Chapter - 225"ကျူးကျော်ဝင်ရောက်လာခြင်း"

274 23 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 225

“ကျူးကျော်ဝင်ရောက်လာခြင်း”

ခေါင်းငိုက်စိုက်ကျ ပြောဆိုနေရင်းဖြင့် ဆောင်ဂျူတစ်ယောက် အလွန် ဝမ်းနည်းလျက်ရှိသည်။ သူ၏ ဘဝအား အကြီးအကျယ် စိတ်ပျက်လျက်ရှိပြီး အသက်ပင် ဆက်၍ မရှင်ချင်တော့သည့်ပုံ ပေါက်နေလေသည်။

ထို့နောက် ရဲရှောင်အား မော့ကြည့်လိုက်သောအခါ -

“ဟမ် . . . ဘယ်ရောက်သွားတာလဲဟ . . .”

အခန်းထဲမှ ထွက်ပေါ်လာသော ဟောက်သံအားယခုမှသာ ဆောင်ဂျု သတိပြုမိသွားသည်။ ရဲရှောင်၏ ဟောက်သံပင် ဖြစ်သည်။

ရဲရှောင်၏ အပြုအမူသည် ဆောင်ဂျုအား “ကျုပ်အိပ်နေပြီ ခင်ဗျားသွားတော့ . . .” ဟုပြော၍ နှင်ထုတ်နေသည့် အမူအယာနှင့်ပင် တူနေပါသေးသည်။

“ခွေးမသားလေး၊ မအေဘေး၊ သူတောင်းစားလေး . . ."

ဆောင်ဂျု ဒေါသတကြီးဖြင့်ပင် ဆဲဆိုလိုက်ရင်း -

[ငါပြောတာတောင် နားမထောင်သွားဘူး၊ ငါကတော့ ငါ့ခံစားချက်တွေကို ပြောနေလိုက်ရတာ၊ ဘယ်လိုကောင်လဲ မသိဘူး။ အသိစိတ်ရော ရှိသေးရဲ့လား။ မင်းအဖေထက်တောင် မင်းက ပိုပြီး လက်ပေါက်ကတ်နေသေးတယ် . . .]

ဒေါသအလွန်ထွက်နေသော ဆောင်ဂျုသည် ဆဲနည်းပေါင်းမျိုးစုံဖြင့် မိုးမွှန်အောင်ပင် ဆဲနေသည်မှာ တော်တော်နှင့် မပြီးတော့ချေ။

ရဲအိမ်တော် တစ်ခုလုံး အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်နေသောကြောင့် ဆောင်ဂျု၏ ဆဲဆိုသံများအား အတိုင်းသားပင် ကြားနေရလေသည်။

ခေါင်းမိုးပေါ်ရှိ မိန်းမပျိုပင် အဆဲသန်သော ဆောင်ဂျုအား လေးစားသွားမိသည်။ ရေပက်မဝင်အောင်ပင် ဆဲဆိုနေသော ဆောင်ဂျု၏ ဆဲဆိုသံများအား သူမလည်း ကြားနေရသည်။ ဆောင်ဂျု၏ ပါးစပ်မှ ၂ နာရီမျှ ကြာသည်အထိ မရပ်မနားဘဲ တောက်လျှောက်ကို ဆဲဆိုနေသည့်အတွက် မိန်းမပျိုသည် အလွန်အမင်းပင် အံ့သြနေမိသည်။ ထို့အပြင် ဆဲဆိုနေသည့် စကားလုံးများသည် အက်ကြောင်းထပ်မနေဘဲ တစ်ခါဆဲတစ်မျိုးဖြင့်ပင် ဆဲနေခြင်း ဖြစ်သည်။ မိန်းမပျိုသည် ပြုံးလိုက်ရင်း -

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now