Chapter (417)"တရားခံဘယ်သူလဲ"

224 21 0
                                    

Chapter (417)

“တရားခံဘယ်သူလဲ”

ဂျိမိန်ဇန်သည် သူ၏ လူများနှင့်အတူ ဆုတ်ခွာနေပြီဖြစ်သည်။ ထိုသို့ ဆုတ်ခွာနေစဉ် ကျောင်းဖင်းရှန်မှ -

“ငါ့မြင်းကို ထားခဲ့၊ နောက်ထပ် မြင်းတစ်ကောင်ပါ ထပ်ထားခဲ့ဦး . . .”

ကျောင်းဖင်းရှန် ပြောလိုက်သည့် စကားကြောင့် ဂျိမိန်ဇန် အံ့ဩလွန်းသဖြင့် ပါးစပ်အဟောင်းသားပင် ဖြစ်သွားသည်။

(ခွေးသူတောင်းစား . . . မင်းက ငါ့လူတွေ အများကြီးကိုလည်း သတ်သေးတယ်။ အခုကြ မင်းအတွက် မြင်းတင် မကဘူး၊ မျိုးမစစ် ဖန်ဇီလင် အတွက်ပါ မြင်းတောင်းနေတယ်ပေါ့။ မင်းကိုယ်မင်း မင်းတပည့်တွေကို အမိန့်ပေးနေရတယ်လို့များ တွေးနေမိတာလား။ မင်းကိုယ်မင်း ဘာကောင်ထင်နေလဲ . . .)

ဂျိမိန်ဇန်၏ စိတ်ထဲတွင် ထိုသို့တွေးရင်းဖြင့် ပါးစပ်မှလည်း အော်ဟစ်ဆဲဆိုမိတော့မတတ်ပင် ဖြစ်သွားသည်။ သို့သော် ထိုအချိန်မှာပင် သတ်ဖြတ်လိုသော အငွေ့အသက်များစွာသည် သူ၏တစ်ကိုယ်လုံးသို့ ဖုံးလွှမ်းသွားလေသည်။

ကျောင်းဖင်းရှန်မှ “မြင်းတွေ ထားခဲ့မလား၊ မင်းအသက်ကို ထားခဲ့မလား” ဟူ၍ မေးနေသလိုပင်။

သတ်ဖြတ်လိုသည့် အငွေ့အသက်များကြောင့် ဂျိမိန်ဇန် တုန်လှုပ်သွားသည်။ ဒေါသလည်းထွက် ရှက်လည်း ရှက်ရွံ့နေသော်လည်း စိတ်ထိန်းလိုက်ရင်း -

“မြင်း ၃ ကောင် ထားခဲ့လိုက်ကြ . . .”

ထိုသို့ ပြောရင်းဖြင့် စက္ကန့်ပိုင်းအတွင်းတွင် အတွေးများစွာ တွေးမိသွားသည်။ သို့သော် ကျောင်းဖင်းရှန်အား ရန်ထပ်မစတော့ရန် ဆုံးဖြတ်လိုက်သည်။ သည်းခံခြင်းကိုသာ လက်ကိုင်ထားတော့မည်ဟု ဂျိမိန်ဇန် တွေးလိုက်မိသည်။

မြင်းများ ထားခဲ့ရန် အမိန့်ပေးလိုက်ပြီးနောက် လက်ရှိနေရာတွင် ဂျိမိန်ဇန် ဆက်နေရန် အလွန်ရှက်ရွံ့နေပြီဖြစ်သည်။ ထို့ကြောင့် မြင်းအား ဒုန်းစိုင်းစီးရင်း လျင်မြန်စွာ ထွက်သွားပါတော့သည်။

နတ်ဘုရားသတ် အဖွဲ့မှ လူများအားလုံး ထွက်သွားကြပြီ ဖြစ်သည်။ လေထဲတွင် ဖုန်မှုန့်များ လွင့်နေပြီး မြင်းခွာသံများသည်လည်း မိုးကြိုးသံများအလား ကျယ်လောင်လှပေသည်။ သိပ်မကြာခင်မှာပင် လူများအားလုံးသည် မြင်ကွင်းမှ ပျောက်ကွယ် သွားကြပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now