Chapter (428)"ရယ်မောခြင်း၏အဓိပ္ပါယ်"

228 19 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter (428)

“ရယ်မောခြင်း၏အဓိပ္ပါယ်”

“ဒါပေါ့ . . .”

ရဲရှောင် ပြုံးလျက် ပြောလိုက်သည်။

“ဒီနေ့က ၈ ရက်နေ့ပဲ။ ၇ ရက်ကြာရင် ၁၅ ရက်ဖြစ်ပြီ။ ဝိညာဉ်ဖမ်းဆေးလုံးကို ကျုပ်လုပ်ထားလိုက်ပါ့မယ်။ ခင်ဗျားတို့ ၂ ယောက် ပထမဆုံး အကြိမ်အဖြစ် တွေ့ဆုံခွင့် ရတော့မယ် . . .”

ကျောင်းဖင်းရှန်သည် အစပိုင်းတွင် စိတ်ဓာတ်ကျခဲ့သည်။ ယခုအခါတွင်မူ ပြောမပြတတ်အောင် ပျော်ရွှင်သွားလေသည်။ ရဲရှောင်အရှေ့ ငူငူငိုင်ငိုင် ရပ်နေရင်း ဘာလုပ်ရမှန်းပင် မသိတော့ချေ။

ထို့နောက် ထိုင်ချလိုက်ပြီး မျက်လုံးမှ မျက်ရည်များလည်း စီးကျလာသည်။ သွေးအေး၍ သတ်ဖြတ်ခြင်းဘုရင်ဟု နာမည်ကြီးသည့် လူတစ်ယောက်သည် ယခုအခါတွင် ကလေးငယ်တစ်ဦးကဲ့သို့ ရှိုက်၍ ငိုနေလျက် ရှိသည်။

ထို့နောက် လှဲချလိုက်ပြန်ရင်း ကျယ်လောင်စွာ အော်ငိုပါတော့သည်။

နှစ်ပေါင်းများစွာကြာ သူမျှော်လင့်ခဲ့ရသော၊ နောင်တအကြီးအကျယ် ရခဲ့သော၊ စောင့်ဆိုင်းခဲ့ရသော အရာများ အားလုံးသည် အမှန်တကယ် ဖြစ်လာပေတော့မည်။

ကျောင်းဖင်းရှင်း၏ ဘဝသည် အမြဲလိုလိုပင် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု လွယ်ထားရသကဲ့သို့ တမှိုင်မှိုင်တတွေတွေ ဖြစ်ခဲ့ရသည်။ နာကျင်မှုအား မည်သို့ပင် ဖြေဖျောက်စေကာမူ စိတ်မဖြေနိုင်အောင် ရှိခဲ့ရသည်။

အသက်ရှင်နေရသည်မှာ မျှော်လင့်ချက်မဲ့နေခဲ့ပြီး ယခုအခါ မျှော်လင့်ချက်ရောင်ခြည် သမ်းလာနေပြီ ဖြစ်သည်။

ကျောင်းဖင်းရှန်သည် ရှိုက်ကြီးတငင် သည်းထန်စွာ ငိုကြွေးနေရင်းမှ -

“ကျုပ်ဂိုဏ်းအတွက် ကလဲ့စားချေပြီးရင် ကျုပ်လည်း အသက်ရှင်နေလို့ အဓိပ္ပါယ်မရှိတော့တဲ့ အတွက် ယုအာနောက်လိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ငရဲကိုသွားတဲ့လမ်းက ဒီလောက်ထိ ကြမ်းတမ်းတာ ကျုပ်ယုအာကို တစ်ယောက်တည်း မလွှတ်နိုင်ပါဘူး။ ဒါပေမယ့် ယုအာကိုကျုပ် အိပ်မက်မက်လိုက်တိုင်း သူက ကျုပ်နဲ့အမြဲ အတူရှိနေတယ်လို့ပဲ ပြောတယ်ဗျ . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now