Chapter - 229"ပညာရှင်နှစ်ဦး၏တိုက်ပွဲ"

269 21 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 229

“ပညာရှင်နှစ်ဦး၏တိုက်ပွဲ”

စစ်သူကြီးရဲသည် မကျေမချမ်းဖြင့် -

“ဘယ်လိုဖြစ်တာလဲဟ . . . စုဒင်ဂူ ရှိတဲ့နေရာကြ အရာအားလုံး အဆင်ပြေနေပြီး ငါတို့ကြ ဒုက္ခတွေ့နေရတယ်။ ကံကြမ္မာက မျက်နှာလိုက်လိုက်တာကွာ . . .”

. . .

ကောင်းကင်ထက်ရှိ ပညာရှင်နှစ်ဦး၏ တိုက်ပွဲသည် ပြင်းထန်နေဆဲပင် ဖြစ်သည်။

ပညာရှင်နှစ်ဦးသည် အရိပ်နှစ်ခု သဖွယ်ရှိနေပြီး တစ်ခုမှာ အမည်းရောင်အရိပ်ဖြစ်၍ အခြားတစ်ခုမှာမူ အဖြူရောင်အရိပ် ဖြစ်သည်။ ထိုအရိပ်နှစ်ခုသည် ကောင်းကင်ထက်တွင် သူသေကိုယ်သေ တိုက်ခိုက်လျက် ရှိသည်။

အနက်ရောင်ဝတ်မိန်းမပျို၏ ဓားမှ ငွေရောင်လျှပ်စီးများ လင်းလက်လျက်ရှိသည်။ ထို့နောက် သူ၏ ဓားအား ဝေ့ယမ်းလိုက်ပြီး ရှေ့သို့ တဟုန်ထိုးပြေးသွားကာ တိုက်ခိုက်လိုက်သည်။ အဖြူရောင်ဝတ် မိန်းမပျိုသည်လည်း ပျံသန်းလိုက်ရင်း သူ၏ ဓားအား ဝေ့ယမ်းလိုက်သည်။ ထိုအခါ ဓားမှ အနီရောင်လျှပ်စီးများ ထွက်ပေါ်လာသည်။ သူတို့ နှစ်ဦးသည် ကောင်းကင်ကြီးတစ်ခုလုံးကိုပင် ဖျက်ဆီးပစ်တော့မည်ဟန်ပင်။

တိုက်ပွဲသည် အလွန်ပြင်းထန်နေသည့်တိုင် နှစ်ဦးစလုံး၏ မျက်နှာတွင် ယောက်ယက်ခတ်နေခြင်းမျိုးမရှိဘဲ တည်တည်ငြိမ်ငြိမ်ဖြင့်ပင် ရှိနေလေသည်။ ကောင်းကင်ယံထက်တွင် တစ်ဦးနှင့်တစ်ဦး သည်းကြီးမဲကြီး တိုက်ခိုက်လျက်ရှိသည့် ထိုမိန်းကလေးနှစ်ဦးသည် အလွန်လှပချောမောသော မိန်းကလေးများ ဖြစ်ကြသည်။ အဆင်းရော အချင်းပါ ပြည့်စုံသည်ဟု ဆိုရပေမည်။

တိုက်ပွဲသည် အချိန်ကြာလာသည်နှင့်အမျှ နှစ်ဦးစလုံး ခြေကုန်လက်ပန်း ကျလာကြသည်။ စွမ်းအင်ပြန်လည် ပြည့်ဝနှုန်းမှာ မြန်ဆန်သည့်တိုင် စွမ်းအင်ထုတ်လွှတ်မှုက ပို၍များနေသဖြင့် ထိုကဲ့သို့ ဖြစ်နေခြင်း ဖြစ်သည်။

သို့သော် နှစ်ဘက်စလုံး မည်သူမျှ အရှုံးမပေးချင်ကြပေ။

အဖြူရောင်ဝတ်ဆင်ထားသော မိန်းကလေး ရှဲ့ဒန်ယူသည် ချင်းယန်နယ်ပယ်၏ အလှဘုရင်မဖြစ်သော ရွှမ်ပိုင်အား ယခင်က ယှဉ်နိုင်စွမ်း မရှိခဲ့ပေ။ သို့သော် ယခုအခါတွင်မူ သူမအဖို့ အခွင့်အရေး ရလာခဲ့ပြီ ဖြစ်သည်။ ထို့ပြင် သူတို့ နှစ်ဦး၏ ဂိုဏ်းများသည် နှစ်ပေါင်းထောင်နှင့်ချီ၍ ရန်ဘက်များ ဖြစ်ခဲ့ကြသည်။ ကမ္ဘာ့ရန်ဘက်များဟုပင် ဆိုနိုင်ပေသည်။ ထို့ကြောင့် ယခုကဲ့သို့ တစ်ယောက်နှင့်တစ်ယောက် အပြတ်ရှင်းပစ်နိုင်သည့် အခွင့်အရေးအား နှစ်ယောက်စလုံး လက်လွှတ်အဆုံးရှုံးမခံနိုင်အောင် ဖြစ်နေကြသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now