Chapter (408)"ကောင်းကင်အဆင့်နှစ်ပညာရှင်လော"

218 17 0
                                    


Chapter (408)
“ကောင်းကင်အဆင့်နှစ်ပညာရှင်လော”

အဘိုးကြီးနှစ်ယောက်သည် ဖန်ဧကရာဇ် ရန်သူရှိရာသို့ ပြေးဝင်သွားသည်ကို တွေ့သောအခါ မကြာမီအချိန်တွင်း ဖန်ဇီလင်တစ်ယောက် ဒဏ်ရာဗရပွဖြင့် မြေပြင်ပေါ် ပြန်ပြုတ်ကျလာလိမ့်မည်ဟု တွေးမိလိုက်ကြသည်။

“အာ . . . ဖန်ဇီလင်ရဲ့ မျက်နှာကို မဖျက်ဆီးမိစေနဲ့လို့ သတိပေးရမှာ မေ့သွားပြီ။ ငါတို့ ဖန်ဇီလင် အစစ်ဆိုတာကို သက်သေပြဖို့ လိုတယ်လေ . . .”

ဂျိမိန်ဇန်မှ အေးစက်စက်ပြုံးလျက် ပြောလိုက်သည်။

သို့သော်လည်း သူထိုသို့ ပြောပြီးသည့် အချိန်မှာပင် သူ့မျက်နှာပေါ်မှ အပြုံးသည်လည်း ပျောက်ကွယ်သွားလေ၏။

တခဏအကြာတွင် မျက်လုံးများ ပြူးထွက်လာပြီး မျက်မှောင်ကြုတ်သွားသည်။

သူကြည့်နေသည့် အချိန်မှာပင် ဖန်ဇီလင်သည် ရုတ်တရက် အရှိန်တင်လိုက်ပြီး ဝုဖိုင်ရှိရာသို့ တဟုန်ထိုး ပြေးသွား၏။

“ရွှစ် . . .”

ဖန်ဇီလင်သည် အနက်ရောင်လေပွေ တစ်ခုကဲ့သို့ ဖြစ်သွားလေသည်။

လေထဲတွင် ရှိနေသည့် ဝုဖိုင်သည် ဖန်ဇီလင် ရှိရာသို့ ဆင်းသက်လာပြီ ဖြစ်သည်။

ဓားမှ ကြာပန်းကဲ့သို့ ဖြာထွက်နေသည့် အလင်းတန်းများသည် ပိုမို စူးရှလာလေသည်။

ထိုအချိန် ဓားခုတ်သံများ ကြားလိုက်ရပြီး ထိုနေရာတဝိုက် လေပြင်းများ တိုက်ခတ်ကုန်၏။

ထိုအချိန် အပြာရောင်အလင်းတန်းတစ်ခု လင်းလက်လာပြီး အနက်ရောင်လေပွေကဲ့သို့ ဖြစ်နေသည့် ဖန်ဇီလင်သည် အနက်ရောင်လျှပ်စီး လက်လိုက်သကဲ့သို့ ဓားအလင်းတန်းများ ထွက်ပေါ်ရာသို့ တိုးဝင်သွားလေ၏။

ထိုအချိန် ဖန်ဇီလင်သည် ပို၍မြန်မြန် လှုပ်ရှားနေပြီး လူက ရောက်သွားသည့် အချိန်တွင် အပြင်ဘက်၌ အရိပ်သာ ကျန်နေခဲ့သည်။

ကြာပန်းကဲ့သို့ အလင်းတန်း၏ အလယ်တွင် ကြာပန်းဝတ်ဆံ ရှိနေ၏။ ထိုနေရာသည် စွမ်းအင် အသိပ်သည်းဆုံး နေရာဖြစ်သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now