Chapter - 265"အကောင်းဆုံးကြိုးစားခြင်း"

257 20 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 265

“အကောင်းဆုံးကြိုးစားခြင်း”

“တော်တော်ကောင်းတဲ့ ဆင်ခြေပဲ . . . မင်းမိသားစုကို ကာကွယ်တာပေါ့ ဟုတ်လား၊ မင်းပြောပုံအရဆိုရင် မင်းအဖေနဲ့ စစ်သူကြီးက ရန်ညိုးရန်စ ရှိခဲ့ဖူးတယ်။ အဲ့ဒီတော့ မင်းအဖေက မင်းကို လွှတ်ပြီး စစ်သူကြီးကို သတ်ခိုင်းခဲ့တယ်။ ဒါပေမယ့် မင်းက စစ်သူကြီးကို သတ်ရုံတင်မကဘူး အပြစ်မဲ့တဲ့ စစ်သည်တစ်သောင်းကျော်ကိုပါ သတ်ပစ်ခဲ့့တယ်။ မင်းလုပ်ခဲ့တဲ့ လုပ်ရပ်က မင်းအဖေကို နှစ်သိမ့်ပေးတာပေါ့လေ ဟုတ်လား . . .”

ရဲရှောင် မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

“ဟုတ်တယ်လေ၊ ဘာဖြစ်လို့လဲ . . .”

နန်ရှန်ဆင်းသည် မထူးခြားသည့် ကိစ္စတစ်ခုအလား ပေါ့ပေါ့တန်တန်ပင် ပြန်ဖြေလိုက်သည်။

“ဘာမှ မဖြစ်ပါဘူး . . .”

ရဲရှောင် မခိုးမခန့် ပုံစံမျိုးဖြင့် ပြောလိုက်သည်။

“ဒေါသဖြစ်တဲ့ အခိုက်အတန့်လေးကြောင့် မင်းရဲ့ လုပ်ရပ်က ချန်နိုင်ငံတော်အတွက် အများကြီး ဆုံးရှုံးနစ်နာစေခဲ့တယ်။ မိုင်ပေါင်းရာချီတဲ့ ပိုင်နက်ကို ဆုံးရှုံးခဲ့ရရုံတင် မကဘူး အပြစ်မဲ့တဲ့ ပြည်သူတွေ သိန်းနဲ့ချီပြီးကို လူရိုင်းမျိုးနွယ်အောက် ရောက်ခဲ့ရတယ်။ အသတ်ခံခဲ့ကြရတဲ့ လူတွေလည်းရှိသလို၊ သေတာထက်ပိုဆိုးတဲ့ ခံစားမှုမျိုး ခံစားသွားခဲ့ကြရသူတွေလည်း ရှိခဲ့တယ်။ ငါပြောတာ ဟုတ်တယ်မလား . . .”

ရဲရှောင်သည် နန်ရှန်ဆင်း၏ မျက်လုံးများအား တည့်တည့်စိုက်ကြည့်၍ ပြောလိုက်သည်။

နန်ရှန်ဆင်းသည် ရဲရှောင်၏ အကြည့်များအား ဂရုမစိုက်ဘဲ ခပ်တည်တည်ဖြင့်ပင် -

“အဲဒီတော့ ဘာဖြစ်လဲ . . .”

ရဲရှောင်၏ မျက်လုံးများသည် အေးစက်မာကြောသွားကာ -

“ဘာမှ မဖြစ်ပါဘူး။ အနှစ်ချုပ်ရရင် မင်းနဲ့မင်းအဖေက ခွေးလောက်တောင် အသိဉာဏ်မရှိတဲ့ ကောင်တွေပဲ။ မျိုးမစစ်တွေ။ မျိုးမစစ် သားအဖ နှစ်ယောက် . . ."

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားKde žijí příběhy. Začni objevovat