Chapter (436)"ဓားနှင့်တသားတည်းဖြစ်သွားခြင်း"

215 18 0
                                    

Chapter (436)

“ဓားနှင့်တသားတည်းဖြစ်သွားခြင်း”

ရဲရှောင်‌ သူ၏ မေးစေ့အား ပွတ်လိုက်ရင်း -

(ပိုင်အာသာ တစ်နေ့နေ့ မူလတာအိုအဆင့် ရောက်သွားခဲ့ရင် အဲဒီထက် ပိုအဆင့်မြင့်တဲ့အထိ ဆက်ကြိုးစားနေဖို့ မလိုတော့ဘူး။ မူလတာအိုအဆင့် ၈ လောက် ရောက်ရင်ကို ချင်းယန်နယ်ပယ်မှာ ပြိုင်ဘက်ကင်း ဖြစ်နေလောက်ပြီ . . .)

“ဒီဓားနဲ့ဆို ငါလည်း စိတ်ချသွားရပါပြီ . . .”

ရဲရှောင် တွေးလိုက်ရင်း စိတ်သက်သာရာ ရသွားကာ သက်ပြင်းချလိုက်သည်။ မည်သို့ကြောင့်ရယ်မသိ သူ၏ စိတ်ထဲတွင် တာဝန်ကြီးတစ်ခု ပြီးမြောက်အောင်မြင် သွားသည့်အလား ခံစားလိုက်ရသည်။

“ပိုင်အာ . . . ငါတို့တွေ ဒီဓားကို ကြယ်ရေခဲဝိညာဉ်ဓားလို့ ခေါ်ရင် ဘယ်လိုနေမလဲ . . .”

ပိုင်အာသည်လည်း ကျေနပ်သည့်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ရဲရှောင်ပေးသည့် နာမည်အား သူမ နှစ်သက် သဘောကျသွားမိသည်။

ပိုင်အာ၏ မျက်နှာတစ်ခုလုံးသည် ပီတိများဖြင့် ပြည့်နှက်လျက်ရှိပြီး ဓားအား ကျေနပ်နေသည့်ဟန်ဖြင့် ငေးကြည့်နေလျက် ရှိသည်။ ထို့နောက် ရုတ်တရက် ခုန်ပေါက်ကာဖြင့် ရဲရှောင်၏ ပါးအား လာနမ်းပြန်သည်။

“ကျေးဇူးတင်ပါတယ် အစ်ကိုကြီး . . . အခုကစပြီး ကျွန်မဓားက ကြယ်ရေခဲဝိညာဉ်ဓား ဖြစ်သွားပြီ။ တစ်သက်လုံး ကိုယ်နဲ့မကွာ သိမ်းထားပါ့မယ် . . .”

ပိုင်အာသည် ဓားအား ကြိုက်လွန်းသဖြင့် ခဏလေးပင် လက်မှ မချချင်အောင် ဖြစ်နေလျက် ရှိသည်။ ကလေးတစ်ယောက်ကဲ့သို့ ပျော်ရွှင်နေသော ပိုင်အာအား ကြည့်ရင်း ရဲရှောင်၏ စိတ်ထဲတွင်ပါ အပျော်များ ကူးစက်သွားသည်။

(တစ်သက်လုံး သိမ်းထားမယ်တဲ့လား . . .)

*****

ထိုနေ့ မွန်းလွဲပိုင်းအချိန်တွင် ဖြစ်သည်။

ပိုင်အာသည် ဓားရေးလေ့ကျင့်နေပြန်လျက် ရှိသည်။ ရဲရှောင် ပြုလုပ်ပေးသည့် ဓားနှင့် ပို၍ လေ့ကျင့်မိလေ ပို၍ ကျေနပ်သဘောကျမိလေလေပင် ဖြစ်နေသည်။ လက်မှချထားရန်ပင် စိတ်ကူးမရှိတော့ပေ။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now