Chapter - 259 "ပိုင်အာ၏ကြိုးပမ်းမှု"

271 20 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 259

“ပိုင်အာ၏ကြိုးပမ်းမှု”

ဟင်းလင်းပြင်ကြီးထဲသို့ အဖိုးထိုက်တန်သည့် ပစ္စည်းများစွာ ထည့်သွင်းခဲ့ပြီးနောက် သူ၏ ချီဓာတ်များ တိုးပွား လာသည်ကို ရဲရှောင် ခံစားလိုက်ရသည်။ ဟင်းလင်းပြင်သည် စွမ်းအင်ကင်းမဲ့နေသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ယခုအခါတွင်မူ ချီဓာတ်များဖြင့် ပြည့်ဝ သွားပါတော့သည်။ ရဲရှောင်လည်း ကျေနပ်သွားသောကြောင့် ပြုံးလိုက်ရင်း ပိုင်အာရှိရာ အခန်းသို့ သွားရောက်လိုက်သည်။

“အစ်ကိုကြီးရဲ . . . ပြန်လာပြီလား . . .”

ပိုင်အာသည် ရဲရှောင်အား ကြည့်ရင်း မေးလိုက်သည်။

ရဲရှောင်သည် ပိုင်အာအား သူ၏ အခန်းထဲ ထားခဲ့မိခြင်းကိုပင် နောင်တရနေမိသည်။ ပိုင်အာသည် ရက်ပေါင်းများစွာ သူ၏ အခန်းထဲမှာပင် နေထိုင်လာခဲ့သည်။ ထို့ကြောင့် ရဲရှောင်၏ အခန်းသည် သူမ၏ အခန်းလိုပင် ဖြစ်နေခဲ့ပြီး ကုတင်ကိုပင် မောင်ပိုင်စီးထားလေသည်။

ရဲရှောင်လည်း သက်ပြင်းတစ်ချက်ချလိုက်ရင်း ပိုင်အာ အား လှမ်းကြည့်လိုက်သည်။ ပိုင်အာ၏ ဆံပင်များသည် ရှုပ်ပွလျက်ရှိပြီး ချွေးများလည်း ရွှဲနစ်လျက် ရှိသည်။

“မင်း ဘာလို့ ငါ့စကားကို နားမထောင်ရတာလဲ။ နားနားနေနေ နေမှပေါ့။ ဒီနေ့ နေရောကောင်းရဲ့လား . . .”

ရဲရှောင် ဂရုဏာဒေါသော အသံဖြင့် မေးလိုက်သည်။

“ကောင်းပါတယ်။ ဘာမှမဖြစ်ဘူး . . .”

ပိုင်အာသည် ရဲရှောင်၏ အမေးအား သွက်သွက်လက်လက်ပင် ပြန်ဖြေလိုက်သည်။ သူမ၏ မျက်နှာတွင် ကျေနပ်နေသည့် အရိပ်အယောင်များလည်း ဖြစ်ပေါ်လျက် ရှိသည်။

“ကျွန်မ ဘာမှ လုပ်နေတာ မဟုတ်ပါဘူး။ ကျင့်ကြံမှု ပဲ လုပ်နေတာပါ။ ကျင့်ကြံမှုလုပ်တော့ ချီဓာတ်တွေ ကျွန်မကိုယ်ထဲ ဝင်လာပြီး လှုပ်နိုင်ရှားနိုင် ဖြစ်လာတာပဲ။ အစပိုင်းတော့ အတော်နာတယ်။ နာလွန်းလို့ ချွေးတွေ ပြန်နေတာပဲကြည့်တော့။ ဒါပေမယ့် ကျွန်မ ကျွန်မကိုယ်ကျွန်မ သက်သာလာသလို ခံစားရတယ်။ အစက စိတ်ထင်နေတယ် ထင်နေတာ။ တကယ်ကို သက်သာလာခဲ့တာပဲ . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now