဘူး။ ပူးပေါင်းပေးဖို့ ပြောချင်နေတာ။ ခင်ဗျားဘက်က သဘောမတူရင်
ကျုပ်တို့ဘက်ကလည်း ကိုယ့်ဟာကိုယ် ရင်ဆိုင်ရတော့မှာပေါ့။ ဒါပေမယ့် ၂
ဖက်စလုံး အကျိုးရှိစေမယ့် အရာမျိုးဆို ပိုကောင်းမလားလို့ပါ . . .”
ရဲရှောင် ပြုံးလျက်ပင် ပြောလိုက်ပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now