Chapter (481)"ကျုပ်တို့မလိုချင်ပါဘူး"

255 20 0
                                    

Chapter (481)

“ကျုပ်တို့မလိုချင်ပါဘူး”

မှန်ပေသည်။ ပြောင်ပြောင်လက်လက်ဖြင့် တောက်ပနေသည့် အရာများမှာ ထူးခြားအစွမ်းထက် ဆေးလုံးများသာ ဖြစ်သည်။ ပြာများအတွင်း ဆေးလုံးပေါင်း ၄၀ လောက် ရှိနေခြင်း ဖြစ်သည်။ ဆေးလုံးများ၏ အပေါ်တွင် လှပသော ဆေးတိမ်တိုက်များ ဖြစ်ပေါ်လျက် ရှိနေသည်။

ဂိုဏ်းကြီး ၂ ဂိုဏ်းသည် လေလံပွဲ၌ ဆေးလုံးများ ရရှိခဲ့ကြခြင်း မရှိပေ။ ထိုသို့ဆိုလျှင် ၎င်းတို့၌ ဆေးလုံးများ အဘယ်ကြောင့် ရောက်ရှိနေပါသနည်း။

ရဲရှောင်လည်း ကြမ်းပြင်ပေါ်ရှိ ဆေးလုံးများအား ငေးကြည့်ရင်း -

“အံ့ဩစရာတော့ မရှိပါဘူးလေ . . . ဒီဆေးလုံးတွေက တခြားမျိုးနွယ်စုတွေကလို့ ကျုပ်တော့ ထင်တာပဲ။ အခု ဆေးလုံးတွေ ဒီမှာ ရှိနေတာဆိုတော့ ဒီဆေးလုံးတွေကို ကျန်တဲ့ ဂိုဏ်း ၃ ဂိုဏ်းကို သတ်ပြီးပဲ ရလာသလား၊ ဒါမှမဟုတ် သူတို့ကိုယ်တိုင်ပဲ ကြောက်လို့ ပေးလိုက်လား မသိပါဘူး . . .”

လောင်ရှန်ယွန်မှ တံတွေးမျိုချလိုက်ရင်း -

“မူမျိုးနွယ်နဲ့ ဂေါင်စွန်းမျိုးနွယ် . . .”

ရဲရှောင် ပြုံးလျက် -

“ဒါကတော့ ဘယ်သူဘယ်လောက်ပိုင်လဲ မသိဘူးပေါ့။ အခု ဆေးလုံးတွေ ဒီမှာ ရှိနေပြီ။ လင်းပါအိုကလည်း ဒီဆေးလုံးတွေကို ရောင်းချခဲ့ပြီး ဖြစ်တဲ့အတွက် ကျုပ်ကတော့ ပြန်မယူတော့ပါဘူး။ ဆရာလောင် . . . ခင်ဗျား ယူချင်တယ်ဆိုရင် ယူလိုက်လေ။ ကျုပ်ဘာမှ မပြောဘူး . . .”

လောင်ရှန်ယွန် တံတွေးမျိုချလိုက်ပြန်ရင်း ဆေးလုံးများအား လှမ်းကြည့်လိုက်ပြန်သည်။

(ငါယူသင့်လား . . .  ယူသင့်လား . . .)

လူတိုင်းသည်လည်း ထိုမေးခွန်းအား အကြိမ်ကြိမ်အဖန်ဖန် သူတို့ကိုယ်သူတို့ ပြန်မေးနေမိကြသည်။

လူတိုင်းသည် ထူးခြားအစွမ်းထက် ဆေးလုံးများအား လိုချင်ကြသည်ချည်းသာ ဖြစ်သည်။ သို့သော်လည်း ပြင်းထန်လှသည့် အဆိပ်များကြောင့် သေဆုံးသွားကြသူများ၏ ပြာပုံအတွင်းမှ ဆေးလုံးများကို မည်သူက စားရဲပါမည်နည်း။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now