Chapter - 363"စစ်ယု"

216 19 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 363

“စစ်ယု”

ဓားအလင်းတန်း အရိပ်များအား ခုခံရန် ကြိုးစားမည် ဆိုပါက သေချာပေါက် ထိမှန်သွားကြမည် ဖြစ်သည်။ ခန္ဓာကိုယ်အား မိမိရရ ထိသွားမည် ဆိုပါက သေချာပေါက် တစစီဖြစ်သွားရုံ မျှမက ဝိညာဉ်တော်ပါ ပျောက်ကွယ်သွားရပေလိမ့်မည်။

ဆေးလုံးများအတွက် အသက်ကိုပင် စွန့်လွှတ်ရန် အသင့်ပြင်ထားကြပြီးသား လူများ ဖြစ်ကြသည့်တိုင် ယခုအချိန်တွင်မူ မသေချင်ကြသေးချေ။ အထူးသဖြင့် ယခုကဲ့သို့ ရက်ရက်စက်စက် အသတ်ဖြတ် မခံနိုင်ကြပေ။

အဓိပ္ပါယ်မရှိ သေဆုံးရခြင်းထက် တစ်စုံတစ်ခု အကျိုးဖြစ်ထွန်းစေ၍ သေဆုံးရခြင်းမှာ ပို၍ သာလွန်ပေလိမ့်မည်။ ယခုနေ တိုက်ခိုက်ရင်းဖြင့် သေဆုံးသွားကြမည် ဆိုပါက အဓိပ္ပါယ်မရှိစွာ သေဆုံးရခြင်းပင် ဖြစ်သည်။

ဝတ်ရုံနက်နှင့်လူမှ တိုက်ကွက် ထုတ်လိုက်သဖြင့် အားလုံးသည် ဘေးသို့ ရှဲသွားကြသည်။ ဝိုင်းထားသည့် အနေအထားမျိုး မဟုတ်ကြတော့ပေ။ ထိုကဲ့သို့ ကမောက်ကမ ဖြစ်နေချိန်၌ ဝတ်ရုံနက်နှင့်လူသည် ချက်ချင်းပင် လေပေါ်သို့ အလင်းတန်းတစ်ခုပမာ တဟုန်ထိုး ပျံသန်းသွားသည်။ ထို့နောက် ထိုလူ၏ အရိပ်အယောင်ကိုပင် မမြင်တွေ့ရတော့ချေ။

ကြမ်းပြင်ပေါ်တွင်လည်း ဒဏ်ရာရာသူရ၊ လဲကျသူကျဖြင့် ဖရိုဖရဲပင် ဖြစ်လျက် ရှိသည်။

လောင်ရှန်ယွန်သည် မျက်နှာပျက်ယွင်းလျက် ရှိပြီး တစ်ကိုယ်လုံးလည်း ကတုန်ကယင် ဖြစ်နေလေသည်။ ထို့နောက် ထိတ်လန့် တုန်လှုပ်နေသည့်ဟန်ဖြင့် မတ်တတ်ထရပ်လိုက်သည်။

“သူက တကယ်ပဲ စစ်ယုလား . . .”

မျိုးနွယ်တစ်စုမှ လူတစ်ဦး မေးလိုက်ခြင်း ဖြစ်သည်။

“သေချာတာပေါ့။ သူသုံးသွားတဲ့ တိုက်ကွက်ကို ကြည့်လေ။ စစချင်း အပြာရောင် အလင်းတန်းတွေ ယပ်တောင်လို ဖြစ်ပြီး ဖြာထွက်လာတာ။ ဒီလိုကျင့်စဉ်တိုက်ကွက်ကို သုံးနိုင်တာဆိုလို့ မော်တယ်ကမ္ဘာမှာ တစ်ယောက်ပဲရှိတယ်။ အဲ့ဒါ အမြဲစိမ်းတောင်ဂိုဏ်းက စစ်ယုပဲ . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားDonde viven las historias. Descúbrelo ahora