Chapter - 261"ကြောက်မက်ဖွယ်ရာ ချီဓာတ်များ"

260 21 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 261

“ကြောက်မက်ဖွယ်ရာ ချီဓာတ်များ”

ရဲရှောင်သည် ကျင့်ကြံမှုများကိုသာ အာရုံစိုက်၍ ကျင့်နေမိသည်။

ယခုအခါ သူ၏ ခန္ဓာကိုယ်ထဲတွင် ထူးဆန်းသော အခြား စွမ်းအင်တစ်မျိုး ရှိနေပြီဖြစ်ပြီး ထိုစွမ်းအင်များသည် တိုး၍သာ လာနေခဲ့သည်။

(ပိုင်ရှင်းယွဲ့က တကယ်ကို အံ့သြစရာကောင်းပါလား။ ငါ့အစွမ်းကုန် ကြိုးစားတာတောင် သူ့ရဲ့ ရေခဲချီဓာတ် ၁၀ ရာခိုင်နှုန်းလောက်ကိုပဲ စုပ်ယူနိုင်ခဲ့တယ်။ ဒါတောင် အကြာကြီး လုပ်ခဲ့ရတာ။ နောက်ပြီး
သူ့ဆီက ရခဲ့တဲ့ စွမ်းအင်တွေကိုလည်း ငါ မနည်းချေဖျက်နေရတယ်။ အခု အဲဒီ စွမ်းအင် ၁၀ ရာခိုင်နှုန်းနဲ့တင် ငါ တော်တော်ကို အစွမ်းထက်နေပြီ။ အခုတောင် သူ့ဟာသူ တိုးလာနေပါလား . . .)

(သူက တကယ်ပဲ တိမ်မြူခိုးနန်းတော်ရဲ့ အမွေဆက်ခံသူတစ်ဦး ဖြစ်နိုင်တာပေါ့။ လျန်လျန်က သူ့ကို သဘောကျနေတာလည်း မထူးဆန်းပါဘူးလေ။ ပိုင်ရှင်းယွဲ့က တကယ့် ပါရမီရှင်တစ်ယောက်လို့ကို ပြောလို့ရတယ်။ သူ့ရဲ့ ကျင့်ကြံမှု အဆင့်ကိုလည်း တော်တော် တိုးတက်အောင် လုပ်နိုင်ခဲ့တာပဲ . . .)

ရဲရှောင်သည် ကျင့်ကြံမှု ပြုလုပ်ရင်း စဉ်းစားနေမိသည်။

စဉ်းစားခန်းဖွင့်နေရင်းဖြင့် ရဲရှောင်သည် သူ ရရှိခဲ့သည့် စွမ်းအင်များအား ချေဖျက်သန့်စင်နေခဲ့သည်။ တစ်ချိန်တည်းမှာပင် ရှေးဦးခရမ်းရောင် ချီဓာတ်များတိုးတက်လာစေရန်အတွက်လည်း ကျင့်ကြံနေမိသည်။ ယခုကဲ့သို့သော အချိန်မျိုးတွင် ရဲရှောင်အတွက်
အခြား မည်သည့်အရာမျှ အရေးမကြီးတော့ချေ။ ကျင့်ကြံမှုအပေါ်တွင်သာ အာရုံစိုက်နေသည့်အတွက်
စကြဝဠာကြီး တစ်ခုလုံးတွင် သူတစ်ဦးတည်း ရှိနေသလိုပင် ခံစားနေရသည်။

ထိုအချိန်တွင် သူ၏ လက်သည် ပိုင်အာ၏ ကိုယ်ပေါ်သို့ ရောက်ရှိနေသည်ကိုပင် သတိမထားမိချေ။ ရဲရှောင်သည် ပိုင်အာအား ကုသပေးနေရင်းဖြင့် စွမ်းအင် ကျင့်ကြံနေခြင်း ဖြစ်သည်။ ထိုကဲ့သို့ ကျင့်ကြံသည့်အချိန်တွင် သူ၏ စွမ်းအင်များသည် ပိုင်အာ၏ ကိုယ်တွင်းသို့ စီးဝင်သွားကြသည်။ နောက်ဆုံးတွင်မူ ရေခဲချီဓာတ်များသည် သန့်စင်သော စွမ်းအင်များအဖြစ် ရဲရှောင်၏ စွမ်းအင်သိုလှောင်ရာအတွင်းသို့ ဝင်ရောက်လာသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now