Chapter - 236"ဥတစ်ဥနှင့်လူတစ်ယောက်"

286 22 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 236

“ဥတစ်ဥနှင့်လူတစ်ယောက်”

[ဒီကောင်မလေးရဲ့ တစ်ကိုယ်လုံး ငါမမြင်ဖူးတဲ့ နေရာမှ မရှိတာ။ ဘာရှက်စရာ ရှိလဲ . . .]

မိန်းကလေး၏ ကျင်ကြီးကျင်ငယ် ကိစ္စဟူသမျှအား လုပ်ဆောင်ပေးနေရင်း ရဲရှောင်၏ စိတ်ထဲတွင် တွေးနေမိသည်။

ရဲရှောင်သည် ကျင့်ကြံမှုများ ပြုလုပ်သည့်အချိန်မှအပ ကျန်သည့်အချိန်များတွင် မိန်းကလေးအား ပြုစုနေရင်းဖြင့်သာ အချိန်များကုန်ဆုံးခဲ့သည်။ တစ်ခါတစ်ရံတွင် သက်ပြင်းချမိရင်း သူ၏ အဖြစ်အား တွေးနေမိသည်။

[သူနဲ့ငါ ဘယ်သူက အစေခံမှန်းတောင်း မသဲကွဲတော့ဘူး။ ငါဒီလောက် နေ့တိုင်း ဂရုတစိုက် ပြုစုပေးနေတာတောင် အခုထိ မနိုးလာသေးဘူး . . .]

. . .

တတိယမြောက်ညတွင် ဖြစ်သည်။

ရဲရှောင် အိပ်ယာဘေးတွင် ထိုင်ရင်း မိန်းကလေး၏ သွေးကြောများအား စစ်ဆေးကြည့်လိုက်မိသည်။ ထိုအချိန်တွင် မိန်းကလေး၏ မျက်ခွံများ လှုပ်လာသည်ကို တွေ့လိုက်ရသည်။ မျက်လုံးများဖွင့်ရန် ကြိုးစားနေသည့်ပုံပင်။ မျက်ခွံအတွင်းမှ မျက်လုံးများ လှုပ်ရှားနေသော်လည်း မျက်လုံးများမူ မဖွင့်နိုင်သေးပေ။

“မင်းနိုးနေတာလား . . .”

ရဲရှောင် ခါးကိုညွတ်၍ နူးညံ့စွာ မေးလိုက်သည်။

မိန်းကလေး၏ မျက်ခွံများ အနည်းငယ် လှုပ်ခါလာပြီး နောက်ဆုံးတွင် မျက်လုံးပွင့်လာလေသည်။

ရဲရှောင်သည် သူမ၏ မျက်ဝန်းအလှတွင် နစ်မြောသွားသည်။

အလွန်လှပသော မျက်ဝန်းတစ်စုံ ပိုင်ဆိုင်ထားသည့် မိန်းကလေး တစ်ဦးပင် ဖြစ်သည်။

ထိုမျက်လုံးများသည် ကြည်လင်၍ သမုဒ္ဒရာကြီးကဲ့သို့ နက်ရှိုင်းသော အသွင်လည်း ဆောင်လျက်ရှိသည်။ ထို့ပြင် လွန်စွာ အသက်ဝင်၍ စွဲဆောင်မှု ရှိလှပြီး သူမ၏ အကြည့်တစ်ချက်ကြောင့် လူတိုင်း မူးမေ့သွားပေလိမ့်မည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now