Chapter (430)"လက်ကိုင်တုတ်"

221 16 0
                                    

Chapter (430)

“လက်ကိုင်တုတ်”

“ကျုပ်သိုင်းလောကသားအဖြစ် ကျင်လည်နေတုန်း ကျုပ်ရဲ့ကျင့်ကြံမှုတွေက ပိုပိုပြီး တိုးတက်လာခဲ့တယ်။ နောက်ဆုံး ကောင်းကင်အဆင့် ၈ ထိ ရောက်လာခဲ့တယ်။ ကျုပ်အထင်ကြီးရမယ့် လူဆိုတာ မရှိသလောက်ကို ရှားခဲ့တယ်။ ကျုပ်ဘယ်တော့မှ မမေ့နိုင်တဲ့ အရာကတော့ ကံကြမ္မာဆရာ ပြောခဲ့တဲ့ စကားလုံးတွေပဲ . . .”

“သိပ်မကြာခင်က ကျုပ်ငွေလိုလာခဲ့တယ်။ ကျုပ်ကိုယ်ကျုပ်တောင် စားဖို့အနိုင်နိုင် ဖြစ်ခဲ့ရတယ်လေ။ အဲဒါကြောင့်ပဲ ဆုကြေးထုတ်ခံထားရတာမျိုးတွေ လိုက်ရှာခဲ့တယ်။ နောက်တော့ နတ်ဘုရားသတ်အဖွဲ့နဲ့ တွေ့ခဲ့တယ်။ သူတို့ကကျုပ်ကို စည်းရုံးတာနဲ့ ချန်နိုင်ငံတော် ရောက်လာပြီး ခင်ဗျားနဲ့ တွေ့ခဲ့တာပဲ။ ကျုပ်နဲ့ ရေစက်ပါတဲ့ ခင်ဗျားနဲ့ပေါ့ . . .”

ကျောင်းဖင်းရှန် တစ်ချက်ပြုံးလိုက်ပြန်ရင်း -

“ဒါကတော့ ကျုပ်ဘဝဇာတ်ကြောင်း အကျဉ်းချုပ်ပေါ့။ ရိုးရိုးရှင်းရှင်းနဲ့ ပျင်းစရာ ဘဝမျိုးပါပဲ . . .”

ရဲရှောင်မှာမူ နှုတ်ဆိတ်လျက် ရှိသည်။

(ဒီသတ်ဖြတ်ခြင်း ဘုရင်ရဲ့ ဘဝက တော်တော်ဆိုးရွားခဲ့တာပဲ။ သူ့ရဲ့ ဇနီးလောင်းလေးကလည်း လက်မထပ်ခင်မှာ ရောဂါကြောင့် သေခဲ့ရတယ်။ သူ့ဂိုဏ်းတစ်ခုလုံးလည်း အဖြိုခွဲခံခဲ့ရတယ်။ အချိန်အတော်ကြာ ဦးတည်ချက်မဲ့နေတဲ့ လူတစ်ယောက်အဖြစ် နေထိုင်ခဲ့ပြီးမှ သတ်ဖြတ်ခြင်းဘုရင်ဆိုပြီး ဖြစ်လာခဲ့တာပဲ။ ဒီလိုသတ်ဖြတ်ခြင်း ဘုရင်ဆိုတာကရော ဘယ်လိုဖြစ်လာတာပါလိမ့် . . .)

“အစ်ကိုကျောင်း . . . ခင်ဗျားက သတ်ဖြတ်ခြင်းဘုရင်ဆိုပြီး ဂုဏ်ပုဒ်ကိုတောင် ရလာတာဆိုတော့ ငွေမရှားလောက်ပါဘူး။ မချမ်းသာရင်တောင် သုံးနိုင်စွဲနိုင်မှာပဲ။ အခုကြ ဘယ်လိုဖြစ်ပြီး ဒီလောက်ထိ ငွေရှားနေရတာလဲ . . .”

ရဲရှောင် စိတ်ဝင်တစားဖြင့် မေးလိုက်သည်။

ကျောင်းဖင်းရှန်အနေဖြင့် နင်ဘီလျူကဲ့သို့ ထောက်ပံ့စရာများ မရှိသဖြင့် သူရသမျှငွေအား သူတစ်ယောက်တည်းဖြင့် အကုန်မသုံးနိုင်လောက်ချေ။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားDonde viven las historias. Descúbrelo ahora