Chapter (424)"အချစ်အတွက်ဆို"

240 18 0
                                    

Chapter (424)

“အချစ်အတွက်ဆို”

“နောက်တော့ . . .”

ကျောင်းဖင်းရှန် တစ်ချက်ပြုံးလိုက်ရင်း -

“နောက်တော့ အရူးတစ်ယောက်လို သူ့အလောင်းကို တူးခဲ့မိတယ်။ ကျုပ်သူ့ကို အရမ်းတွေ့ချင်နေမိပြီလေ။ ဒါပေမယ့် ကျုပ်သူ့ရဲ့ အရိုးခြောက်ဖြစ်လုမတတ် အရိုးစုကိုပဲ တွေ့ခဲ့ရတယ်။ ယုအာက မြေကြီးထဲမှာ ငြိမ်ငြိမ်လေး လှဲလျောင်းနေပြီး သေဆုံးနေခဲ့ပြီကိုး။ ကျုပ်လည်း မခံစားနိုင်လွန်းလို့ သွေးအန်ထွက်သွားမိပြီး လဲကျသွားတယ် . . .”

“သူ့ဘေးနားမှာပဲ သူနဲ့အတူ လှဲနေပြီး ပြန်ကို မထွက်ချင်တော့ဘူး။ သူ့မိဘတွေနဲ့ ကျုပ်မိဘတွေ ဒူးထောက်တောင်းပန် ခဲ့ရတဲ့အထိပဲ . . .”

“မထချင်ပေမယ့် ကျုပ်ပြန်ထခဲ့တယ်။ ယုအာက သေသွားပြီလေ။ ကျုပ်တို့မိဘတွေကတော့ အသက်ရှင်နေကြသေးတယ်။ သူတို့ကိုပါ ထပ်ပြီး ရင်မကွဲစေချင်တော့ဘူး။ သူတို့ကို ဂရုစိုက်ဖို့ လိုသေးတယ် မဟုတ်လား။ ကျန်တဲ့ ကျုပ်တစ်ဘဝလုံး ဘာလုပ်ရမယ် ဆိုတာကိုတောင် မသိတော့ဘူး။ သူ့ရဲ့ မြေပုံထဲမှာ ကျုပ်လည်း ယင်အသီးကို ထားခဲ့လိုက်တယ်။ တစ္ဆေတွေ ဝိညာဉ်တွေအတွက် ဒီအသီးက အသုံးဝင်မှန်းသိလို့ ကျုပ်ယုအာလေးအတွက် ထားခဲ့တာပေါ့ . . .”

“သူ့ကိုယ်ပေါ်မှာ အသီးကို ကျုပ်တင်ပေးခဲ့တယ်။ အသီးက သူ့ကိုယ်ထဲ ဝင်သွားသလို တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတယ်။ အဲဒီအချိန်တုန်းက ကျုပ်ကို နတ်ဘုရားတွေ ကောင်းချီးပေးခဲ့တာလို့ ကျုပ်ထင်ခဲ့မိတယ်။ ကျုပ်ဖြင့် အိပ်မက်တောင် မက်တယ်ဗျာ။ ယန်အသီးကြောင့် ကျုပ်ရဲ့ ကျင့်ကြံမှုတွေဟာ ၆ နှစ်စာလောက် လျင်လျင်မြန်မြန် တိုးတက်ခဲ့တယ်။ သူလည်း ယင်အသီးကို စားလိုက်ရင် အသက်များ ပြန်ရှင်လာမလေလားပေါ့။ ဒါပေမယ့် လက်တွေ့မှာတော့ သူပြန်မလာနိုင်ခဲ့ပါဘူး။ ယင်အသီး ပျောက်သွားပေမယ့် ဘာမှ ထူးခြားတာ ဖြစ်မလာခဲ့ဘူး။ ဘာကြောင့်များလဲ ဘာကြောင့် ဘာထူးခြားမှုမှ မရှိရတာလဲ။ သူယင်အသီးကို စားခဲ့တာ မဟုတ်လား။ ဒါဆိုဘာလို့များ ကျုပ်ကို နတ်ဘုရားတွေက ကောင်းချီး မပေးရတာလဲ . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now