291 - 295

324 24 0
                                    

Chapter – 291
“ယုံကြည်ချက်”

နောက်ဆုံးတွင်မူ သခင်ကြီးဘိုင် သက်ပြင်းချလိုက် သည်။ သူ၏
မျက်လုံးများသည် အရောင်ဖျော့လျက် ရှိပြီး တွေဝေနေသည့်ပုံ
ပေါက်နေလေသည်။
သခင်ကြီးဘိုင် ခေါင်းငုံ့ထားသည့်တိုင် ရဲရှောင်သည် သခင်ကြီးဘိုင်၏
မျက်နှာအား ကောင်းစွာ တွေ့မြင်နေရသည်။
ထို့နောက် သခင်ကြီးဘိုင်သည် ရုတ်တရက် ခေါင်းမော့လိုက်ကာ -
“ခင်ဗျားက သိပ်ပြီး ပါးနပ်တဲ့ လူတော်တစ်ယောက်ပဲ။ ခင်ဗျားရဲ့
ထင်မြင်ယူဆချက်တွေကလည်း အထင်ကြီးစရာပဲ။ တခြားလူတွေ
နားလည်သဘောမပေါက်နိုင်တဲ့ အရာတွေကို ခင်ဗျားက သိနေတယ် . . .”
သခင်ကြီးဘိုင်သည် ရဲရှောင်အား စူးစိုက်၍ ကြည့်နေသည့်တိုင် သူ၏
မျက်လုံးများမှာမူ ယခင်ကဲ့သို့ တောက်ပနေခြင်း မရှိတော့ချေ။
အရောင်ဖျော့လျက် ရှိနေတော့သည်။
“ပထမဆုံးအခေါက်က ကျုပ်ရဲ့ ကျင့်ကြံမှုတွေ အကုန်လုံး ဆုံးရှုံးခဲ့ရတယ်။
ဒုတိယအခေါက်မှာ အဲဒီကျင့်ကြံမှုတွေအပြင် လက်တွေပါ လှုပ်မရခဲ့ဘူး။
တတိယအခေါက်မှာတော့ သွေးကြောတွေပါ ပျက်ဆီးကုန်တယ်။
စတုတ္ထအခေါက်ကြ ခုနက ခံစားရတာတွေအပြင် မျက်လုံးပါ ကွယ်ခဲ့ရတယ် . .
.”
“နောက်ဆုံး ၉ ကြိမ်မြောက် အခေါက်မှာကြတော့ ကျုပ်ရဲ့ ကျင့်ကြံမှုတွေ၊
မျက်လုံးတွေ၊ လက်တွေ၊ ခြေထောက်တွေ၊ သွေးကြောတွေနဲ့
စိတ်ဝိညာဉ်တော်ပါ ပျက်ဆီးခဲ့ရတယ် . . .”
“ဒီလို ဖြစ်ရတာကလည်း ကောင်းကင်အပြစ်ဒဏ်ကြောင့်ပဲ ဖြစ်မှာပေါ့။
လူ့အသက် ဘီလီယံနဲ့ချီပြီး သတ်မိမှတော့ ဒီလောက်ထိဖြစ်တာ
မထူးဆန်းပါဘူးလေ . . .” “ဒီလိုဖြစ်တာက သာမန် နေမကောင်းဖြစ်တာ၊ ဒဏ်ရာရတာမျိုးနဲ့ မတူဘူး
. . .”
သခင်ကြီးဘိုင် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ကာ -
“အဲ့ဒီလို အခြေအနေကိုတောင် ခင်ဗျားက ကု
ပေးနိုင်တယ်တဲ့လား။ခင်ဗျားရဲ့ ဆေးလုံးတွေက ထူးခြားအစွမ်းထက်တော့
နတ်အဆင့်လို့တောင် သတ်မှတ်လို့ ရနိုင်ပေမယ့် အမှန်တကယ်ကတော့
သာမန်ဆေးလုံးတွေပဲ မဟုတ်လား၊ အဲ့ဒီတော့ ခင်ဗျားက
အလုပ်ဖြစ်နိုင်မယ်ရော ထင်လို့လား . . .”
သခင်ကြီးဘိုင်၏ စကားကြောင့် ရဲရှောင် ပြုံးလိုက် ကာ -
“ဒီကမာ္ဘပေါ်က ဘယ်အဖွဲ့အစည်းမဆို၊ ဘယ်သူမဆို ခင်ဗျားကို
ကြောက်ကြတယ်။ ခင်ဗျားကို ဘယ်သူမှ မဆန့်ကျင်ရဲကြဘူး။ အဲဒီလိုပဲ
ခင်ဗျားကို သတ်ချင်နေကြတဲ့ လူတွေကလည်း နေရာတိုင်းမှာ ရှိနေတယ်။
ခင်ဗျားကိုသတ်ပြီး သူတို့ကိုယ်သူတို့ ဒဏ္ဍာရီထဲက သူရဲကောင်းတွေလို ဖြစ်ချင

နေကြတဲ့ လူတွေမှ တပုံကြီးပဲ။ ဒါပေမယ့် ဘယ်သူမှတော့
တကယ်မလုပ်ရဲကြဘူး။ နောက်ပြီး ခင်ဗျားရဲ့ အ ရှေ့မှာ ခင်ဗျားမျက်နှာကို
တည့်တည့်ကြည့်ပြီး မဖြစ် နိုင်တာကို လိမ်ပြောဝံ့တဲ့လူလည်း ရှိလိမ့်မယ်လို့
ကျုပ်တော့ မထင်ဘူး . . .”
သခင်ကြီးဘိုင် ပြုံးလိုက်မိသည်။ ထိုအပြုံးမှာ သူ့ကိုယ်သူ အနည်းငယ်
ဂုဏ်ယူသွားသည့် အပြုံးမျိုးပင် ဖြစ်နေလေသည်။
သာမန်လူများ ပြုံးသည်နှင့် မတူချေ။ ရင်ထဲမှ ခံစားချက်အား
ပေါ်လွင်အောင် နက်ရှိုင်းစွာ ပြုံးလိုက်သော အပြုံးမျိုးပင် ဖြစ်သည်။
သခင်ကြီးဘိုင်သည် ပြုံးလျက်ပင် သူ၏ ဒူးအား ပုတ်လိုက်ကာ -
“ဒါပေါ့၊ အဲဒီလိုလူမျိုး မရှိခဲ့ဖူးဘူး။ ဒါပေမယ့် အခု အဲဒီလိုလူမျိုးကို
ရှာတွေ့သလားလို့ပါ . . .” ရဲရှောင် ရယ်မောလိုက်ရင်း -
“လူထက် အခွင့်အရေးတစ်ခုကို ရှာနေတယ်ဆိုရင် ပိုမှန်မှာပေါ့ . . .”
သခင်ကြီးဘိုင် စိတ်ဝင်စားစွာဖြင့် ရဲရှောင် ဆက်ပြောမည့်စကားအား
နားထောင်လျက် ရှိသည်။
“တကယ်တော့ ကျုပ်စိတ်ထဲမှာ အခုလို မလုပ်ချင် ဘူး။ ပွင့်ပွင့်လင်းလင်း
ပြောရရင် ခင်ဗျားကို ဒီလို အခွင့်အရေးမျိုး မပေးချင်ဘူး . . .”
ရဲရှောင် တွေးတွေးဆဆဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။
သခင်ကြီးဘိုင်သည် ရဲရှောင်အား စူးစိုက်ကြည့်လိုက်ရင်း -
“ကျုပ်က ချန်နိုင်ငံတော်ကို ဖြိုခွဲမှာ သိနေလို့ မဟုတ်လား . . .”
ရဲရှောင်လည်း မဆိုင်းမတွပင် -
“သိပ်မှန်တာပေါ့ . . .”
သခင်ကြီးဘိုင်သည် ရဲရှောင်အား အကဲခတ်သည့် အနေအထားဖြင့်
ကြည့်လိုက်ကာ -
“ကြည့်ရတာ ခင်ဗျားက ဒီနိုင်ငံအပေါ် တော်တော် သံယောဇဉ်
ရှိနေတယ်ထင်တယ် . . .”
ရဲရှောင် ခေါင်းညိတ်ပြလိုက်ရင်း -
“ဒီလိုပဲ ဆိုပါတော့ . . .”
သခင်ကြီးဘိုင်၏ မျက်လုံးများသည် ရီဝေဝေပင် ဖြစ် သွားလေသည်။
အခိုးအငွေ့များကြား ရုတ်တရက် ရောက်ရှိသွားသည့်အလား ဘယ်အရာ
ကိုမှ မမြင်နိုင်တော့သကဲ့သို့ပင် ခံစားသွားရသည်။
သူ၏ ကောက်ချက်ချမှုများသည် မှားယွင်းခဲ့သည့်အတွက်
အံ့သြသွားခဲ့ရသည်။ ဖန်ဧကရာဇ်အား အဆင့်မြင့် နယ်ပယ်တစ်ခုခုမှ လူတစ်ဦး ဖြစ်လိမ့်မည်ဟု
ထင်မှတ်ထားခဲ့မိသည်။
အနည်းဆုံးမူ ချင်းယန်နယ်ပယ်မှ ဖြစ်လိမ့်မည်ဟု ထင်မှတ်
ထားခဲ့ခြင်းဖြစ်ပြီး ထိုကဲ့သို့သော လူတစ်ဦးသည် မော်တယ်ကမာ္ဘ သို့မဟုတ်
သူနေထိုင်သည့် နိုင်ငံနှင့် ပတ်သက်၍ မည်သည့် ခံစားချက်မျှ ရှိနေလိမ့်မည်
မဟုတ်ချေ။
ချင်းယန်နယ်ပယ်မှ ပညာရှင်များသည် အများအားဖြင့် မာန်မာန
ထောင်လွှား၍ တစ်ကိုယ်ကောင်း ဆန်ကြသူများသာ ဖြစ်သည်။
အခြားလူများဘက်မှ စ၍ သစ္စာမဖောက်ခင် မိမိဘက်မှစ၍
သစ္စာဖောက်ရန်သာ အစဉ်အမြဲ ကြိုးစားနေကြသူများ ဖြစ်ကြသည်။
သို့သော် ယခု သူ၏ ရှေ့တွင် ရှိသော ဖန်ဧကရာဇ် သည်
ချန်နိုင်ငံတော်အပေါ် သံယောဇဉ် တွယ်နေသော လူတစ်ဦး ဖြစ်သည်။ ထို့ပြင်
သူ၏ ချန်နိုင်ငံအတွက်လည်း တစ်စုံတစ်ခု လုပ်ပေးချင်နေသည့်ပုံပင်။
သခင်ကြီးဘိုင်သည် သူ၏ ယူဆချက်များ မှားသွားခဲ့ကြောင်း
သဘောပေါက်လိုက်မိသည်။ ထိုအမှားများအား သုံးသပ်ရင်း စိတ်ထဲတွင် တစ်
ကိုယ်တည်း တွေးနေမိသည်။
(ဖန်ဇီလင်က မော်တယ်ကမာ္ဘမှာပဲ မွေးတာဖြစ်မယ် ထင်တယ်။
ချန်နိုင်ငံတော်ရဲ့ တကယ့်ကို သစ္စာစောင့်သိတဲ့ ပြည်သူတစ်ယောက်ပါပဲလား။
ဒီလိုမှ မဟုတ်ရင် အခုလိုမျိုး သူလုပ်မှာ မဟုတ်ဘူး။ သူ့လို
သံယောဇဉ်ကြီးတတ်တဲ့ လူမျိုးတွေကို အသုံးချရတာ ငါ့အတွက် ပိုလွယ်
ကူတယ်။ သူ့ကို ငါ့အကျိုးအမြတ်အတွက် အသုံးချလို့ ရမယ် ထင်တယ်။ ငါက
ဒီလိုလုပ်ရတာ မနှစ်သက်တဲ့ လူဆိုပေမယ့် လည်း အခြေအနေနဲ့
အချိန်အခါပေါ် မူတည်ပြီး လုပ်သင့်ရင် လုပ်ရမှာပဲ . . .) (ငါက သူ့အားနည်းချက်ကို ရှာတွေ့ထားပြီ။ ဒီလို အခြေအနေမှာ
သူ့လိုလူမျိုးကိုသာ ငါအသုံးချနိုင် မယ်ဆိုရင် ငါ့ရဲ့ အစီအစဉ်တွေလည်း
ချောချောမွေ့မွေ့ ဖြစ်သွားလိမ့်မယ် ထင်တယ်။ နောက်ပြီး သူ့ရဲ့
တောင်းဆိုချက်က ဘာမှ စာဖွဲ့လောက်တဲ့ အရာလည်း မဟုတ်ဘူး . . .)
(ဘယ်အချိန်မဆို အရာရာတိုင်းကို ငါက ပြောင်းလဲနိုင်စွမ်း ရှိတဲ့
လူတစ်ယောက်ပဲဟာ။ ဒါပေမယ့် ချင်းယန်နယ်ပယ်က လူတစ်ယောက်ရဲ့
မွေးရပ်မြေက မော်တယ်ကမာ္ဘ ဖြစ်နေတယ်လို့တော့ ငါမကြားဖူးဘူး . . .)
သခင်ကြီးဘိုင်သည် သူ၏ အတွေးများ ရုတ်သိမ်းလိုက်ပြီး ရဲရှောင်အား
စူးရှသော အကြည့်များဖြင့် ကြည့်လိုက်ကာ -
“တကယ်တော့ နိုင်ငံဆိုတာ အင်အားကြီး အဖွဲ့အ စည်း တစ်ခုလို့
ယူဆလို့ရတယ်။ နိုင်ငံအပေါ် သံယောဇဉ် ရှိတယ်ဆိုတဲ့ စကားမျိုးက
ဘုရင်တွေက သူ့လူတွေကို ကောင်းကောင်း အုပ်ချုပ်နိုင်ဖို့အတွက်
မျက်ရည်ချူတဲ့ နည်းလမ်းတစ်ခုပါ။ အဲ့ဒီတော့ ဖန်ဧကရာဇ်လို အတွေ့အကြုံ
ရင့်ကျက်တဲ့ လူတစ်ယောက်က ဒီလို မဟုတ်တမ်းတရား အတွေးမျိုး
ဘယ်လိုများ တွေးနိုင်နေရတာလဲ။ ကျုပ်အမြင်အရတော့ ဒီလို အတွေးမျိုးက
ဖန်ဧကရာဇ်နဲ့ မလိုက်ဖက်ဘူး ထင်တယ် . . .”
အမှန်တကယ်တွင်မူ သခင်ကြီးဘိုင်သည် ရဲရှောင်အား စကားအရာဖြင့်
စမ်းသပ်လိုက်ခြင်း ဖြစ်သည်။ ရဲရှောင်ဘက်မှ မည်ကဲ့သို့သော စကားမျိုး ပြန်
ပြောလာမည်ကို သိလို၍ သွေးတိုးစမ်းလိုက်ခြင်း ပင် ဖြစ် သည်။
ရဲရှောင်လည်း တည်ကြည်လေးနက်သော အသံဖြင့် -
“ခင်ဗျား ပြောသလို မျက်ရည်ချုတဲ့ နည်းလမ်းတစ်ခု ဖြစ်ချင် ဖြစ်မှာပေါ့။
ဒါပေမယ့် သစ္စာရှိခြင်းနဲ့ သံယောဇဉ် ရှိခြင်းဆိုတာ လူသားတစ်ယောက်
ထားရှိရမယ့် စည်းမျဉ်းတစ်ခုဆို မမှားဘူး။ လူတိုင်းမှာ ကိုယ့်ယုံကြည်ရာကိုယ် ရှိကြတယ်။ ကိုယ်မယုံကြည်တိုင်း သူများယုံကြည်မှုကို သွားပြီး အပြစ်တင်လို့
မရဘူးလေ . . .”
ရဲရှောင်၏ စကားအဆုံးတွင် သခင်ကြီးဘိုင် မျက်မှောင်ကြုတ်သွားသည်။
ထိုကဲ့သို့ မျက်မှောင်ကြုတ်လိုက်သောအခါ သခင်ကြီးဘိုင်၏ မျက်ခုံးမွှေး
၂ ဖက်သည် နဂါးနှစ်ကောင် မျက်နှာချင်းဆိုင် ရှိနေသည့်ပုံစံ ဖြစ်သွားလေသည်။
မျက်မှောင်ကြုတ်နေရာမှ ပုံမှန်အတိုင်း ပြန်နေလိုက် သောအခါတွင်မူ
ကောင်းကင်ထက်သို့ နဂါး ၂ ကောင် ပျံတက်သွားသည့် ပုံစံနှင့်
အလွန်တူလှသည်။
ရဲရှောင်သည် ထိုမြင်ကွင်းအား သတိပြုမိလိုက်သည့်အတွက်
အံ့သြသွားရသည်။
လူတစ်ယောက်အနေဖြင့် မျက်မှောင်ကြုတ်လိုက်ရုံဖြင့် တစ်ဖက်လူ၏
စိတ်အာရုံအား ဖမ်းစားနိုင်စွမ်း ရှိလိမ့်မည်ဟု ရဲရှောင် ထင်မထားခဲ့မိချေ။
ထိုအရည်အချင်းသည် မွေးရာပါ အရည်အချင်းတစ်ခုဟုပင် ဆိုရပေမည်။
ဘုရားပေးသော ဆုလာဘ်ဟုလည်း သတ်မှတ်ရပေလိမ့်မည်။
ရဲရှောင် ခဏမျှ စဉ်းစားလိုက်ရင်း -
“လူတစ်ယောက်အနေနဲ့၊ ယောက်ျားတစ်ယောက် အနေနဲ့ ဂရုစိုက်ရမယ့်
တာဝန်ကျေရမယ့် အရာတစ် ခုခုတော့ ရှိသင့်တယ်။ ကာကွယ်ရမယ့်
စိတ်မျိုးလည်း ရှိရမယ်။ အရှက်တရားအတွက်ပဲဖြစ်ဖြစ်၊
သစ္စာတရားအတွက်ပဲဖြစ်ဖြစ်၊ အမှန်တရားအတွက်ဖြစ်ဖြစ် သူလုပ်သင့် လုပ်
ထိုက်လို့ ကာကွယ်သင့် ကာကွယ်ထိုက်လို့ လုပ်လိုက်တဲ့ အလုပ်က
မှန်မှန်မှားမှား ဘာကိုမှ ဂရုစိုက်နေစရာ မလိုဘူး။ ကိုယ်လုပ်ခွင့်
ရလိုက်တာကိုက တာဝန်ကျေသွားတယ်လို့ပဲ ယူဆရမယ် . . .” “ကျုပ်မွေးတဲ့ နိုင်ငံက ကျုပ်ရဲ့ ယုံကြည်ရတဲ့ အရာပဲ။ ကျုပ် ဂရုစိုက်ရမယ့်
အရာပေါ့။ အဲ့ဒါကြောင့် နိုင်ငံကို ထိခိုက်နစ်နာစေချင်တဲ့စိတ်မျိုး ကျုပ်မှာ လုံးဝ
မရှိဘူး . . .”
ရဲရှောင် ထိုစကားများအား ပြောနေရင်းဖြင့် စိတ်ထဲတွင် မွန်းကြပ်နေရာမှ
ပေါ့ပါးသွားသကဲ့သို့ ခံစားသွားရသည်။
အခန်းထဲသို့ စ၍ ဝင်လာသည့်အချိန်တွင် သူ၏ စိတ်များ လေးလံ၍
စိတ်ဖိစီးမှုများ ခံစားခဲ့ရသည်။
သို့သော် ယခုအခါတွင်မူ ထိုကဲ့သို့ ခံစားရခြင်း မရှိတော့ဘဲ
စိတ်လက်ပေါ့ပါးသွားသကဲ့သို့ ခံစားလိုက်ရပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now