Chapter (423)"ရင်နင့်စွာဖြင့်"

227 19 0
                                    

Chapter (423)

“ရင်နင့်စွာဖြင့်”

“ကျုပ်ဗိုက်ဆာနေခဲ့တယ်လေ . . . အဆိပ်ရှိတဲ့ အသီးမှန်း သိရင်တောင် ကျုပ်ကတော့ စားမိမှာပဲ။ ဆာလောင်နေတာထက် သေတာကမှ ပိုကောင်းသေးတယ်။ အဲ့ဒါကြောင့် ကျုပ်လည်း စားခဲ့တယ်။ အသီးကိုစားပြီးတော့ ကျုပ်စွမ်းအင်တွေ ပြည့်ဝလာသလို ခံစားခဲ့ရတယ်။ ဒဏ်ရာတွေလည်း ပျောက်သွားခဲ့တယ်။ နောက်တော့ ကျုပ် ထလိုက်တဲ့ အခါမှာ နောက်ထပ် အသီးတစ်လုံးကို တွေ့လိုက်ရတယ်။ အဲဒီအလုံးကတော့ အနက်ရောင်ပဲ . . .”

“ကျုပ်ဒဏ်ရာတွေ သက်သာသွားတဲ့အပြင် ကျင့်ကြံမှု အဆင့်တွေလည်း သိသိသာသာ တိုးတက်လာခဲ့တယ်။ အဲဒါကြောင့် ကျန်တဲ့ အသီးတစ်လုံးကို အလွယ်တကူပဲ ခူးနိုင်ခဲ့ပြီး ဂိုဏ်းကို ပြန်လာခဲ့လိုက်တယ်။ ကျုပ်ဆရာကို အကျိုးအကြောင်း ပြောလိုက်တဲ့အခါ ဆရာက ကျုပ်ယင်ယန်အသီးတွေကို ရခဲ့တာဆိုပြီး ပြောပြခဲ့တယ်။ ကျုပ်စားခဲ့တာ ယန်အသီးဖြစ်ပြီး နောက်တစ်လုံးကို မစားမိခဲ့တာ ကံကောင်းတယ်ပဲ ပြောရမလားပေါ့ . . .”

“၃ လလောက် ကြာပြီးတဲ့အခါ ယန်အသီးက စွမ်းအင်တွေ အားလုံးကို ချေဖျက်နိုင်ခဲ့တယ်။ ကျုပ်ဂိုဏ်းမှာ ကျုပ်က ပြိုင်ဘက်မရှိတော့လောက်အောင် ဖြစ်လာခဲ့တယ်။ ကျုပ်ဆရာနဲ့ ဂိုဏ်းရဲ့ အကြီးအကဲတွေတောင် ကျုပ်ကို အနိုင်မတိုက်နိုင်တော့ဘူး။ အသီးရဲ့ အာနိသင် အားလုံးကို ချေဖျက်ပြီးတဲ့ အခါ ကျုပ်လည်း မြေကြီးအဆင့် ၈ ထိ ရောက်လာခဲ့တယ်။ ရာဇဝင်မှာ စာတင်လောက်တဲ့ တိုးတက်မှုနှုန်းပေါ့ . . .”

“ကျုပ်လည်း ထပ်စောင့်မနေနိုင်တော့ဘဲ နေရပ်ကို ပြန်လာခဲ့တယ်။ ပြောရရင် အချိန်အားဖြင့် ၃ နှစ် မပြည့်သေးဘူးပေါ့။ ယုအာကို ကျုပ်ဘယ်လောက် အစွမ်းထက်နေပြီလဲ ဆိုတာကို ပြောပြချင်နေပြီလေ။ သိုင်းလောကမှာ ကျုပ်က ထွန်းတောက်လာမယ့် ကြယ်တစ်ပွင့် ဖြစ်နေပြီ။ ကျုပ်ယုအာကို ပြောချင်တဲ့ တစ်ခုတည်းသော အကြောင်းရင်းက သူ့ကို လုံခြုံမှုပေးနိုင်နေပြီ ဆိုတာပဲ။ သူ့အတွက် တောက်ပတဲ့ အနာဂတ်ကို ပုံဖော်ပေးနိုင်ပြီပေါ့။ ဒါပေမယ့် ကျုပ်သူ့ကို လက်မထပ်ဘူး။ သူက ကျုပ်နဲ့မတန်တော့ဘူးလေ . . ."

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now