Chapter - 243"အဆင့်တက်အောင်ကူညီစေခြင်း (၃)"

261 22 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 243

“အဆင့်တက်အောင်ကူညီစေခြင်း (၃)”

ရဲရှောင် ပြောလိုက်သည့် စကားများကြောင့် ဝမ်ရမ်ချူးချူးဘက်မှ ဒေါသထွက်လည်း ထွက်ချင်စရာပင်။ ရဲရှောင်၏ စကားလုံးတိုင်းတွင် “ဝသည်” “ခါးတုတ်သည်” ဆိုသည့် စကားလုံးများ မပါဝင်သည်ဟူ၍ မရှိချေ။ ထိုစကားလုံး နှစ်လုံးကပင် ဝမ်ရမ်ချူးချူး၏ ဒေါသများအား ပွင့်ထွက်သွားစေခြင်း ဖြစ်သည်။

ဒေါသအလွန်အမင်း ထွက်နေသော ဝမ်ရမ်ချူးချူးတစ်ယောက် အာခေါင်ခြစ်၍ပင် အော်ဟစ်လိုက်ရင်း -

“ဖန်ဇီလင် . . . ရှင့်ကို သေအောင် ရိုက်ပစ်မယ် . . .”

အော်သံနှင့်အတူ ဝမ်ရမ်ချူးချူး၏ တိုက်ခိုက်မှုများသည်လည်း ပို၍ ပြင်းထန်လာလျက် ရှိသည်။

ဝမ်ရမ်ချူးချူး၏ တိုက်ခိုက်မှုသည် မည်သည့် ကောင်းကင်အဆင့် ပညာရှင်ကိုမဆို သတ်ဖြတ်နိုင်စွမ်း ရှိပေလိမ့်မည်။

“ဘုန်း . . .”

နှစ်ဦးစလုံးမှ ထုတ်လွှတ်လိုက်သည့် စွမ်းအင်များ အပြန်အလှန် ထိမိသွားကြသည်။

ထိုအချိန်တွင် အံ့သြစရာကောင်းသည့် အဖြစ်အပျက်တစ်ခု ဖြစ်သွားခဲ့သည်။ ပိုင်ရှင်းယွဲ့ပင် ကြောင်ငေးကာ သွားရသည်။

စွမ်းအင်များ အပြန်အလှန် ထိတွေ့သွားသည်ထိ ပိုင်ရှင်းယွဲ့၏ ထိန်းချုပ်မှု အောက်တွင် ရှိနေဆဲပင် ဖြစ်သည်။ ပိုင်ရှင်းယွဲ့သည် ထိုစွမ်းအင်များအား ဖယ်ရှားရန် ပြင်ဆင်နေပြီ ဖြစ်သည်။ ပညာရှင်ကြီးတစ်ဦးဖြစ်သော ပိုင်ရှင်းယွဲ့၏ အမြင်တွင် ဝမ်ရမ်ချူးချူးနှင့် ရဲရှောင်တို့သည် လွန်စွာ အဆင့်နိမ့်နေသေးသည်။ ထို့ကြောင့် သူတို့နှစ်ဦး၏ တိုက်ခိုက်မှုအား ကောင်းစွာ ကြီးကြပ်နိုင်မည်ဟုသာ ယုံကြည်ထားခဲ့မိသည်။

သို့သော် ရဲရှောင်သည် သူ ထုတ်လွှတ်လိုက်သော စွမ်းအင်များအား ချက်ချင်း ရုပ်သိမ်းပစ်လိုက်သည်။ မည်သည့်စွမ်းအင်ကိုမျှ ထပ်မံ ထုတ်လွှတ်ခြင်း မပြုတော့ဘဲ နဂိုမူလ ထုတ်လွှတ်ခဲ့သည့် စွမ်းအင်များအား ပြန်လည်စုပ်ယူ ရုတ်သိမ်းလိုက်ခြင်းပင် ဖြစ်သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now