Chapter - 346"ခင်ဗျားကိုငှားချင်တယ်"

238 20 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 346

“ခင်ဗျားကိုငှားချင်တယ်”

ရဲရှောင် သက်ပြင်းချလိုက်ရင်း -

“နင် . . . ခင်ဗျားက အရမ်းကို ကြီးလေးတဲ့ တာဝန်တွေကို ထမ်းထားနေရတယ်။ အဲ့ဒီအတွက် ခင်ဗျားအနေနဲ့ လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်ရဲ့ ကျင့်ဝတ်တွေကို လိုက်နာရမယ် ဆိုရင်တောင် မိတ်ဆွေတွေ ဆီကတော့ အကူအညီ တောင်းနိုင်မယ် မဟုတ်လား။ ဒီလို တွက်ကြည့်တာပေါ့။ ခင်ဗျားပြောတဲ့ လူတွေက စုစုပေါင်း လူ ၂ သောင်းရှိပြီး ၄ ထောင်က ဒုက္ခိတတွေ မဟုတ်လား။ နေရေးထိုင်ရေး အပါအဝင်၊ ဆေးဝါး၊ အစားအစာတွေ ပေါင်းလိုက်မယ်ဆို တစ်လအတွက် ငွေစ ၅ သောင်းထက်တော့ မများနိုင်လောက်ဘူးထင်တယ်။ ဟုတ်တယ်မလား . . .”

လူ ၂ သောင်းအား ငွေစ ၅ သောင်းဟု အကြမ်းဖျဉ်း တွက်မည် ဆိုပါက လူတစ်ဦးလျှင် ငွေစ ၂ စခွဲစီ ဖြစ်ပေလိမ့်မည်။ ထိုပမာဏသည် များသည်ဟု မဆိုနိုင်ပေ။ မော်တယ်ကမ္ဘာ၏ လူသုံးကုန် ပစ္စည်းများသည် အလွန်စျေးကြီးမြင့်လှခြင်း မရှိချေ။ သာမန်အားဖြင့် လူလေးယောက်ရှိသော မိသားစုတစ်စုသည် တစ်လလျှင် ငွေစ ၁၀ စဖြင့် လောက်ငှအောင် သုံးစွဲနိုင်မည် ဖြစ်သည်။ အများဆုံး ငွေစ ၃ စ ထက်ပင် မပိုနိုင်ပါချေ။ ရဲရှောင်မှ လူတစ်ဦးလျှင် ငွေစ ၂ စခွဲဟု တွက်ဆကြည့်လိုက်ခြင်းသည် လုံလောက်သည်ထက်ပင် ပိုနေသည်ဟု ဆိုရပေမည်။

နင်ဘီလျူ တခဏမျှ စဉ်းစားသွားကာ -

“ယေဘူယျအားဖြင့် ဆိုရင်တော့ သူတို့က သာမန်လူတွေလိုပါပဲ။ ဒါပေမယ့် အများစုက တော်တော် ဂရုစိုက်ထားရတာ။ တချို့ဆိုရင် ဆေးဝါးတွေကို တစ်နှစ်ပတ်လုံး လိုအပ်နေကြတာလေ။ ဆေးဖိုးကလည်း မနည်းဘူးကွ။ တကယ်တော့ ငွေစ ၂ သိန်း လောက်မှ လောက်ရုံရှိမှာ . . .”

ရဲရှောင် မျက်မှောင်ကြုတ်လျက် -

“ငွေစ ၂ သိန်းဟုတ်လား . . . အင်း သိပ်တော့ မများလှပါဘူး။ တစ်လကို ငွေစ ၂ သိန်းပေါ့။ တစ်နှစ်ကို လိုလိုပိုပို ၃ သန်းပဲ ထားပါဦး၊ ၁၀ နှစ်ဆိုရင် သန်း ၃၀ ပေါ့ . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now